မဲခေါင်၊ စက်တင်ဘာ ၁၆
ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင်အကြီးအကဲ မစ္စ နာဗီပီလေးက စုံစမ်း စစ်ဆေးမှုများအရ အစ္စရေး၏ ဂါဇာသို့ စစ်ခင်းနေမှုသည် လူမျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ကုလမှ အစ္စရေး၏ ဂါဇာစစ်ပွဲဆင်နွှဲမှုများအတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၁၆ ရက်တွင် နာဗီပီလေးက အယ်လ်ဂျာဇီးယားမှတစ်ဆင့် ယခုလို ထုတ်ပြန်သွားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်မတို့ဟာ အစ္စရေး သမ္မတ(အစ်ဆက်ဟာဇော့)၊ ဝန်ကြီးချုပ် (နက်တန်ယာဟု)နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း (ယိုအက်ဗ်ဂဲလန့်)တို့ ပေးခဲ့တဲ့ ထုတ်ပြန်ချက်တွေ၊ အမိန့်တွေကိုအခြေခံ တွက်ချက်မှုအရ ဒီလိုထုတ်ပြန်တာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဥပဒေအရ အစ္စရေးနိုင်ငံရဲ့ တာဝန်အရှိဆုံး ၃ ယောက်လည်းဖြစ်တယ်။ တိုင်းပြည်အတွက် တာဝန်ယူပေးရမယ်။ ဒါကြောင့် အစ္စရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ ထုတ်ပြန်ရတာပါ” ဟု နာဗီပီလေးက အင်တာဗျူးတွင် ထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသတင်းဖော်ပြချက်တွင် ကုလစုံစမ်းရေးကော်မရှင်သည် အစ္စရေးအကြီးအကဲများ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များအရပင် ၎င်းတို့အား လူမျိုးတုံးသတ်ဖြတ်သည့် ရည်ရွယ်ချက်ရှိသူ များအဖြစ် သတ်မှတ်ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ကိုကလင်း
Ref: aljazeera
#MeKongNews
#အစ္စရေး
#ဂါဇာ
#လူမျိုးတုံးသတ်ဖြတ်မှု
#နက်တန်ယာဟု








