နေ့စဥ်သတင်း

အီရန် နျူစခန်းများမှ ယူရေနီယံများရယူရန် ကွန်မန်ဒိုများ စေလွှတ်ရေး ထရမ့် တွက်ဆနေ

မဲခေါင် 10 Mar - 2026
မဲခေါင်၊ မတ် ၁၀ အမေရိကန်နှင့် အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုများ အီရန်အပေါ် တစ်ပတ်ကျော်ကြာ အဆက်မပြတ် တိုက်ခိုက်မှုအတွင်း အီရန်အာဏာရှင်များ ချေမှုန်းခံရပြီးဖြစ်သော်လည်း နျူကလီးယားဘန်ကာများအောက်တွင် ရှိနေသေးသော ယူရေနီယံများကို ပြန်လည်ရယူရန် အီရန်က ကြိုးစားနေချိန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကလည်း ယူရေနီယံများ ရယူရေး အထူးကွန်မန်ဒိုများကို မြေပြင်စစ်ဆင်ရေး စေလွှတ်ရန် တွက်ဆနေကြောင်း သိရသည်။ ယမန်နှစ်က ၁၂ ရက် စစ်ပွဲအတွင်း အမေရိကန် B -2 ဗုံးကြဲလေယာဉ်များဖြင့် အီရန်၏ အရေးအပါဆုံး နျူကလီးယားစခန်းများ ဖြစ်သော အစ္စဖာဟန်၊ နာတန့်ဇ် နှင့် ဖော်ဒေါင်း နေရာများသို့ မြေအောက်ဘန်ကာခွင်းဗုံးများ ကြဲချဖျက်ဆီးခဲ့သည်။ သို့သော် မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံများတွင် အီရန်သည်

မဲခေါင်၊ မတ် ၁၀

အမေရိကန်နှင့် အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုများ အီရန်အပေါ် တစ်ပတ်ကျော်ကြာ အဆက်မပြတ် တိုက်ခိုက်မှုအတွင်း အီရန်အာဏာရှင်များ ချေမှုန်းခံရပြီးဖြစ်သော်လည်း နျူကလီးယားဘန်ကာများအောက်တွင် ရှိနေသေးသော ယူရေနီယံများကို ပြန်လည်ရယူရန် အီရန်က ကြိုးစားနေချိန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကလည်း ယူရေနီယံများ ရယူရေး အထူးကွန်မန်ဒိုများကို မြေပြင်စစ်ဆင်ရေး စေလွှတ်ရန် တွက်ဆနေကြောင်း သိရသည်။

ယမန်နှစ်က ၁၂ ရက် စစ်ပွဲအတွင်း အမေရိကန် B -2 ဗုံးကြဲလေယာဉ်များဖြင့် အီရန်၏ အရေးအပါဆုံး နျူကလီးယားစခန်းများ ဖြစ်သော အစ္စဖာဟန်၊ နာတန့်ဇ် နှင့် ဖော်ဒေါင်း နေရာများသို့ မြေအောက်ဘန်ကာခွင်းဗုံးများ ကြဲချဖျက်ဆီးခဲ့သည်။

သို့သော် မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံများတွင် အီရန်သည် ဖျက်ဆီးခံ နျူကလီးယားဆိုက်များကို ဖောက်မမြင်နိုင်စေသည့် အမိုးများဖြင့် ပြန်ဖုံးကွယ်နေကာ အဏုမြူဗုံးများထုတ်နိုင်စေမည့် ယူရေနီယံ အဆင့်မြှင့်တင်မှုများ ဆက်လက်လုပ်နေဖွယ်ရှိသည်ကို သတိပြုမိခဲ့ကြသည်။

CIA အပါအဝင် အမေရိကန်ထောက်လှမ်းရေးရင်း မြစ်များက အီရန် နျူကလီးယားဆိုက် အပျက်အစီးပုံများအောက်တွင် ၆၀ ရာခိုင်နှုန်းသန့်စင်ပြီးသော ယူရေနီယံ ၄၅၀ ကီလိုဂရမ်ရှိနေသေးကာ ထိုယူရေနီယံ အဆင့်ကို ၉၀ ရာခိုင်နှုန်းအထိ အဆင့်မြှင့်တင်မှု လုပ်ငန်းစဉ်သည် ရက် သတ္တပတ်အနည်းငယ်သာ အချိန်ယူရမည်ဖြစ်ကာ ထိုအဆင့်ရောက်လျှင် အီရန်သည် အဏုမြူဗုံး ၁၁ လုံး ထုတ်လုပ်ကာ ကမ္ဘာကို ဒုက္ခပေးနိုင်မည်ဟု ယုံကြည်နေကြသည်။

ထို့ကြောင့် ဒေါ်နယ်ထရမ့်က Air Force One လေယာဉ်ပေါ်မှတစ်ဆင့် မြေပြင်ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိသော အီရန်ကို နျူကလီးယားလက်နက်ပေးလိုက်ပါက အန္တရာယ်ကြီးသွားမည်ဖြစ်ခြင်းကြောင့် မည်သည့်အခါတွင်မှ နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့် မပြုနိုင်ကြောင်း၊ ချက်ချင်းမဟုတ်စေကာမူ မကြာမီ အမေရိကန် ထိပ်တန်းစစ်သည်များကို အီရန်နျူကလီးယားဆိုက်များသို့ စေလွှတ်မှုမျိုးရှိလာနိုင်ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် အီရန်အာဏာရှင်များ လက်ရှိတွင် စစ်ပွဲကြောင့် အသက်လုနေရချိန် ယူရေနီယံများကိုလည်း သယ်ထုတ်လိုနေကြောင်း၊ အမေရိကန်ဘက်မှ လုပ်ဆောင်နိုင်စရာ ၂ ခုမှာ ယင်းယူရေနီယံများကို သွားသယ်ယူမည်လား၊ သို့မဟုတ် လက်နက်အဆင့် မရောက်ရှိစေရန် ဖျက်ဆီးပစ်မည်လားဆိုသည့် ၂ လမ်းဖြစ်ကာ သမ္မတနှင့် CIA တို့၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သည်ဟု အမေရိကန်အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးကလည်း Axios မီဒီယာသို့ ပြောသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#နျူစခန်းများ
#ယူရေနီယံ
#ကွန်မန်ဒို
#စေလွှတ်ရေး
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now