နေ့စဥ်သတင်း

တောင်ကြီး ဆီဆိုင်များ စက်သုံးဆီ မှောင်ခိုထုတ်နေဟု ဝယ်သူများ စွပ်စွဲဝေဖန်

မဲခေါင် 24 Mar - 2026
မဲခေါင်၊ မတ် ၂၄ လောင်စာဆီ အကျပ်အတည်း ကြုံတွေ့နေရချိန် ယခုကာလအတွင်း စက်သုံးဆီ အရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဝယ်ယူရသော်လည်း ပြင်ပတွင်မူ လိုသလောက် ဝယ်ယူရရှိနေခြင်းမှာ ဆိုင်ကြီးများမှ မှောင်ခို ထုတ်ရောင်းနေခြင်းကြောင့်ဟု ဝယ်သူများက စွပ်စွဲဝေဖန်မှုများ ရှိနေကြောင်း တောင်ကြီး ဒေသခံများထံမှ သိရသည်။ ဆီအရောင်းဆိုင်ကြီးများတွင် အချိန်တစ်ခုအတွင်းသာ ကန့်သတ်ရောင်းချခြင်း၊ အရေအတွက် အကန့်အသတ်အရသာ ရောင်းချသည် ဆိုနေကြသော်လည်း အပြင်ဆိုင်များတွင်မူ အချိန်၊ အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူရရှိနေသည်မှာ ဆိုင်ကြီးများက ထုတ်ရောင်းနေသဖြင့် ယင်းကဲ့သို့ ပြင်ပစျေးနှင့် ရောင်းနေနိုင်ကြခြင်းဖြစ်သည်ဟု စွပ်စွဲနေကြခြင်းဖြစ်သည်။ “ဆီဆိုင်မှာက ၄ သောင်း ဖိုးပဲ၊ ဒါလည်း ဆိုင်က သတ်မှတ်ချိန်ပဲ ရောင်းပေးတာ၊ အပြင်မှာက

မဲခေါင်၊ မတ် ၂၄

လောင်စာဆီ အကျပ်အတည်း ကြုံတွေ့နေရချိန် ယခုကာလအတွင်း စက်သုံးဆီ အရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဝယ်ယူရသော်လည်း ပြင်ပတွင်မူ လိုသလောက် ဝယ်ယူရရှိနေခြင်းမှာ ဆိုင်ကြီးများမှ မှောင်ခို ထုတ်ရောင်းနေခြင်းကြောင့်ဟု ဝယ်သူများက စွပ်စွဲဝေဖန်မှုများ ရှိနေကြောင်း တောင်ကြီး ဒေသခံများထံမှ သိရသည်။

ဆီအရောင်းဆိုင်ကြီးများတွင် အချိန်တစ်ခုအတွင်းသာ ကန့်သတ်ရောင်းချခြင်း၊ အရေအတွက် အကန့်အသတ်အရသာ ရောင်းချသည် ဆိုနေကြသော်လည်း အပြင်ဆိုင်များတွင်မူ အချိန်၊ အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူရရှိနေသည်မှာ ဆိုင်ကြီးများက ထုတ်ရောင်းနေသဖြင့် ယင်းကဲ့သို့ ပြင်ပစျေးနှင့် ရောင်းနေနိုင်ကြခြင်းဖြစ်သည်ဟု စွပ်စွဲနေကြခြင်းဖြစ်သည်။

“ဆီဆိုင်မှာက ၄ သောင်း ဖိုးပဲ၊ ဒါလည်း ဆိုင်က သတ်မှတ်ချိန်ပဲ ရောင်းပေးတာ၊ အပြင်မှာက ဘာကန့်သတ်ချက်မှ မရှိဘူး။ သူတို့ရောင်းတဲ့ စျေးအတိုင်းဆို လာထား ဘယ်လောက် ယူမလဲ ဆိုတော့ ဒီလို ရောင်းနိုင်အောင် ဘယ်သူက ရောင်းပေးနေတာလဲ၊ ခုလို ပြောရတာ လိုင်စင်မဲ့တွေ မရတော့မှာလည်း စိုးရတယ်။ သူတို့က ပြင်ပမှာပဲ ဝယ်နေရတာလေ၊ စီမံခန့်ခွဲမှု အလွဲတွေက ဆီဆိုင်တွေ ပိုချမ်းသာဖို့ ဖြစ်လာနေတာ” ဟု တောင်ကြီးရှိ ကားပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းပြောဆိုမှု မှန်ကြောင်း စက်သုံးဆီလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဖွင့်ဟပြောဆိုသည်။

ဆိုင်ကြီးတွေက တစ်ရက်ကို ဂါလံ ၄၀၀၀ ရောင်းရမယ်ဆိုရင် ၃၀၀၀ ပဲရောင်းတာ၊ ပန့်တွေမှာ ဆီပန့် ကျွမ်းကျင်သူတွေကို ငွေပေးပြီး ပြင်ထားပြီးသား၊ တစ်လီတာဆိုပေမယ့် တစ်လီတာမပြည့်ဘူး၊ ဒဿမနဲ့လျှော့ထားတာ၊ အဲတော့ အပိုထွက်လာတဲ့ဆီက ပြင်ပစျေးနဲ့ လက်ခွဲတွေကို ပြန်ဖြန့်ပေးနေတာပေါ့”ဟု ၎င်းက ဆိုသည်။

တစ်ဂါလံတွင် ၄ ဒသမ ၅ လီတာ ရှိရမည်ဟု သတ်မှတ်သော်လည်း ပြုပြင်ထားသည့်ပန့်အနေဖြင့် ၄ ဒဿမ ၂ လီတာခန့် ပြုပြင် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြင်ပတွင်လည်း ၅ ဂါလံဆန့်ဟု ယေဘုယျသိထားသည့် ပုံးအဝါများမှာလည်း ပုံမှန် ၂၂ လီတာ ဆန့်အစား ၁၈ လီတာဆန့်၊ ၂၀ လီတာဆန့်များအဖြစ် ပြုပြင်ထားသည့် ပုံးများဖြင့် အရောင်းအဝယ် ပြုနေကြခြင်း ဖြစ်သည်ဟု သိရသည်။

တောင်ကြီး ဆီဆိုင်များတွင် တစ်လီတာစျေး 92 Ron ၃၇၃၅ ကျပ် 95 Ron ၃၉၇၅ ကျပ်ရှိနေကာ ကားတစ်စီး ကျပ် ၄ သောင်းဖိုး (၁၀လီတာကျော် ) သာရရှိသော်လည်း ပြင်ပတွင်မူ 92 Ron တစ်လီတာကို ၈ ထောင်ကျပ်ဖြင့် ယနေ့ မတ်၂၄ ရက်တွင် လိုလောက် ဝယ်ယူရရှိနေသေးကြောင်း သိရသည်။

“ဆီဆိုင်ကြီးတွေက ခဏပဲ အဖွင့်ပြတာ၊ မှတ်တမ်းအထွက်ပဲ၊ ဆီကရှိတယ်၊ ခွဲတမ်းအကြောင်းပြ မရောင်း ပေးတာ”ဟု တောင်ကြီး မင်္ဂလာဦးရပ် နေသူတစ်ဦးက ပြောသည်။

ယင်းသို့ စက်သုံးဆီ အကျပ်အတည်းကြောင့် ပြင်ပဆီဖြင့် ပြေးဆွဲမှု မကိုက်သဖြင့် တောင်ကြီး – မိုင်းဆန် ကားလိုင်းများ မထွက်နိုင်ကြတော့ဟု ယာဥ်လိုင်းများထံမှ သိရသည်။

“ဆီတစ်လီတာ မိုင်းဆတ်ဘက်မှာ ၈၀၀၀ ဝယ်ထည့်ရတယ်၊ နမ့်စန်လောက်မှာ ဆီပန့်စျေးဝယ်ရရင် တော်သေးပေမယ့် ခုက မရတော့ ပြင်ပစျေးပဲ ဝယ်ထည့်ရတော့ မကိုက်တော့ဘူး။ ရပ်ထားရပြီ ‘ဟု ယာဥ်မောင်း တစ်ဦးက ပြောသည်။

ရှမ်းအရှေ့ တာချီလိတ်တွင် ဓာတ်ဆီ တစ်လီတာ ၄၈ ဘတ်၊ ဒီဇယ် ၆၀ ဘတ်၊ ကျိုင်းတုံတွင် ဓာတ်ဆီ ၆၇၀၀ ကျပ်၊ မိုင်းဆတ်၊ မိုင်းတုံတွင် ဓာတ်ဆီ ၈ ထောင်ကျပ်၊ ဒီဇယ် ၉ ထောင်ကျပ် ဈေးရှိနေသည်။

ရှမ်းမြောက်၊ မူဆယ်တွင် ဓာတ်ဆီ ပြင်ပပေါက်ဈေး တစ်လီတာ ၁၆၀၀၀ ကျပ်ရှိနေပြီး နမ့်တောင်းတွင် ၉၈၀၀ ကျပ်ရှိနေကာ သိန္နီတွင် တစ်လီတာ ၈၅၀၀ ကျပ်၊ ကျောက်မဲနှင့် သီပေါတွင် တစ်သောင်းကျပ်နှင့် နမ့်လန်တွင် ၁၂၀၀၀ ကျပ်ရှိနေသည်။

“လားရှိုးမြို့ပေါ်မှာ တစ်လီတာ ၅၉၀၀ နှုန်းနဲ့ ကားတစီး ၅ သောင်းဖိုး၊ ဆိုင်ကယ်တစ်စီး တသောင်းဖိုး ပေးတယ်။ စုံရယ် မရယ်လို့ မတွေ့ရဘူး။ မြို့ပြင်မှာတော့ တစ်လီတာ ၇ ထောင်ရှိတယ်” ဟု လားရှိုး ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိစက်သုံးဆီ အခက်မှာ ပြည်သူများအတွက်သာ ဖြစ်ပြီး ဆီလုပ်ငန်းရှင်များအတွက် မဟုတ်ဘဲ ပိုမိုချမ်းသာစေရန်သာ ဖြစ်နေကြောင်း လူထုက ဝေဖန်လျက်ရှိသည်။

#MeKongNews
#တောင်ကြီး
#ဆီဆိုင်များ
#စက်သုံးဆီ
#မှောင်ခိုထုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now