နေ့စဥ်သတင်း

ကျိုင်းတုံထောင်မှ ၅၀၅ – က ဖြင့် အကျဉ်းကျသူ ၁၁ ဦး လွတ်မြောက်

မဲခေါင် 27 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၇ စစ်ကောင်စီက ၅၀၅ – က ပုဒ်မဖြင့်ဖမ်းဆီးပြီး ကျိုင်းတုံထောင်တွင် အကျဉ်းကျနေသူ ၁၁ ဦး ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ပြန်လည် လွတ်မြောက်လာကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ ကျိုင်းတုံထောင်မှ ယနေ့ လွတ်မြောက်လာသူအားလုံးမှာ အမျိုးသားများ ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိ လွှတ်ပေးသူများမှာ လွတ်ရက်နီးများဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရန်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။ “လွှတ်ပေးတာတော့ ကောင်းတယ်၊ အမှုဖွင့်တာတွေကို ပိတ်သိမ်းပြီဆိုပြီး ပြန်ဝင်လာရင်သာ အခြားပုဒ်မနဲ့ စွဲမှာကြောက်ရတာ။ သတိထားကြဖို့ပါ ”ဟု အထက်မြန်မာနိုင်ငံ နိုင်ငံရေးအကျဥ်သားဟောင်းများကွန်ရက် အဖွဲ့ဝင်တစ်ဦးက သတိပေးသည်။ စစ်ကောင်စီက

မဲခေါင်၊ နိုဝင်ဘာ ၂၇

စစ်ကောင်စီက ၅၀၅ – က ပုဒ်မဖြင့်ဖမ်းဆီးပြီး ကျိုင်းတုံထောင်တွင် အကျဉ်းကျနေသူ ၁၁ ဦး ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ပြန်လည် လွတ်မြောက်လာကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

ကျိုင်းတုံထောင်မှ ယနေ့ လွတ်မြောက်လာသူအားလုံးမှာ အမျိုးသားများ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ လွှတ်ပေးသူများမှာ လွတ်ရက်နီးများဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရန်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။

“လွှတ်ပေးတာတော့ ကောင်းတယ်၊ အမှုဖွင့်တာတွေကို ပိတ်သိမ်းပြီဆိုပြီး ပြန်ဝင်လာရင်သာ အခြားပုဒ်မနဲ့ စွဲမှာကြောက်ရတာ။ သတိထားကြဖို့ပါ ”ဟု အထက်မြန်မာနိုင်ငံ နိုင်ငံရေးအကျဥ်သားဟောင်းများကွန်ရက် အဖွဲ့ဝင်တစ်ဦးက သတိပေးသည်။

စစ်ကောင်စီက နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ၊ ကြေညာထားခံရသူများသည် ၅၀၅ – က သာမက ၅၀၅ (ခ)နှင့် အကြမ်းဖက်ပုဒ်မများဖြင့်အမှုတွဲထားခြင်းများရှိနေသဖြင့် ၅၀၅ – က မှ လွတ်သော်လည်း အခြားပုဒ်မများ ကျန်ရှိနေဆဲဖြစ်သည်။

“အခုက ၅၀၅ မှာ ‘က’ ကြီးပဲ ပါတာ၊ ၅၀၅(ခ) မပါတော့ ကျမတို့ မပါဘူးဖြစ်နေတယ်။ ၅၀၅ – က က အကြည်ညို ပျက်စေမှုပဲ၊ ၅၀၅(ခ) ကျတော့ လှုံ့ဆော်မှုတဲ့။ အမှန်က ‘ခ’က မှ နိမ့်သေးတာ၊ ဘာပဲဖြစ်ဖြစ် လေ လွှတ်တယ်ပြောပြီး ဖမ်းချင် ဖမ်းနေမှာဆိုတော့ မပြန်သေးဖို့ သေချာသွားတာပေါ့”ဟု ၅၀၅ – က ဖြင့်အမှုဖွင့်ခံရပြီး နောက်ပိုင်းတွင် ၅၀၅(ခ)သို့ ပုဒ်မပြောင်းခံရသူ ချင်းမိုင်ရောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၀၃၁ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၂၇၀၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ယင်းထဲမှ ၁၁၄၂၅ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က နိုဝင်ဘာ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

#MeKongNews
#ကျိုင်းတုံထောင်
#အကျဉ်းကျ
#၅၀၅-က
#လွတ်မြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now