နေ့စဥ်သတင်း

မူဆယ်တွင် လူကုန်ကူးခံရသည့် ပအိုဝ်းတိုင်းရင်းသူ များအနက် ၂ ဦး ထပ်မံ လွတ်မြောက်

မဲခေါင် 11 Jun - 2026
မဲခေါင်၊ ဇွန် ၁၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ဒေသတွင် လူကုန်ကူးခံခဲ့ရသည့် ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာမှ ပအိုဝ်းတိုင်းရင်းသူများအနက် နောက်ထပ် အမျိုးသမီး၂ ဦး ဇွန် ၉ ရက်တွင် လွတ်မြောက်လာခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ယင်းအမျိုးသမီးများသည် အလုပ်အကိုင် ရရှိမည်ဟု ယုံကြည်ကာ မူဆယ်ဒေသသို့ သွားရောက်ခဲ့ကြရာမှ လူကုန်ကူးခံခဲ့ရခြင်း ဖြစ်ပြီး၊ ယခင်က ၁၀ ဦး လွတ်မြောက်ခဲ့ပြီးနောက် ယခု ၂ ဦး ထပ်မံလွတ်မြောက်လာခြင်း ဖြစ်သည်။ “အခု ၂ ယောက် ထပ်လွတ်လာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် ကျန်နေသေးတဲ့ ၂ ယောက်ကိုလည်း အမြန်ဆုံး ပြန်တွေ့စေချင်ပါတယ်။ လွတ်မြောက်လာတဲ့ ၂ ယောက်ကတော့ မနေ့ကပဲ

မဲခေါင်၊ ဇွန် ၁၁

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ဒေသတွင် လူကုန်ကူးခံခဲ့ရသည့် ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာမှ ပအိုဝ်းတိုင်းရင်းသူများအနက် နောက်ထပ် အမျိုးသမီး၂ ဦး ဇွန် ၉ ရက်တွင် လွတ်မြောက်လာခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယင်းအမျိုးသမီးများသည် အလုပ်အကိုင် ရရှိမည်ဟု ယုံကြည်ကာ မူဆယ်ဒေသသို့ သွားရောက်ခဲ့ကြရာမှ လူကုန်ကူးခံခဲ့ရခြင်း ဖြစ်ပြီး၊ ယခင်က ၁၀ ဦး လွတ်မြောက်ခဲ့ပြီးနောက် ယခု ၂ ဦး ထပ်မံလွတ်မြောက်လာခြင်း ဖြစ်သည်။

“အခု ၂ ယောက် ထပ်လွတ်လာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် ကျန်နေသေးတဲ့ ၂ ယောက်ကိုလည်း အမြန်ဆုံး ပြန်တွေ့စေချင်ပါတယ်။ လွတ်မြောက်လာတဲ့ ၂ ယောက်ကတော့ မနေ့ကပဲ ရွာကို ပြန်ရောက်လာပါတယ်။ မိသားစုဝင်တွေကတော့ နေ့တိုင်း စိုးရိမ်ပူပန်နေရဆဲပါ” ဟု လူကုန်ကူးခံရသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျန်ရှိနေသည့် အမျိုးသမီး ၂ ဦးနှင့် ပတ်သက်၍ မိသားစုဝင်များက အဆက်အသွယ် ရရှိရန်နှင့် ဘေးကင်းစွာ ပြန်လည် လွတ်မြောက်လာရေးအတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဟုဆိုကာ နယ်စပ်ဒေသများသို့ သွားရောက်မည့်သူများအနေဖြင့် ပိုမိုသတိထားကြရန် ဒေသခံများကလည်း တိုက်တွန်းထားသည်။

“အလုပ်အကိုင် ရမယ်ဆိုပြီး သွားကြရာကနေ လူကုန်ကူးခံရတာ ဖြစ်လို့ တခြားဒေသခံတွေလည်း အလားတူမဖြစ်အောင် ပိုပြီး သတိထားဖို့လိုပါတယ်” ဟု ပင်လောင်းဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအဖွဲ့များက ကျန်ရှိနေသည့် အမျိုးသမီး ၂ ဦးကို အမြန်ဆုံး ကယ်တင်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

လူကုန်ကူးခံရသည့် အမျိုးသမီးငယ် ၁၄ ဦးသည် ပြီးခဲ့သည့် မတ်လအတွင်း မူဆယ်သို့ အလုပ်လုပ်ရန် သွားရောက်ခဲ့ကြရာမှ အလုပ်မရရှိဘဲ ဂိုထောင်တစ်ခုအတွင်း ပိတ်လှောင်ခံထားရပြီး တရုတ်ဇနီးအဖြစ် ရောင်းစားခံရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ယင်းအခြေအနေကို သိရှိပြီးနောက် ယင်းအထဲမှ ၁၀ ဦးမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး ယခု နောက်ထပ် ၂ ဦးပါ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#မူဆယ်
#လူကုန်ကူး
#ပအိုဝ်းတိုင်းရင်းသူ
#လွတ်မြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now