နေ့စဥ်သတင်း

ကက္ကူလမ်းခွဲ၌ ကုန်ကားနှင့် ဆိုင်ကယ်တိုက်မှု တစ်ဦးသေဆုံး

မဲခေါင် 5 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကက္ကူလမ်းခွဲတွင် ၆ ဘီးကုန်ကားနှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးကာ နောက်မှစီးသူ တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် လမ်းကွေ့လည်း ဖြစ်သောကြောင့် ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ “ကျွန်တော်တို့ ရောက်လာတော့ ဆိုင်ကယ်မောင်းသူက အသက် မရှိတော့ပါဘူး။ အဲဒီ လမ်းပေါ်မှာ ကား၊ ဆိုင်ကယ် မတော်တဆ ခဏခဏ ဖြစ်တယ်။ တောင်မရှည်ပေမယ့် ရုတ်တရက်

မဲခေါင်၊ ဒီဇင်ဘာ ၅

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကက္ကူလမ်းခွဲတွင် ၆ ဘီးကုန်ကားနှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးကာ နောက်မှစီးသူ တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် လမ်းကွေ့လည်း ဖြစ်သောကြောင့် ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

“ကျွန်တော်တို့ ရောက်လာတော့ ဆိုင်ကယ်မောင်းသူက အသက် မရှိတော့ပါဘူး။ အဲဒီ လမ်းပေါ်မှာ ကား၊ ဆိုင်ကယ် မတော်တဆ ခဏခဏ ဖြစ်တယ်။ တောင်မရှည်ပေမယ့် ရုတ်တရက် ကွေ့တယ်၊ အကွေ့က ကြီးတယ်။ ဒါကြောင့် လမ်းကောင်းတိုင်းလည်း သတိ၊ ဝိရိယထားဖို့လိုတယ်။ ဖြစ်လာရင် ကိုယ်ပဲခံရတာမလို့ ဂရုစိုက် မောင်းကြပါဗျ” ဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းသေဆုံးသူနှင့် ဒဏ်ရာရသူကို ကျောင်ထို၊ ထီရီး ‌ကြက်ခြေနီအဖွဲ့က စဝ်စံထွန်းဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းလမ်းပါ်တွင် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားပြီး ဒေသခံများနှင့် ကျေးရွာလူကြီးများက သတိပေးစာနှင့် အမှတ်အသားများ ပြုလုပ်ပေးရန် တောင်းဆိုသော်လည်း တာဝန်ရှိသူများက မလုပ်ပေးသေးကြောင်း ဒေသခံများက ဆိုသည်။

ယင်းနေရာ၌ ယခုနှစ်အတွင်း ကားနှင့် ဆိုင်ကယ် မတော်တဆမှု (၁၀) ကြိမ်ကျော် ရှိခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင်လည်း တောင်ကြီး – ကက္ကူလမ်းပေါ် ပင်စုံရွာအနီးတွင် ဆန်တင်ကား ဘရိတ်ပေါက် ပြီး ဆိုင်ကယ်တစ်စီးနှင့် ချိတ်မိ၍ တိမ်းမှောက်ခဲ့ကာ ဆိုင်ကယ်ပေါ်ပါသူ နှစ်ဦးနှင့် ဆန်ကားနောက်လိုက်တို့ စုစုပေါင်းသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သေးသည်။

#MeKongNews
#ကက္ကူလမ်းခွဲ
#တောင်ကြီး
#ဆိုင်ကယ်တိုက်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now