နေ့စဥ်သတင်း

တော်လှန်ရေးသမား ၄၀ ဦး လက်နက်နှင့်အတူ အလင်းဝင်ဟု စစ်ကောင်စီ ထုတ်ပြန်မှု ဝါဒဖြန့်ခြင်းသာဖြစ်ဟု တုံ့ပြန်

မဲခေါင် 9 Jun - 2026
မဲခေါင်၊ ဇွန် ၉ ရှမ်းပြည်တောင်ပိုင်းမှ တော်လှန်ရေးတပ်များဖြစ်သည့် PNLO၊ DPLA၊ KNDF နှင့် ရှမ်းတောင် PDF များမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ဦးလက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်လာမှုအပေါ် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများက သတင်းအတု၊ ဝါဒဖြန့်မှုသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ကြသည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယမန်နေ့ ဇွန်လ ၈ ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO အဖွဲ့ဝင် ၇ ဦး၊ ဖယ်ခုံ PDF ၇ ဦး၊ မိုးဗြဲ PDF ၂ ဦး၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA ၁၂ ဦး၊

မဲခေါင်၊ ဇွန် ၉

ရှမ်းပြည်တောင်ပိုင်းမှ တော်လှန်ရေးတပ်များဖြစ်သည့် PNLO၊ DPLA၊ KNDF နှင့် ရှမ်းတောင် PDF များမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ဦးလက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်လာမှုအပေါ် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများက သတင်းအတု၊ ဝါဒဖြန့်မှုသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ကြသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ယမန်နေ့ ဇွန်လ ၈ ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO အဖွဲ့ဝင် ၇ ဦး၊ ဖယ်ခုံ PDF ၇ ဦး၊ မိုးဗြဲ PDF ၂ ဦး၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA ၁၂ ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ၇ ဦး၊ ရှမ်းတောင် PDF ၁ ဦးနှင့် ကျောက်ဆည် PDF ၄ ဦး၊ စုစုပေါင်း ၄၀ ဦးတို့သည် M-16 ၄ လက်၊ M-22 ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်အပါအဝင် သေနတ် ၅ လက်၊ ကျည်အိမ်နှင့် ကျည်မျိုးစုံ ၁၆၁ တောင့်တို့နှင့်အတူ အလင်းဝင်လာသဖြင့် စုစုပေါင်း ဆုကြေးငွေ ကျပ် ၃၃၅ သိန်း ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းဝါဒဖြန့်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF – အမှတ် ၁၀၀၉ တပ်ရင်း) မှ တပ်ရေး အင်းသွေးနီက လူထုကို လှည့်စားရန် လုပ်ဆောင်သည့် သတင်းအတုသာ ဖြစ်ကြောင်း ချေပပြောဆိုသည်။

“ထုံးစံအတိုင်း လူထုကို လှည့်စားဖို့၊ တော်လှန်ရေးတပ်တွေကြား သွေးထိုးဖို့လုပ်တဲ့ အတုတွေပါ။ သူတို့ ဒီလိုသတင်းထုတ်တိုင်း ကျနော်တို့ကတော့ လှောင်ရယ် ရယ်ကြတာပဲ။ စစ်ကောင်စီက ဆေးသမားတွေ၊ အရပ်သားပြည်သူတွေကို ထင်ရင်ထင်သလို လိုက်ဖမ်းနေတဲ့အချိန်မှာ ပျူစောထီးနဲ့ ဒလန်တွေက ပိုက်ဆံမက်လုံးကြောင့် အနံ့ခံနေကြတာ။ တော်လှန်ပြည်သူတွေအနေနဲ့ သတိနဲ့သတ္တိကို လက်ကိုင်ထားပြီး သူတို့ရဲ့ မတရားမှုတွေကို မှတ်တမ်းတင် သတင်းပေးပို့ကြဖို့နဲ့ ထိုက်တန်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်ကြဖို့ လေးနက်စွာ ပြောချင်ပါတယ်” ဟု ဆိုသည်။

အလားတူ PNLO မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကလည်း ၎င်းတို့တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း လုံးဝမရှိကြောင်းနှင့် အရပ်သားများကို ဖမ်းဆီးကာ အတင်းအဓမ္မ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း မဲခေါင်သို့ ပြောကြားသည်။

“ဒီအခုတလော ဖြစ်စဉ်တွေမှာ ကျွန်တော်တို့ တပ်ဖွဲ့မှာ အဲလိုမျိုး လက်နက်သွားချတယ် ဘာညာဆိုတာတော့ မရှိပါဘူးဗျ။ ဒါကတော့ သူတို့က အချို့ပြည်သူတွေကို ကျွန်တော်တို့တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီးတော့ ဖမ်းဆီးပြီးတော့မှ လက်နက်ချတယ်ဆိုတဲ့ ဝါဒဖြန့်ချိမှုမျိုး လုပ်တာပါ။ ဒါက သူတို့ လုပ်နေကျ ပုံစံပါပဲ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ထံ အလင်းဝင်သည်ဆိုသူများမှာ ပင်းတယ၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံ၊ လွိုင်ကော်၊ မောက်မယ်၊ ဆီဆိုင်၊ ကျောက်ဆည်၊ ဒီးမော့ဆို မြို့နယ်များနှင့် ရန်ကုန်၊ မန္တလေးတိုင်းတို့မှ အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၄၀ ဦး ဖြစ်ကြောင်း သိရသည်။

#MeKongNews
#စစ်ကောင်စီ
#ဝါဒဖြန့်
#အလင်းဝင်
#ခွန်ရိန်းယံ
#အင်းသွေးနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now