ကမ္ဘာ့သတင်း

အသက် ၁၅၀ အထိနေထိုင်ရလျှင်ပင် မလုံလောက်ဟု မည်သည့်အခါမျှ မသေလိုသူ ပူတင် လူပုံအလယ်ဖွင့်ဟပြန်

မဲခေါင် 22 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၂ နိုဝင်ဘာ ၁၉ ရက်၌ ရုရှားသမ္မတ ပူတင်သည် သိပ္ပံနည်းပညာပြပွဲတစ်ခုသို့ တက်ရောက်လာပြီး AI မောင်းနှင့် အကစက်ရုပ် မိတ်ဆက်ပြသမှုကို လေ့လာကြည့်ရှုစဉ်မှာပင် မဆီမဆိုင် ပရိသတ်လူပုံ အလယ် လူတစ်ယောက်သက်တမ်းသည် အသက် ၁၅၀ အထိ နေရလျှင်ပင် မလုံလောက်ဟု ဖွင့်ဟ ပြောကြားသွားခဲ့ပြန်သည်။ အသက် ၇၃ နှစ်ရှိပြီဖြစ်သော ပူတင်သည် နိုဝင်ဘာ ၁၈ ရက်ညမှာပင် ယူကရိန်းနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများရက်စက်စွာ လုပ်ဆောင်ခိုင်းသဖြင့် အနည်းဆုံး ၂၅ ယောက်သေဆုံးပြီး ၇၅ ယောက် ဒဏ်ရာရခဲ့သော်လည်း အကစက်ရုပ်ပြပွဲသို့ တက်လာစဉ်တွင် ဘော်ဒီဂတ်တစ်ယောက်က နျူကလီးယားခလုပ်များပါသည်ဟု ယူဆရသော လက်ကိုင်သေတ္တာကို ကိုင်ဆွဲလာသည်ကို တွေ့ရပြီး

မဲခေါင်၊ နိုဝင်ဘာ ၂၂

နိုဝင်ဘာ ၁၉ ရက်၌ ရုရှားသမ္မတ ပူတင်သည် သိပ္ပံနည်းပညာပြပွဲတစ်ခုသို့ တက်ရောက်လာပြီး AI မောင်းနှင့် အကစက်ရုပ် မိတ်ဆက်ပြသမှုကို လေ့လာကြည့်ရှုစဉ်မှာပင် မဆီမဆိုင် ပရိသတ်လူပုံ အလယ် လူတစ်ယောက်သက်တမ်းသည် အသက် ၁၅၀ အထိ နေရလျှင်ပင် မလုံလောက်ဟု ဖွင့်ဟ ပြောကြားသွားခဲ့ပြန်သည်။

အသက် ၇၃ နှစ်ရှိပြီဖြစ်သော ပူတင်သည် နိုဝင်ဘာ ၁၈ ရက်ညမှာပင် ယူကရိန်းနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများရက်စက်စွာ လုပ်ဆောင်ခိုင်းသဖြင့် အနည်းဆုံး ၂၅ ယောက်သေဆုံးပြီး ၇၅ ယောက် ဒဏ်ရာရခဲ့သော်လည်း အကစက်ရုပ်ပြပွဲသို့ တက်လာစဉ်တွင် ဘော်ဒီဂတ်တစ်ယောက်က နျူကလီးယားခလုပ်များပါသည်ဟု ယူဆရသော လက်ကိုင်သေတ္တာကို ကိုင်ဆွဲလာသည်ကို တွေ့ရပြီး နောက်ထပ် ဘော်ဒီဂတ်တစ်ယောက်သည် အကစက်ရုပ် ဖောက်ပြန်ပြီး ပူတင်အား အန္တရာယ် ဖြစ်စေ မည်ကို စိုးရိမ်သဖြင့် ပူတင်နှင့်စက်ရုပ်ကြား ကာထားပြီး ခပ်ခွာခွာ နေစေခဲ့သည်ကိုလည်း မြင်တွေ့ရ သည်။

စက်ရုပ်နှင့် မိတ်ဆက်ပြီးနောက် ပူတင်က လူပုံအလယ်တွင် ယနေ့ခေတ် လူသားများ အသက် ၁၅၀ ကျော်အထိ နေထိုင်ရှင်သန်နိုင်ကြောင်း၊ အသက် ၁၅၀ နေခွင့်ရသည်က မလုံလောက်ကြောင်းပြော ဆိုကာ မသေသောသူအဖြစ် ရူးသွပ်ခြင်းကို ထပ်မံပြောဆိုသွားခဲ့သည်။

“အသက် ၁၅၀ ရောက်ဖို့ ဆိုတာက ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ငွေလိုပဲ ရှားတာတော့ အမြဲ ရှားနေမှာပဲ” ဟု ပြောသွားခဲ့သည်။

ပူတင်သည် စက်တင်ဘာလက တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ရှီကျင့်ဖျင်၊ ကင်ဂျုံအန်တို့ နှင့်အတူရှိနေစဉ် ဇီ၀နည်းပညာများတိုးတက်ခြင်းက လူသားများကို လိုအပ်သည့် အင်္ဂါအစိတ်အပိုင်း များ လဲလှယ်နိုင်ခြင်းဖြင့် မသေဆုံးနိုင်သည့် လူသားများဘ၀ ရရှိနိုင်သည်ဟု အုပ်စုဖွဲ့ တစ်ယောက်နှင့် တစ်ယောက် ထောက်ခံ ပြောဆိုခဲ့သေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ပူတင်
#မသေဆေး
#စက်ရုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုးမိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြု

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က
ဒေသတွင်းသတင်း နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၈၇၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၂၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ယွမ် ၁၀၀ ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now