နေ့စဥ်သတင်း

ကျားဖြန့်ကွန်ရက်ကြီးများကို နှိမ်နင်းဟု ဆိုစဉ် ထိုင်းဝန်ကြီးချုပ်နှင့် ကျားဖြန့် သံသယခေါင်းဆောင်တို့ အတူရှိသည့် ဓာတ်ပုံများ ပျံ့နှံ့လာ

မဲခေါင် 5 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၃ ရက်တွင် ကျားဖြန့်နှိမ်နင်းရေးစီမံချက်ကြီး၌ ဒေါ်လာသန်း ၃၀၀ ကျော်ဖိုး သိမ်းဆည်းမှုများ လုပ်နိုင်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်ကြေညာအပြီး နာရီပိုင်းအကြာမှာပင် ထိုင်းလူမှုကွန်ရက်များပေါ် ၎င်း၏ အဓိကကျားဖြန့်သံသယခေါင်းဆောင် တောင်အာဖရိကသား ဘန်ဂျမင်မူအာဘာဂါ (အများအခေါ် ဘန်စမစ်) တို့ အတူဓာတ်ပုံတွဲရိုက်ထားသည့် ဓာတ်ပုံများ၊ လက်ရှိ ထိုင်းဘဏ္ဍာရေးဝန်ကြီး အက်ခ်နီတီနှင့် ဘန်စမစ်တို့တွဲရိုက်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်များပေါ် ပျံနှံ့လာခဲ့သည်။ ထိုသို့ ဝေဖန်မှုများစွာ မြင့်တက်လာချိန် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော ရန်ဆီမန်ရုမ်းက ဖေ့စ်ဘုတ်တွင် “ဒီပုံတွေရဲ့ သဘောသဘာ၀က ဘန်စမစ်ဆိုတာ တို့ထိမရနိုင်သူလို့ ပြောစရာ ဖြစ်မနေဘူးလား” ဟု မေးခွန်းထုတ်ခဲ့သည်။ ရန်ဆီမန်ရုမ်းသည် ရရှိထားသော သတင်း

မဲခေါင်၊ ဒီဇင်ဘာ ၅

ဒီဇင်ဘာ ၃ ရက်တွင် ကျားဖြန့်နှိမ်နင်းရေးစီမံချက်ကြီး၌ ဒေါ်လာသန်း ၃၀၀ ကျော်ဖိုး သိမ်းဆည်းမှုများ လုပ်နိုင်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်ကြေညာအပြီး နာရီပိုင်းအကြာမှာပင် ထိုင်းလူမှုကွန်ရက်များပေါ် ၎င်း၏ အဓိကကျားဖြန့်သံသယခေါင်းဆောင် တောင်အာဖရိကသား ဘန်ဂျမင်မူအာဘာဂါ (အများအခေါ် ဘန်စမစ်) တို့ အတူဓာတ်ပုံတွဲရိုက်ထားသည့် ဓာတ်ပုံများ၊ လက်ရှိ ထိုင်းဘဏ္ဍာရေးဝန်ကြီး အက်ခ်နီတီနှင့် ဘန်စမစ်တို့တွဲရိုက်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်များပေါ် ပျံနှံ့လာခဲ့သည်။

ထိုသို့ ဝေဖန်မှုများစွာ မြင့်တက်လာချိန် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော ရန်ဆီမန်ရုမ်းက ဖေ့စ်ဘုတ်တွင် “ဒီပုံတွေရဲ့ သဘောသဘာ၀က ဘန်စမစ်ဆိုတာ တို့ထိမရနိုင်သူလို့ ပြောစရာ ဖြစ်မနေဘူးလား” ဟု မေးခွန်းထုတ်ခဲ့သည်။

ရန်ဆီမန်ရုမ်းသည် ရရှိထားသော သတင်း အချက်အလက်များအရ ဝန်ကြီးချုပ်အနုတင်နှင့်အတူ ဒုဝန်ကြီးချုပ်လည်းဖြစ် စိုက်ပျိုးရေးဝန်ကြီး လည်းဖြစ်သော သမ်မာနတ်ပရွမ်ပါအိုတို့သည် ကျားဖြန့်သံသယခေါင်းဆောင် ဘန်စမစ်နှင့် ချိတ်ဆက် ပတ်သက်နေမှုကြောင့် ရာထူးမှ နုတ်ထွက်ကြရန်လည်း ရဲရဲတောက် တောင်းဆိုသွားခဲ့သည်။

ထိုသို့ ဝေဖန်မှုမြင့်တက်လာချိန် အနုတင်က Channel 3 ရုပ်သံ၌ မိမိနှင့် ဘန်စမစ်တို့ တွေ့ဆုံခဲ့မှုမှာ ၂၀၁၄ ခုနှစ်က စင်ကာပူတွင်ပြုလုပ်သည့် အစည်းအဝေးပွဲတစ်ခုတွင်တွေ့သည်ပုံဖြစ်ကြောင်း၊ တခြား မည်သည့် ပတ်သက်မှုမှ မရှိကြောင်း ငြင်းဆိုသွားပြီး ဘဏ္ဍာရေးဝန်ကြီး အက်နီတီကလည်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့မှ ပြုလုပ်သည့် လွန်ခဲ့သည့် ၅ နှစ်က အစည်းအဝေးတွင် ဘန်စမစ်နှင့် တွေ့ခဲ့ခြင်းသာ ဖြစ်ကာ ထိုစဉ်က ပွဲတက်သူ ၆၀ နှင့် ၇၀ ကြားရှိပြီး လိပ်စာကတ်များ လဲလှယ်ခဲ့သော်လည်း နောက်ပိုင်း မည်သည့် အဆက်အသွယ်မှ မရှိခဲ့ဟု ငြင်းဆိုသွားခဲ့သည်။

ကိုကလင်း
Ref: Thai BPS
#MeKongNews
#ထိုင်းဝန်ကြီးချုပ်
#ကျားဖြန့်
#ရမ်ဆီမန်ရုမ်း
#အနုတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now