နေ့စဥ်သတင်း

စစ်မှုထမ်းလူသစ်များ အမြဲတာဝန်ထမ်းရန် ရာထူးတိုးပေးပြီး စစ်ကောင်စီသွေးဆောင်

မဲခေါင် 6 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၆ စစ်မြေပြင်တွင် အသေခံတပ်သား လူသားဒိုင်းအဖြစ် အဓမ္မစုစည်းကာ အသုံးချနေသည့် စစ်မှုထမ်းလူသစ်(ပစ)များကို ဒုတပ်ကြပ်အဆင့်မှ တပ်ကြပ်၊ တပ်ကြပ်ကြီးအဆင့်အထိ ရာထူးပေးနေပြီး အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် စစ်ကောင်စီက သွေးဆောင်စည်းရုံးလျက်ရှိကြောင်း လူသစ်မိသားစုဝင်များနှင့် စစ်တပ်သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်ကောင်စီမှ ထုတ်ပြန်သည့် အောက်တိုဘာ၂၂ရက် စာရင်းတစ်ခုတွင် ရာထူးအဆင့်တိုးပေးမှုသာမက စွမ်းဆောင်ရည် ဆုလက်မှတ်များကိုပါ ပေးခြင်းဖြင့် စည်းရုံးနေကြောင်း တွေ့ရပြီး ယင်းစာရင်းတွင် ဆုတံဆိပ်များအပြင် ရာထူးတိုးသူ ၁၈၂၁ ဦးအထိ ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းသို့ ရာထူးတိုးပေးသော်လည်း ၂နှစ်ပြည့်သည်နှင့် ထွက်ခိုင်းမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်၊ အေးသာယာမှ စစ်မှုထမ်းအပတ်စဉ် (၁) တွင်ပါသွားသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ “စစ်ဗိုလ်ပေးလည်းမိသားစုကလက်မခံဘူး၊ သေရွာသွားနေရတာကို အိမ်မှာနေ့တိုင်းဆုတောင်းနေရတာ။

မဲခေါင်၊ နိုဝင်ဘာ ၆

စစ်မြေပြင်တွင် အသေခံတပ်သား လူသားဒိုင်းအဖြစ် အဓမ္မစုစည်းကာ အသုံးချနေသည့် စစ်မှုထမ်းလူသစ်(ပစ)များကို ဒုတပ်ကြပ်အဆင့်မှ တပ်ကြပ်၊ တပ်ကြပ်ကြီးအဆင့်အထိ ရာထူးပေးနေပြီး အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် စစ်ကောင်စီက သွေးဆောင်စည်းရုံးလျက်ရှိကြောင်း လူသစ်မိသားစုဝင်များနှင့် စစ်တပ်သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီမှ ထုတ်ပြန်သည့် အောက်တိုဘာ၂၂ရက် စာရင်းတစ်ခုတွင် ရာထူးအဆင့်တိုးပေးမှုသာမက စွမ်းဆောင်ရည် ဆုလက်မှတ်များကိုပါ ပေးခြင်းဖြင့် စည်းရုံးနေကြောင်း တွေ့ရပြီး ယင်းစာရင်းတွင် ဆုတံဆိပ်များအပြင် ရာထူးတိုးသူ ၁၈၂၁ ဦးအထိ ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းသို့ ရာထူးတိုးပေးသော်လည်း ၂နှစ်ပြည့်သည်နှင့် ထွက်ခိုင်းမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်၊ အေးသာယာမှ စစ်မှုထမ်းအပတ်စဉ် (၁) တွင်ပါသွားသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“စစ်ဗိုလ်ပေးလည်းမိသားစုကလက်မခံဘူး၊ သေရွာသွားနေရတာကို အိမ်မှာနေ့တိုင်းဆုတောင်းနေရတာ။ မသေလို့ သေတွင်းကထွက်လာမှာကိုစောင့်နေတာ၊ ကလေးတွေဆိုအဖေပဲမေးနေကြတာ။” ဟုအေးသာယာ ၆ ရပ်ကွက်မှ အပတ်စဥ်(၁) စစ်မှုထမ်းတစ်ဦး၏ဇနီးကပြောသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်မှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး ယခအခါ အပတ်စဥ် (၁၉)အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ အပတ်စဥ်(၁)ဆင်း စစ်မှုထမ်းများသည် လာမည့် ၂၀၂၆ခုနှစ်၊ ဧပြီလ၌ ၂နှစ်ပြည့်မည်ဖြစ်သည်။

“ကိုယ်ပိုင်အမှတ်ကိုတော့ မပြောင်းပေးဘူး။ ရာထူးနဲ့ ဆုလက်မှတ်တွေနဲ့ ဆွဲဆောင်နေတာပေါ့လေ။ သူတို့အင်အားက ဒီလူသစ်တွေအပေါ် အဓိကမှီခိုနေရတာကိုး။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ၂နှစ်သက်တမ်းပြည့်လို့ ထွက်ခွင့်မရကြရင်တော့ သေနတ်ပြောင်းတွေက အထက်အရာရှိတွေဆီ ပြန်လှည့်ကုန်ကြမှာပဲ” ဟုCDM စစ်တပ်အရာရှိတစ်ဦးက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီက လူသစ်ထပ်စုနေသော်လည်း လူသစ်များသာ ထပ်တိုးလာပြီး လူဟောင်းများ ယုတ်လျော့လာမည်ဖြစ်ရာ စစ်တပ်၏ တိုက်စွမ်းရည် ကျဆင်းလာမည်ဖြစ်ကြောင်း စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။

“သူတို့အပတ်စဥ်(၂၀)အထိဆို လူသစ်တစ်သိန်းရှိလာပေမယ့် လူဟောင်းတွေကထွက်၊ လူသစ်တွေကဝင်နဲ့ အဲဒါထက် မတိုးနိုင်တော့ဘူး။ လူသစ်တွေက စကတည်းက စစ်ထဲဝင်ချင်တာ မဟုတ်တာ၊ စစ်မြေပြင်ရဲ့ နဖူးတွေ့ဒူးတွေ့ သေမင်းနဲ့ရင်ဆိုင်ရတာနဲ့ တပ်တွင်းအကြမ်းဖက်အနိုင်ကျင့်မှုတွေက တပ်ထဲဆက်နေမယ့်သူ မရှိသလောက်ဖြစ်မှာပဲ”ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် တစ်ပတ်လျင် လူသစ်၅၀၀၀ဝန်းကျင်ဖြင့် အခြေခံ ၃လ သင်တန်းဆင်းလျင် တိုက်ခိုက်ရေးတပ်ရင်းများသို့ တိုက်ရိုက်ပို့နေသဖြင့် သင်တန်းဆင်းလူသစ်များ အတုန်းအရုန်း သေဆုံးကြခြင်း၊ အစုအပြုံလိုက် လက်နက်ချကြခြင်းများ နေ့စဥ်လို ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ရေးသတင်းများအရ သိရသည်။

#MeKongNews
#စစ်မှုထမ်း
#စစ်ကောင်စီ
#ရာထူးတိုး
#သွေးဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now