မဲခေါင်၊ မေ ၆
အီရန်နိုင်ငံမြို့တော် တီဟီရန်အနောက်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ IRIB သတင်းက တင်ပြသည်။
အန်ဒီရှေးမြို့မှ အာဂါဗန်ဈေးဝယ်စင်တာ မီးလောင်မှုတွင် အဆောက်အအုံ ပြင်ပအကာအရံသည် မီးလောင်လွယ်သော ပစ္စည်းများ ဖြစ်သောကြောင့် မီးကူးစက်မှု မြန်ဆန်ခဲ့ကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့ကို ကိုးကား၍ အီရန်တရားရေးဌာန၏ မီဇန်သတင်းဌာနက ပြောကြားသည်။
မီးလောင်သောနေရာမှ မီးခိုးလုံးများ ပေါ်ထွက်နေသော ဗီဒီယိုတစ်ခုကို မီဇန်အပါအဝင် အီရန် မီဒီယာများက ဖော်ပြကြသည်။
အဆောက်အဦးတစ်ခုလုံး မီးစွဲလောင်နေသည်ကို အစိုးရ၏ IRNA သတင်းဌာနနှင့် အခြားအီရန် သတင်းဌာနများက မျှဝေထားသော ဗီဒီယိုတွင် မြင်တွေ့ရသည်။
တနင်္လာနေ့က အပြန်အလှန် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့၍ အပစ်ရပ်ကြရန် အမေရိကန်နှင့် အီရန်အပေါ် ဖိအားများ ထပ်မံဖြစ်ပေါ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
မီးလောင်ခဲ့သော အဆောက်အဦးအား တည်ဆောက်ခဲ့သူနှင့် မီးလောင်မှုအတွက် တာဝန်ရှိသူများအား ဖော်ထုတ်ဖမ်းဆီးရန် အာဏာပိုင်များက အမိန့်ထုတ်လိုက်ကြောင်း အီရန်အစိုးရ ရေဒီယိုသတင်းဌာန IRIB က ပြောကြားသည်။
အေးကျော်
Tef:Reuters/ Al Jazeer
#MeKongNews
#အီရန်
#ဈေးဝယ်စင်တာ
#မီးလောင်မှု
#သေဆုံး








