ကမ္ဘာ့သတင်း

နယ်စပ်နေရာများစွာတွင် အပြန်အလှန်ပစ်ခတ်ပြီး ပါကစ္စတန်နှင့်တာလီဘန်တို့ စစ်ပွဲကြီး ဖြစ်လုဆဲအခြေအနေရောက်လာ

မဲခေါင် 13 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၃ နှစ်များစွာ အပြင်းထန်ဆုံးတင်းမာမှုများရှိခဲ့သည့် ပါကစ္စတန်နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန် တာလီဘန်အစိုးရတို့အကြား စစ်ပွဲကြီးဖြစ်လုဆဲအခြေအနေရောက်ရှိလာကာ အောက်တိုဘာ ၁၁ ရက်နေ့က နှစ်နိုင်ငံ နယ်စပ်နေရာအနည်းဆုံး ၆ နေရာ၌ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ပါကစ္စတန်၌ တာလီဘန်များကဲ့သို့ အစ္စလာမ္မစ်အစွန်းရောက်နိုင်ငံတော်အဖြစ် ထူထောင်လိုသည့် ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်နေမှုများကို ဖြိုခွင်းရန် နှစ်ပေါင်းများစွာ ကြိုးစားနေရာ အာဖဂန်နစ္စတန်တာလီဘန်အစိုးရသည် ပါကစ္စတန်တာလီဘန်များကို အခြေစိုက်စစ် သင်တန်းများပေးနေသည့် အိမ်အဖြစ် လက်ခံထားသည်ဟု ပါကစ္စတန်အစိုးရက စွပ်စွဲထားသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပါကစ္စတန်တာလီဘန်များလက်ချက်ကြောင့် ပါကစ္စတန်စစ်သည်များ ရာနှင့်ချီကာ သေဆုံးခဲ့သည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး

မဲခေါင်၊ အောက်တိုဘာ ၁၃

နှစ်များစွာ အပြင်းထန်ဆုံးတင်းမာမှုများရှိခဲ့သည့် ပါကစ္စတန်နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန် တာလီဘန်အစိုးရတို့အကြား စစ်ပွဲကြီးဖြစ်လုဆဲအခြေအနေရောက်ရှိလာကာ အောက်တိုဘာ ၁၁ ရက်နေ့က နှစ်နိုင်ငံ နယ်စပ်နေရာအနည်းဆုံး ၆ နေရာ၌ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ပါကစ္စတန်၌ တာလီဘန်များကဲ့သို့ အစ္စလာမ္မစ်အစွန်းရောက်နိုင်ငံတော်အဖြစ် ထူထောင်လိုသည့် ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်နေမှုများကို ဖြိုခွင်းရန် နှစ်ပေါင်းများစွာ ကြိုးစားနေရာ အာဖဂန်နစ္စတန်တာလီဘန်အစိုးရသည် ပါကစ္စတန်တာလီဘန်များကို အခြေစိုက်စစ် သင်တန်းများပေးနေသည့် အိမ်အဖြစ် လက်ခံထားသည်ဟု ပါကစ္စတန်အစိုးရက စွပ်စွဲထားသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပါကစ္စတန်တာလီဘန်များလက်ချက်ကြောင့် ပါကစ္စတန်စစ်သည်များ ရာနှင့်ချီကာ သေဆုံးခဲ့သည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး မိုဟာမက် အာဆစ်က TTP ကို အာဖဂန်တာလီဘန်အစိုးရ လက်ခံသင်ကြားမှုများမလုပ်ရေး တားဆီးမှု ကျရှုံးခဲ့ပြီ ဖြစ်ကြောင်း လွှတ်တော်တွင် ပြောကြားသွားခဲ့ပြီး ထပ်မံသည်းခံနိုင်စရာမရှိတော့ဘဲ ကိုယ်တိုင် ဖြေရှင်းမှ သာရတော့မည်ဟု ပြောသွားခဲ့သည်။

ထိုရက်မှာပင် အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်း ပက်တီကာပြည်နယ်ရှိ အများပြည်သူများစည်ကားရာ စျေးအတွင်း ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုလုပ်ရပ်သည် ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှု သာဖြစ်ကာ မိမိတို့နိုင်ငံအချုပ်အခြာအာဏာပိုင်နယ်မြေအတွင်း နိုင်ငံတကာစည်းမျဉ်းများချိုး ဖောက်ပြီး တိုက်ခိုက်မှု ဟု အာဖဂန်တာလီဘန်အစိုးရက ထုတ်ပြန်ပြီးနောက် နှစ်နိုင်ငံ နယ်စပ် တောင်တန်းထူထပ်ရော နေရာ အနည်းဆုံး ၆ ခုထက်မနည်းတွင် ကနဦး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှ နောက်ပိုင်း အမြှောက်များ၊ လက်နက်ကြီးများဖြင့် အပြန်အလှန် အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၁ ရက်တွင် TTP က ပါကစ္စတန်အနောက်မြောက်ဘက်၌ ၎င်းတို့တိုက်ခိုက်မှုကြောင့် ပါကစ္စတန် လုံခြုံရေးစစ်သည် ၂၀ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၁ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်တွင် နှစ်နိုင်ငံနယ်စပ် ကာာရန်ခရိုင်၌ လက်နက်ကြီးများ အများ အပြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သလို အန်ဂေါအက်ဒါ၊ နာဂျာကာရမ်၊ ဒီယာ၊ ချစ်ထရယ်နှင့် ဘာရမ်ချာ နယ်စပ်နယ်မြေများ၌ နှစ်ဖက် လက်နက်ကြီးများဖြင့် မီးကုန်ရမ်းကုန် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

အာဖဂန်တာလီဘန် ကာကွယ်ရေးဝန်ကြီးဌာနက ပါကစ္စတန်၏ မိမိတို့နိုင်ငံအတွင်း အရပ်သားများဖြင့် စည်ကားသည့် စျေးအား လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်သည့်စစ်ဆင်ရေး လုပ်ဆောင်မှုဖြစ်သည် ဟု ထုတ်ပြန်ခဲ့ကာ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး မိုဆင်နက်ဗီကလည်း အာဖဂန်ဘက်မှ မည်သည့် အကြောင်းကြားမှု၊ ထုတ်ပြန်မှုမရှိဘဲ စတင်တိုက်ခိုက်လာခြင်းသည် မီးနှင့်သွေးဖြင့် ရင်းသော ကစားပွဲ တစ်ခုအား ကစားလာခြင်းဖြစ်ရာ စစ်ရေးအင်အားအပြည့်သုံးပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အုတ်ခဲဖြင့်တစ်ချက်ပေါင်လျှင် ကျောက်တုံးဖြင့် တစ်ကြိမ်ပိုမိုပြင်းထန်သည့် တုံ့ပြန်မှုများကို ခံစားသွား ရမည်ဟု ကြေညာချက်ထုတ်ပြန်သွားခဲ့သည်။

နှစ်ဖက်တိုက်ခိုက်မှုများတွင် မည်မျှ သေဆုံးသည်ကို မသိရှိရသေးသော်လည်း ပြဿနာ စဖြစ်သည့် အောက်တိုဘာ ၉ ရက်တွင် အာဖဂန် တာလီဘန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မက်တာကီသည် ၎င်းတို့ နိုင်ငံအာဏာရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသို့ တစ်ပတ်တာ အလည်အပတ်ခရီးစဉ် စတင်ထွက်ခွာသွားပြီး ၄ နှစ်ကြာ ပိတ်ထားသော အိန္ဒိယသံရုံးကို ကာဘူးလ်မြို့တော်တွင် ပြန်လည် ဖွင့်လှစ်ရန် သဘောတူခဲ့ကာ အိန္ဒိယနှင့် မဟာမိတ်ပြုခဲ့သည်။

ပါကစ္စတန်ဘက်ကလည်း ပြီးခဲ့သည့် လက ဆော်ဒီနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ခဲ့ကာ ပြင်ဆင်မှုများအပြိုင် လုပ်ဆောင်နေသောကြောင့် ကာတာအာဏာပိုင်များက ယခုအခြေအနေအား ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းကြရန်၊ သံတမန်နည်းလမ်းအရ စားပွဲဝိုင်းထိုင် စကားပြောဆိုခြင်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်းခဲ့ရသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အာဖဂန်နစ္စတန်
#ပါကစ္စတန်
#တာလီဘန်
#အိန္ဒိယ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now