နေ့စဥ်သတင်း

MPT ဖုန်းဘေလ် ခိုးနေတယ်လို့ သုံးစွဲသူတွေ ဝေဖန်

မဲခေါင် 10 Dec - 2022
နိုင်ငံပိုင် အစုရှယ်ရာတွေ ပါဝင်တဲ့ ဖက်စပ် ဆက်သွယ်ရေး ကုမ္ပဏီ MPT ရဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အသုံးပြုသူတွေ အနေနဲ့ ဖုန်းအသုံးပြုတဲ့ ပမာဏထက် ငွေပိုမို ဖြတ်တောက်ခံနေရတယ်လို့ ဝန်ဆောင်မှု ရယူနေတဲ့ ပြည်သူတွေက ဝေဖန်နေပါတယ်။ မကြာသေးခင်က နိုင်ငံခြားသား တစ်ဦး အသုံးပြုနေတဲ့ MPT ဆင်းကဒ်ဟာ အသုံးပြုတာထက် ပိုမိုတဲ့ ဖုန်းဘေလ်တွေ ဖြတ်တောက်နေတာ တွေ့ရှိလို့ Call Center ကို ဆက်သွယ် မေးမြန်းပေမယ့်လည်း မချေမငံ့ ပြောဆိုခံခဲ့ရတယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံသား မိတ်ဆွေက ဆိုပါတယ်။ “မြန်မာပြည်ကို ရောက်နေတဲ့ စင်္ကာပူနိုင်ငံသား တစ်ဦး ကိုင်ဆောင်တဲ့ MPT ဆင်းကဒ်ကနေ ဖုန်းဘေလ်တွေ

နိုင်ငံပိုင် အစုရှယ်ရာတွေ ပါဝင်တဲ့ ဖက်စပ် ဆက်သွယ်ရေး ကုမ္ပဏီ MPT ရဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အသုံးပြုသူတွေ အနေနဲ့ ဖုန်းအသုံးပြုတဲ့ ပမာဏထက် ငွေပိုမို ဖြတ်တောက်ခံနေရတယ်လို့ ဝန်ဆောင်မှု ရယူနေတဲ့ ပြည်သူတွေက ဝေဖန်နေပါတယ်။

မကြာသေးခင်က နိုင်ငံခြားသား တစ်ဦး အသုံးပြုနေတဲ့ MPT ဆင်းကဒ်ဟာ အသုံးပြုတာထက် ပိုမိုတဲ့ ဖုန်းဘေလ်တွေ ဖြတ်တောက်နေတာ တွေ့ရှိလို့ Call Center ကို ဆက်သွယ် မေးမြန်းပေမယ့်လည်း မချေမငံ့ ပြောဆိုခံခဲ့ရတယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံသား မိတ်ဆွေက ဆိုပါတယ်။

“မြန်မာပြည်ကို ရောက်နေတဲ့ စင်္ကာပူနိုင်ငံသား တစ်ဦး ကိုင်ဆောင်တဲ့ MPT ဆင်းကဒ်ကနေ ဖုန်းဘေလ်တွေ ခိုးဖြတ်နေလို့ ကွန်ပလိန်းတက်ဖို့ ပြောလာတော့ ဘာမှ သွားပြောမနေနဲ့၊ ဘာမှ လုပ်ပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ စင်္ကာပူ နိုင်ငံသားကလည်း ဖုန်းဘေလ်က တစ်မိနစ်ကို ဘယ်လောက်ကျလဲ သူသိတယ်။ သူ့အလုပ်ကိုက စာရင်းစစ် ဖြစ်နေတော့ လက်ကျန်ငွေပြတဲ့ နံပါတ်တွေကို သတိထားမိတာလို့ ပြောတယ်။ သေချာအောင်စစ်ဖို့ အခြားဖုန်းတွေကို စမ်းခေါ်လိုက်တဲ့ အခါမှာ ခိုးဖြတ်နေတာကို တန်းမိတာပဲ” လို့ စင်္ကာပူ နိုင်ငံသားရဲ့ မြန်မာ မိတ်ဆွေက သူရဲ့ လှုမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ် အပါအဝင် ငွေရေးကြေးရေး အဖွဲ့အစည်းများနဲ့ ငွေတိုက်ရိုက် ထည့်သွင်း အသုံးပြုရတဲ့ ဆက်သွယ်ရေးကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းတွေဟာ စစ်ကောင်စီ ထုတ်ပြန်တဲ့ ဥပဒေ မူဝါဒတွေကို အကြောင်းပြပြီး ပြည်သူတွေ အပေါ်က နည်းမျိုစုံနဲ့ အမြတ်ထုတ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာပါ။

“တစ်ခါတလေ ငွေဖြည့်လိုက်ရင် မချေးထားပဲနဲ့ ချေးထားတယ်ဆိုပြီး ဖြတ်သွားတယ်။ နောက်တစ်ခါ ထပ်ဖြည့်တော့ ဝန်ဆောင်ခဆိုပြီး အတိုး ထပ်ဖြတ်တယ်။ ဒါက သက်သက်မဲ့ ဥပဒေမဲ့ ပြုမူနေတာ။ အခုခေတ်က အရင်လို မဟုတ်ဘူး၊ မတရားမှန်း သိလည်း ခံနေရတာပါပဲ။ တစ်ခါတလေ မက်စစ်တွေပို့လို့ ဝင်ကြည့်ပါဆိုလို့ ဝင်ကြည့်တယ်၊ သူတို့ အစီစဉ်တွေကို ယူမယ်မယူဘူး ဆိုတာတောင် မေးဖော် မရတော့ဘူး။ တစ်ခါတည်း ငွေကို တန်းဖြတ်တာပဲ။ တကယ့် ခေတ်ပျက်ကြီးထဲ လုပ်စားနေတဲ့ သဘောပါ” လို့ MPT ဝန်ဆောင်မှု အသုံးပြုသူ တစ်ဦးက ပြောပါတယ်။

အခုလို ဖုန်းဘေ ပိုမို ဖြတ်တောက်နေတာနဲ့ ပတ်သက်ပြီး MPT Call Center ကို မဲခေါင်သတင်းဌာနက မေးမြန်းရာမှာ ဖုန်းလက်ခံ ပြောဆိုပေမယ့် မေးမြန်းတဲ့ မေးခွန်းတွေကိုတော့ ဖြေကြားမှု မပြုနိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံပိုင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ဂျပန် အခြေစိုက် KDDI-Sumitomo ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေတဲ့ MPT ရဲ့ 3G ဖုန်းကွန်ရက်ဟာ မြန်မာနိုင်ငံရဲ့ ၉၆ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး သုံးစွဲသူ သန်း ၂၀ အတွက် ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှု ပေးနေတယ်လို့ MPT ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now