မဲခေါင်၊ အောက်တိုဘာ ၂၆
မလေးရှားနိုင်ငံက အာဆီယံဥက္ကဌအဖြစ် ကျင်းပသည့် ၄၇ ကြိမ်မြောက်အာဆီယံ ညီလာခံ ပထမဆုံးနေ့ (အောက်တိုဘာ ၂၆ ရက်) အစောပိုင်းတွင် အာဆီယံခေါင်းဆောင်များသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ် လျှောက်ထားခဲ့သည်မှာ ၁၄ နှစ်ကြာခဲ့ပြီဖြစ်သောအရှေ့တီမောကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သည်။
ကွာလာလမ်ပူရှိ ကွန်ဗန်းရှင်းစင်တာတွင် ကျင်ပသည့် အဆိုပါ အာဆီယံ ညီလာခံ၌ ၂၀၁၁ ခုနှစ်က အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့် လျှောက်ထားပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ခွင့်အာမခံရခဲ့သည့် အရှေ့တီမောကို တရားဝင် အာဆီယံနိုင်ငံအဖြစ် လက်ခံ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အရှေ့တီမောသည် လူဦးရေ ၁ ဒသမ ၃ သန်းသာရှိသော နိုင်ငံဖြစ်ကာ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေးအပြည့် အ၀ရရှိပြီး ၁၉၉၉ ခုနှစ်က ကမ္ဘောဒီးယားကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ပြီးနောက် ပထမ ဆုံး အာဆီယံ အဖွဲ့ဝင်နိုင်ငံအသစ်အဖြစ် ထပ်မံ လက်ခံလိုက်ခြင်းဖြစ်သည်။
၃ ရက်တာကျင်းပမည့် အာဆီယံအစည်းအဝေးသို့ မြန်မာနိုင်ငံမှ မင်းအောင်လှိုင်မှလွဲပြီး အခြားအာဆီယံနိုင်ငံခေါင်းဆောင်အားလုံးတက်ရောက်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လည်း ထိုင်းနှင့်-ကမ္ဘောဒီးယားတို့ စစ်ပွဲ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေး ဦးဆောင်သူအဖြစ် တက် ရောက်လာသလို တောင်အာဖရိက၊ ဘရာဇီး၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားသော မဟာ မိတ်နိုင်ငံများမှ ထိပ်တန်းကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်သည်။
ကိုကလင်း
Ref: trtworld
#MeKongNews
#အာဆီယံ
#အရှေ့တီမော
#ကွာလာလမ်ပူ
#မလေးရှား








