နေ့စဥ်သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်ကို TNLA ကြိုဆို၊ အပစ်ခတ်ရပ်စဲရေး ကတိကဝတ် ဆက်လက် ထိန်းသိမ်းရန် မျှော်လင့်ဟုဆို

မဲခေါင် 16 Apr - 2026
မဲခေါင်၊ ဧပြီ ၁၆ စစ်ကောင်စီ ရွေးကောက်ပွဲမှ သမ္မတဖြစ်လာသည့် ဦးမင်းအောင်လှိုင်ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်ဟု တအာင်းတပ်ဖွဲ့ – TNLA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ထို့ပြင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်အနေဖြင့် အပစ်ခတ်ရပ်စဲရေးကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာရန် မျှော်လင့်သည်ဟုလည်း TNLA ထုတ်ပြန်ချက်တွင် ပြောသည်။ TNLA သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက် မှတစ်ဆင့် (၉) ကြိမ်မြောက်ဆွေးနွေးပွဲတွင် စစ်ကောင်စီတပ်နှင့် ၂ ဖက် အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ ထို့ကြောင့် TNLA

မဲခေါင်၊ ဧပြီ ၁၆

စစ်ကောင်စီ ရွေးကောက်ပွဲမှ သမ္မတဖြစ်လာသည့် ဦးမင်းအောင်လှိုင်ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်ဟု တအာင်းတပ်ဖွဲ့ – TNLA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်အနေဖြင့် အပစ်ခတ်ရပ်စဲရေးကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာရန် မျှော်လင့်သည်ဟုလည်း TNLA ထုတ်ပြန်ချက်တွင် ပြောသည်။

TNLA သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက် မှတစ်ဆင့် (၉) ကြိမ်မြောက်ဆွေးနွေးပွဲတွင် စစ်ကောင်စီတပ်နှင့် ၂ ဖက် အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

ထို့ကြောင့် TNLA အနေဖြင့် စစ်တပ်၊ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်နှင့်လည်း အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် အာဏာသိမ်း ခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခြင်းသည် ရှေ့နောက်မညီသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ရှမ်းမြောက် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်ကို ကြိုဆိုတဲ့ စာပို့လိုက်တော့ ကျနော်တို့ တော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ စိတ်မကောင်းဖြစ်တာ ခံစားချက်ဖြစ်တာတော့ ပြောစရာတောင် မလိုပါဘူး။ အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆိုတဲ့ တော်လှန်ရေးခရီးမှာ သွေးကြွေးမှာ ဆွေးနွေးစရာမရှိလို့တောင် ခံယူကြတာလေ” ဟု ၎င်းက ဆိုသည်။

သို့သော် TNLA တွင်လည်း ဖိအားများ ရှိနေနိုင်သည်ကို ထည့်တွက်ရမည်ဖြစ်ကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးက ထောက်ပြသည်။

“အပစ်ခတ်ရပ်စဲရေး ကတိကဝတ်ကို ထိန်သိမ်းဖို့ အထူးမျှော်လင့်တယ်ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေတာလဲ ဘာတွေရှိသေးလဲ၊ ဘယ်ဖိအားက ဘယ်လောက်ရှိနေလို့ ဒီလို သဝဏ်လွှာတွေကို ပို့နေရသလဲဆိုတာကို ကြည့်နိုင်ဖို့လည်း လိုပါတယ်။ ကိုယ်ဝမ်းနာ ကိုယ်သာသိဆိုသလိုပဲ ကိုယ်ချင်းစာနိုင်ဖို့ သူ့အရပ်သူ့ဇာတ်တော့ ထည့်တွက်ရမှာပေါ့။ ဇွဲကြီးသူတွေသာ နောက်ဆုံး အောင်ပွဲဆင်မှာပါလို့ပဲ ပြောချင်တယ်” ဟု ၎င်းက TNLA ၏ သဝဏ်လွှာ ပေးပို့မှုနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ဧပြီပထမပတ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စစ်ကောင်စီ ရွေးကောက်ပွဲမှ အမတ်ဖြစ်လာသူများက သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။

အာဏာသိမ်းပြီး သမ္မတဖြစ်လာသည့် ဦးမင်းအောင်လှိုင်ကို တရုတ် – မြန်မာနယ်စပ်အခြေစိုက် အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် UWSA-“ဝ”တပ်ဖွဲ့ နှင့် NDAA – မိုင်းလားတပ်ဖွဲ့တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

#MeKongNews
#သမ္မတ
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#TNLA
#ကြိုဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now