နေ့စဥ်သတင်း

ချင်းမိုင် လူမိုက်ဂိုဏ်း လူမှားပြီး ဓားဖြင့်ခုတ်ခဲ့သည့် ၁၄ နှစ်သမီး အောင်မြင်စွာ လက်ပြန်ဆက်နိုင်ခဲ့

မဲခေါင် 15 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၅ စက်တင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် လူငယ် လူမိုက်ဂိုဏ်းအချင်းချင်း အချင်းများရာမှ လက်စားချေတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် လူမှားပြီး ဓားခုတ်ခံရသဖြင့် လက်ပြတ်ထွက်သွားခဲ့သော ၁၄ နှစ်အရွယ် ကျောင်းသူလေး၏ လက်အား အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ဂိုဏ်းအချင်းချင်းရန်ပွဲတွင် ပါဝင်ခဲ့သည့် ရှမ်းလူမျိုး၊ မြန်မာနိုင်ငံသားတစ်ဦးက ထိုမိန်းကလေးသည် ဦးဆောင်း ဆောင်းထားသဖြင့် လူမှားပြီး ဓားဖြင့်ခုတ်မိခြင်းဖြစ်ကြောင်း ဖွင့်ပြောခဲ့ကာ နောက် ၂ ရက်အကြာ တွင် ရဲတပ်ဖွဲ့က သံသယတရားခံ ၁၅ ယောက်ကို ဖမ်းဆီးခဲ့သည်။ ယင်းမိန်းကလေးသည် လက်ပြတ်စဉ်က ချင်းမိုင် မဟာရက်နာခွန်းချင်းမိုင် ဆေးရုံကြီးသို့ အားချင်းတက်ရောက်ကာ သွေးထွက်လွန်ပြီး အားနည်းမှုအတွက် အထူးကုသမှုခံခဲ့သည်။ ထို့နောက်

မဲခေါင်၊ အောက်တိုဘာ ၁၅

စက်တင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် လူငယ် လူမိုက်ဂိုဏ်းအချင်းချင်း အချင်းများရာမှ လက်စားချေတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် လူမှားပြီး ဓားခုတ်ခံရသဖြင့် လက်ပြတ်ထွက်သွားခဲ့သော ၁၄ နှစ်အရွယ် ကျောင်းသူလေး၏ လက်အား အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ဂိုဏ်းအချင်းချင်းရန်ပွဲတွင် ပါဝင်ခဲ့သည့် ရှမ်းလူမျိုး၊ မြန်မာနိုင်ငံသားတစ်ဦးက ထိုမိန်းကလေးသည် ဦးဆောင်း ဆောင်းထားသဖြင့် လူမှားပြီး ဓားဖြင့်ခုတ်မိခြင်းဖြစ်ကြောင်း ဖွင့်ပြောခဲ့ကာ နောက် ၂ ရက်အကြာ တွင် ရဲတပ်ဖွဲ့က သံသယတရားခံ ၁၅ ယောက်ကို ဖမ်းဆီးခဲ့သည်။

ယင်းမိန်းကလေးသည် လက်ပြတ်စဉ်က ချင်းမိုင် မဟာရက်နာခွန်းချင်းမိုင် ဆေးရုံကြီးသို့ အားချင်းတက်ရောက်ကာ သွေးထွက်လွန်ပြီး အားနည်းမှုအတွက် အထူးကုသမှုခံခဲ့သည်။

ထို့နောက် နာရီ ၂၀ ကြာ ခွဲစိတ်ကုသမှုခံယူကာ လက်ကို ပြန်ဆက်စေရန် ဆရာဝန်များ ကြိုးစားခဲ့မှုသည် အောင်မြင်ခဲ့ပြီး အခင်းဖြစ်ပြီး ၂၄ ရက်အကြာ အောက်တိုဘာ ၁၀ ရက်တွင် ဆေးရုံမှပင် ဆင်းသွားနိုင်ခဲ့သည်။

လက်ပြန်ဆက်သည့် ခွဲစိတ်ကုသမှု၌ အရွတ် ၂၁ ခု၊ အာရုံကြော ၆ ခု၊ သွေးလွှတ်ကြောကြီးတစ်ခု၊ သွေးပြန်ကြော ၃ ခုတို့အား အသေးစိတ်ပြန်လည် ဆက်ပေးခဲ့ကာ အလှူရှင်များဆီမှ တစ်သျှူးများ ရယူကာ ကောင်းမွန်သည့် အနားနေရာ တစ်သျှူးသစ်များပြန်မွေးဖွားပေးခြင်းကို လုပ်ဆောင်ပေး နိုင်သဖြင့် ၉၀ ရာခိုင်နှုန်း အကောင်းအတိုင်းနီးပါးအထိ ပြန်လည် ဆက်ပေးနိုင်ခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ဌာနမှူး ဒေါက်တာနာရိန်းချိုတီရော့စ်နီရာမစ်က ရှင်းလင်းပြောကြားသွားခဲ့သည်။

ခွဲစိတ်အပြီး အလုံးစုံ အကောင်းပကတိအနေအထား ချက်ချင်းပြန်မရနိုင်ခြင်းမှာ သာမန်အခြေအနေ သာဖြစ်ကာ လက်ရှိ လက်ချောင်းတချို့ လှုပ်နိုင်သော အာရုံသိမှုကို ပြန်လည်ရရှိကာ အနာနေရာသည် လည်း ခြောက်သွေ့ပြီး သွေးလည်ပတ်စီးဆင်းမှုပိုင်း၊ တစ်သျှူးများ ပျက်စီးသေဆုံးမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း၊ ကလေးစိတ်ကျန်းမာရေးဆရာဝန်များ၏ အကူအညီကြောင့် စိတ်ပိုင်းဆိုင် ရာတွင်လည်း ကောင်းမွန်နေခဲ့ပြီဟု ဒေါက်တာနာရိန်းက ဘန်ကောက်ပို့စ်သို့ ပြောကြားသွားခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ချင်းမိုင်
#ဆေးပညာ
#လူမိုက်ဂိုဏ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now