နေ့စဥ်သတင်း

ချင်းမိုင်ကွန်ဒိုစျေးကွက် တရုတ်အဝယ်ကျဆင်းပြီး မြန်မာနှင့်အမေရိကန်တို့မှ အဝယ်ပိုလိုက်လာ

မဲခေါင် 20 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၀ မကြာသေးမီနှစ်ပိုင်းကပင် ထိုင်းနိုင်ငံကွန်ဒို စျေးကွက်သည် ပင်မကျောရိုးအဖြစ် တရုတ်ရင်းနှီးမြှုပ်နှံသူ များက ဝယ်ယူရင်းနှီးနေခဲ့ကြသော်လည်း ယခု ထိုစျေးကွက်တွင် တရုတ်ဝယ်လိုအား များစွာ ထိုးကျသွားပြီး မြန်မာနှင့် အမေရိကန်တို့မှ ဝယ်လိုအား များစွာ မြင့်တက်လာသည်ဟု ထိုင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ထုတ်ပြန်ချက်အရ သိရှိရသည်။ ယခင် တရုတ်နိုင်ငံသားများ၏ ချင်းမိုင်ကွန်ဒိုဝယ်ယူမှုနှုန်းသည် ဈေးကွက်၏ ၅၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိသော်လည်း ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် စစ်တမ်းအရ တရုတ်ဝယ်လိုအား ၅၃ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ တရုတ်သည် ချင်းမိုင်ကွန်ဒိုဝယ်ယူမှုအများဆုံးအဖြစ် ဆက်ရှိနေသေးသော်လည်း စုစုပေါင်း ကွန်ဒိုဝယ်ယူမှု၏ ၃၃ ဒသမ

မဲခေါင်၊ စက်တင်ဘာ ၂၀

မကြာသေးမီနှစ်ပိုင်းကပင် ထိုင်းနိုင်ငံကွန်ဒို စျေးကွက်သည် ပင်မကျောရိုးအဖြစ် တရုတ်ရင်းနှီးမြှုပ်နှံသူ များက ဝယ်ယူရင်းနှီးနေခဲ့ကြသော်လည်း ယခု ထိုစျေးကွက်တွင် တရုတ်ဝယ်လိုအား များစွာ ထိုးကျသွားပြီး မြန်မာနှင့် အမေရိကန်တို့မှ ဝယ်လိုအား များစွာ မြင့်တက်လာသည်ဟု ထိုင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ထုတ်ပြန်ချက်အရ သိရှိရသည်။

ယခင် တရုတ်နိုင်ငံသားများ၏ ချင်းမိုင်ကွန်ဒိုဝယ်ယူမှုနှုန်းသည် ဈေးကွက်၏ ၅၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိသော်လည်း ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် စစ်တမ်းအရ တရုတ်ဝယ်လိုအား ၅၃ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ တရုတ်သည် ချင်းမိုင်ကွန်ဒိုဝယ်ယူမှုအများဆုံးအဖြစ် ဆက်ရှိနေသေးသော်လည်း စုစုပေါင်း ကွန်ဒိုဝယ်ယူမှု၏ ၃၃ ဒသမ ၅ ရာခိုင်နှုန်းကိုသာ ဝယ်ယူခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသားများ ဝယ်ယူမှုနှုန်းသည် ရာခိုင်နှုန်းအားဖြင့် အမြင့်ဆုံးသို့ရောက်လာပြီး ၄၂ ဒသမ ၉ ရာခိုင်နှုန်း ဝယ်လိုအား မြင့်တက်ခဲ့ကာ အမေရိကန်သားများဝယ်ယူမှုသည်ပင် စံချိန်တင်အဖြစ် ၂၃ ဒသမ ၈ ရာခိုင်နှုန်း အထိ မြင့်တက်လာသည်။

ဥရောပနိုင်ငံများမှ ချင်းမိုင်ကွန်ဒို ဝယ်ယူမှုနှုန်း မြင့်တက်လာသည့်နိုင်ငံများတွင် အီတလီသည် ဝယ်ယူမှု ၂၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ဒတ်ချ် (နယ်သာလန်) မှ ဝယ်လိုအား ၅၀ ရာခိုင်နှုန်း မြင့်တက်လာ ကာ ပထမဆုံးအကြိမ်အဖြစ် ကွန်ဒိုဝယ်လက်အများဆုံး ၁၀ နိုင်ငံ စာရင်းထဲ ဝင်ရောက်လာသည်။

ပုံမှန်အားဖြင့် ဝယ်လက်များခဲ့သည့် နိုင်ငံများမှ ဝယ်လိုအားများ သိသိသာသာကျဆင်းပြီး ဩစတြေးလျမှ ဝယ်လိုအား ၆၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းသလို အစ္စရေးမှ ဝယ်လိုအား ၆၀ ရာခိုင်နှုန်း အထိကျသွားကာ ယခင် ဝယ်လိုအားအများဆုံး ၇ နိုင်ငံအတွင်းပါဝင်သော တောင်ကိုရီးယားသည်ပင် လျှင် ဝယ်လိုအားအများဆုံး ၁၀ နိုင်ငံအပြင်ရောက်သွားခဲ့ပြီဖြစ်သည်။

REIC က ချင်းမိုင်အိမ်ခြံမြေစျေးကွက်သည် ယခင်ကဲ့သို့ တစ်နိုင်ငံတည်း (တရုတ်) ကို အားထားနေရ သည့် အခြေအနေမှ ယနေ့ နိုင်ငံတကာမှ ဝယ်လိုအားမျှချေ မြင့်တက်လာကာ ချင်းမိုင်မြို့မှ ရရှိခံစား နိုင်မည့်အခွင့်အလမ်းများကို မြင်တွေ့လာကြခြင်းကြောင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

ကိုကလင်း
Ref: The Nation Thailand
#MeKongNews
#ချင်းမိုင်
#ကွန်ဒို
#မြန်မာနိုင်ငံသား
#တရုတ်
#ဝယ်လိုအားများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now