ကမ္ဘာ့သတင်း

လွန်ခဲ့သည့် နှစ် ၆၀ ကတည်းက အန္တာတိကတွင် ပျောက်ဆုံးခဲ့သည့် ဗြိတိန်သုတေသနပညာရှင် ရုပ်ကြွင်း ပြန်တွေ့ရှိ

မဲခေါင် 13 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၃ လွန်ခဲ့သည့် နှစ် ၆၀ က အလွန်အေးခဲသော အန္တာတိကတိုက်ရှိ ရေခဲပြင်များထဲ သုတေသနအလုပ် သွားရောက်လုပ်ကိုင်ရင်း ရေခဲချောက်ထဲကျသွားခဲ့ကာ ပျောက်ဆုံးသွားခဲ့သော ဗြိတိန်သား လူစွန့်စား၏ အေးခဲနေသော ရုပ်ကြွင်းများကို Henryk Arctowski Polish Antarctic Station အဖွဲ့မှ သုတေသီများက မထင်မှတ်ပဲ တွေ့ရှိခဲ့သည်။ ၁၉၃၄ ခုနှစ်ဖွား၊ ဗြိတိန်တော်ဝင်လေတပ်သားဟောင်းလည်းဖြစ် ဝေးလံသီခေါင်သော ဖောက်ကလန် ကျွန်းတွင် မိုးလေဝသ အချက်အလက်များကို ဘောလုံးများလွှတ်တင်ပြီး ပြန်ပေးပို့ရသော အလုပ်လည်း လုပ်ခဲ့သည့် ဒင်းနစ်ဘဲလ်သည် ၁၉၅၈ ခုနှစ်က အသက် ၂၅ နှစ်သာရှိသေးချိန် အန္တာတိကရှိ ယူကေ အခြေစိုက် Admiralty Bay

မဲခေါင်၊ ဩဂုတ် ၁၃

လွန်ခဲ့သည့် နှစ် ၆၀ က အလွန်အေးခဲသော အန္တာတိကတိုက်ရှိ ရေခဲပြင်များထဲ သုတေသနအလုပ် သွားရောက်လုပ်ကိုင်ရင်း ရေခဲချောက်ထဲကျသွားခဲ့ကာ ပျောက်ဆုံးသွားခဲ့သော ဗြိတိန်သား လူစွန့်စား၏ အေးခဲနေသော ရုပ်ကြွင်းများကို Henryk Arctowski Polish Antarctic Station အဖွဲ့မှ သုတေသီများက မထင်မှတ်ပဲ တွေ့ရှိခဲ့သည်။

၁၉၃၄ ခုနှစ်ဖွား၊ ဗြိတိန်တော်ဝင်လေတပ်သားဟောင်းလည်းဖြစ် ဝေးလံသီခေါင်သော ဖောက်ကလန် ကျွန်းတွင် မိုးလေဝသ အချက်အလက်များကို ဘောလုံးများလွှတ်တင်ပြီး ပြန်ပေးပို့ရသော အလုပ်လည်း လုပ်ခဲ့သည့် ဒင်းနစ်ဘဲလ်သည် ၁၉၅၈ ခုနှစ်က အသက် ၂၅ နှစ်သာရှိသေးချိန် အန္တာတိကရှိ ယူကေ အခြေစိုက် Admiralty Bay တွင် ၂ နှစ်ကြာ စွန့်စားတာဝန်ထမ်းဆောင်နေခဲ့သည်။

အန္တာတိကကျွန်းဆွယ်မြောက်ဘက်စွန်း ၇၅ မိုင်အကွာရှိ ဂျော့ချ်ဘုရင်ကျွန်းတွင် တာဝန်ထမ်းနေစဉ် ရေခဲတောင်ပေါ်တက်ရာမှ ချောက်ထဲကျသွားပြီး အတူပါလာသူက ခေါ်ကြည့်စဉ်ပြန်ထူးသဖြင့် ကြိုးဖြင့်ပြန်ဆွဲတင်ရာတွင် အပေါ်ရောက်ခါနီးမှ ခါးပတ်ပြတ်ပြီးပြုတ်ကျသွားပြီးနောက် စကားမေး မရတော့သလို ရှာဖွေ့ရာတွင်လည်း မတွေ့နိုင်တော့သဖြင့် မိသားစုအား သေဆုံးခဲ့ပြီဟု သက်ဆိုင်ရာက အကြောင်းကြားပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမှ ပိုလန်သုတေသနအဖွဲ့က အဆိုပါနေရာတွင် လေ့လာရေးထွက်စဉ် ဒင်းနစ်ဘဲလ်၏ အေးခဲနေသော ရုပ်ကြွင်းကို တစ်ဦးက နင်းမိရာမှ ရေဒီယိုနှင့် ပိုက်တစ်ခုပါတွေ့ပြီး ဒင်းနစ်ဘဲလ် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ၈၆ နှစ်ရှိပြီဖြစ်ကာ ဩစတြေးလျတွင် နေထိုင်နေသော ဒင်းနစ်ဘဲလ်၏ ညီအစ်ကိုတော်သူ ဒေးဗစ်ဘဲလ်က နှစ် ၆၀ ကြာမှ ညီအစ်ကိုတော်သူ အလောင်းအား မွေးရပ်ပြန်သယ်ပြီး လဲလျှောင်းစေမှုအတွက် ကိုယ်တိုင် အင်္ဂလန်သို့သွားရောက်မည်ဖြစ်ကာ မည်သို့မျှ မထင်ထားသော တွေ့ရှိမှုဟု အံ့ဩဝမ်းသာ ပြောသွားခဲ့သည်။

၁၉၄၄ ခုနှစ်နောက်ပိုင်း ဒင်းနစ်ဘဲလ် တာဝန်ထမ်းခဲ့သော British Antarctic Territory အဖွဲ့အတွက် အန္တာတိကဒေသတွင် သုတေသနအလုပ်များလုပ်ပေးခဲ့သူများအနက် သေဆုံးခဲ့သူပေါင်း ၂၉ ဦး ရှိခဲ့ပြီဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဒင်းနစ်ဘဲလ်
#အန္တာတိက
#ဗြိတိန်သုတေသန
#ရေခဲပြင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now