နေ့စဥ်သတင်း

သီပေါမြို့ထဲ စစ်ကောင်စီအထူးတပ်ဖွဲ့ အချို့ ဝင်ရောက်နေ

မဲခေါင် 15 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၅ စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းသို့ စစ်ကောင်စီပြောက်ကျားအထူးတပ်ဖွဲ့ဝင် အချို့ ဝင်ရောက်နေပြီဖြစ်ကြောင်း သီပေါမြို့ခံများက ပြောသည်။ ယမန်နေ့ အောက်တိုဘာ ၁၄ ရက်က စစ်ကောင်စီက ဘော်ကြိုရွာနှင့် သီပေါမြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ရွာ ၄ရွာကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်ရှိ ပင်မစစ်ကြောင်းမှာလည်း သီ​ပေါမှ ၃မိုင်သာဝေးသည့် နားခဲရွာသို့ ရောက်ရှိလာခဲ့ပြီးနောက် အထူးတိုက်ခိုက်ရေးတပ်အချို့ သီပေါမြို့စွန်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ကွန်မန်ဒိုတွေလို့သိရတယ်။ မြို့ထဲတော့ TNLA အချို့ရှိသေးတယ်။ စစ်မရှောင်တဲ့ပြည်သူတွေလည်းရှိတယ်။ အများစုကတော့ သီပေါတံတားတဖက် ကိုးကန့်ဘက် ခုမှရှောင်ကြတယ်။ ပစ်ခတ်မှုကတော့ရှိတယ်” ဟု ပန်းတိမ်တောင်ရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

မဲခေါင်၊ အောက်တိုဘာ ၁၅

စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းသို့ စစ်ကောင်စီပြောက်ကျားအထူးတပ်ဖွဲ့ဝင် အချို့ ဝင်ရောက်နေပြီဖြစ်ကြောင်း သီပေါမြို့ခံများက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁၄ ရက်က စစ်ကောင်စီက ဘော်ကြိုရွာနှင့် သီပေါမြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ရွာ ၄ရွာကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်ရှိ ပင်မစစ်ကြောင်းမှာလည်း သီ​ပေါမှ ၃မိုင်သာဝေးသည့် နားခဲရွာသို့ ရောက်ရှိလာခဲ့ပြီးနောက် အထူးတိုက်ခိုက်ရေးတပ်အချို့ သီပေါမြို့စွန်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကွန်မန်ဒိုတွေလို့သိရတယ်။ မြို့ထဲတော့ TNLA အချို့ရှိသေးတယ်။ စစ်မရှောင်တဲ့ပြည်သူတွေလည်းရှိတယ်။ အများစုကတော့ သီပေါတံတားတဖက် ကိုးကန့်ဘက် ခုမှရှောင်ကြတယ်။ ပစ်ခတ်မှုကတော့ရှိတယ်” ဟု ပန်းတိမ်တောင်ရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

သီပေါမြို့ပေါ်ရပ်ကွက်များမှာ တောင်မြို့၊ မီးရထားမြန်မာရပ်၊ အနောက်ရပ်၊ မြို့လယ်ရပ်၊ အုတ်ကျင်းရပ်၊ ဈေးရပ်၊ ရွှေကျောင်းရပ်၊ပန်းတိမ်မြောက်၊ ပန်းတိမ်တောင်နှင့် ယခင်သီပေါထောင်ရှိရာ ဇာတ်စုရပ်တို့ဖြစ်ပြီး စစ်မရှောင်နိုင်သူ အနည်းငယ်မှအပ အားလုံးနီးပါး စစ်ရှောင်ကုန်ကြပြီဖြစ်ကြောင်း သိရသည်။

“မြို့ထဲကတော့ ရှောင်တာတွေရှိတယ်။ လားရှိုး၊ ဆောင်ကြဲ၊ နမ့်လန်ဘက် အချို့က သီပေါတံတား ကိုးကန့်ရှိတဲ့ဘက်၊ မြို့ဟောင်း၊ ပန်စောက်မိန်း၊ ကုန်းသာဘက်‌တွေ ရှောင်ကြတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မြေပြင်တပ်များ သီပေါသို့ဝင်ရောက်နိုင်ရန် စစ်ကောင်စီ၏ လေတပ်က Y – 12 ဖြင့်ယမန်နေ့က ဗုံးများကြဲချခဲ့ရာ ကျောက်မဲ ဘက်
အထွက် သီပေါမြို့ပြင်တိုးဂိတ်အောက် မန်ဟဲကျေးရွာအုပ်စု ဖြစ်သည့် ခါလိန်၊ မန်ဟဲ၊ ဂေါ်ဒန်စသည့် ရွာများ၊ လွယ်မုတ်တောင် တဝိုက်၊ မြို့ပြင် တိုးဂိတ်ဝန်းကျင်နှင့် နမ့်ဟူးနွဲ့ရွာနားတဝိုက်သို့ ဗုံးအများအပြား ကြဲချခဲ့ကြောင်း ဒေသခံများနှင့် SSPP Info က ယမန်နေ့ညနေပိုင်းက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၅ရက် နံနက်ပိုင်းတွင်လည်း သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စုအတွင်း၌ တိုက်ပွဲဖြစ်ပွားနေပြီး နေ့လည် ၃နာရီခန့်တွင် ဘော်ကြိုအုပ်စုအတွင်းရှိ နားခိုင်းကျေးရွာနှင့် ကောင်းခါးကျေးရွာတို့တွင် တိုက်ပွဲ ပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်ဘက်တွင် အင်အား ၃၀၀ ခန့်ရှိကြောင်း SSPP Info က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ရွာကိုလည်း အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၇ နာရီကျော်ဝန်းကျင်ခန့်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက်မပြည့်သူမိန်းကလေးငယ်၂ဦးသေဆုံးပြီး၊ ၁၀ နှစ်အောက်ကလေး ၃ဦး နှင့် အမျိုးသမီး ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ မူကြိုကျောင်းနှင့် နေအိမ် ၈ အိမ်၊ ဆိုင်ကယ် ၆ စီး ထိခိုက်ပျက်စီးခဲ့ပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထာသည်။

Photo – SSPP Info
#MeKongNews
#သီပေါမြို့နယ်
#စစ်ကောင်စီ
#TNLA
#ကွန်မန်ဒိုတပ်
#ဘော်ကြိုကျေးရွာအုပ်စု
#ကောင်းခါးကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now