နေ့စဥ်သတင်း

ထိုင်းတွင် ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာ ၁၄၅ ဦး မယ်ဆိုင်မှတစ်ဆင့် တာချီလိတ်သို့ ပြန်ပို့

မဲခေါင် 12 May - 2026
မဲခေါင်၊ မေ ၁၂ ထိုင်းနိုင်ငံ၊ ဖစ်စနူလို့ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၄၅ ဦးကို ယမန်နေ့ မေ ၁၁ ရက် ညပိုင်းတွင် မယ်ဆိုင်မှတစ်ဆင့် တာချီလိတ်မြို့သို့ ပြန်ပို့‌ပေးခဲ့ကြောင်း သိရသည်။ ယင်းမြန်မာနိုင်ငံသားများမှာ မေ ၈ ရက်က ထိုင်းနိုင်ငံ၊ ဖရွန်ဖိရမ်ဒေသ အမှတ် (၁၁) အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကား ၁၀ စီးဖြင့် ခေါ်ဆောင်လာစဉ် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုအတွင်း ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။ ထိုစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ကားများမှာ လမ်းကြောင်းပြောင်းကာ လမ်းဘေးတောနှင့် လယ်ကွင်းများအတွင်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ညလုံးပေါက် လိုက်လံရှာဖွေခဲ့ပြီး

မဲခေါင်၊ မေ ၁၂

ထိုင်းနိုင်ငံ၊ ဖစ်စနူလို့ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၄၅ ဦးကို ယမန်နေ့ မေ ၁၁ ရက် ညပိုင်းတွင် မယ်ဆိုင်မှတစ်ဆင့် တာချီလိတ်မြို့သို့ ပြန်ပို့‌ပေးခဲ့ကြောင်း သိရသည်။

ယင်းမြန်မာနိုင်ငံသားများမှာ မေ ၈ ရက်က ထိုင်းနိုင်ငံ၊ ဖရွန်ဖိရမ်ဒေသ အမှတ် (၁၁) အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကား ၁၀ စီးဖြင့် ခေါ်ဆောင်လာစဉ် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုအတွင်း ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။

ထိုစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ကားများမှာ လမ်းကြောင်းပြောင်းကာ လမ်းဘေးတောနှင့် လယ်ကွင်းများအတွင်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ညလုံးပေါက် လိုက်လံရှာဖွေခဲ့ပြီး ပစ်ကပ်ကား ၁၀ စီးနှင့်အတူ အနီးတဝိုက် တောအတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၁၄၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးခံရသူများအား စစ်ဆေးရာတွင် အသက် ၁၈ နှစ်မှ ၂၃ နှစ်အရွယ် လူငယ်များဖြစ်ပြီး နိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့် စာရွက်စာတမ်းများ မပါရှိကြောင်း သိရသည်။

ယင်းနောက် ဖမ်းဆီးခံရသူများကို ယမန်​နေ့ညပိုင်းတွင် မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်ဘက်သို့ ပြန်လည် လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည် လွတ်မြောက်နိုင်ရန်.ဖမ်းဆီးခံရသူတစ်ဦးလျှင် ဘတ်ငွေ ၂ ထောင် ကုန်ကျခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဖမ်းဆီးခံရသူ အကုန်လုံးက ပွဲစားနဲ့လာသူတွေ ဖြစ်တယ်။ ပွဲစားက မတူပေမယ့် လာတဲ့လမ်းကြောင်းက တူတူပါပဲ၊ တချို့က ပွဲစားက တာဝန်ယူဖြေရှင်းပေးတယ်။ တချို့က မိမိကိုယ်ကိုနဲ့ တစ်ခြားပွဲစားနဲ့ ပြန်ပြောင်းပြီး ပြန်ဖြေရှင်းရတယ်။ ကံကောင်းလို့ ပွဲစားတွေရဲ့ ပြန်လည်ဖြေရှင်းပေးလို့ ပြန်လွတ်တာဖြစ်တယ်”ဟု အဖမ်းခံရမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းဖမ်းဆီးခံခဲ့ရသူများသည် ဘန်ကောက်နှင့် ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများအား တစ်ဦးလျှင် ဘတ် ၂ သောင်းမှ ၄ သောင်းအထိ ပေးခဲ့ကြရကြောင်းလည်း သိရသည်။

ယင်းဖမ်းဆီးခံရသူများအနက် အများစုမှာ ပအိုဝ်းတိုင်းရင်းသား ၈၀ ကျော် ပါဝင်ပြီး၊ အင်းသား၊ ဓနု၊ တောင်ရိုး၊ ရှမ်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းမှ ဒေသခံများလည်း ပါဝင်ကြောင်း သိရသည်။

#MeKongNews
#ထိုင်း
#ဖမ်းဆီးခံရ
#တရားမဝင်
#မြန်မာ
#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now