မဲခေါင်၊ ဇူလိုင် ၁၀
ထိုင်းနိုင်ငံ ဘုန်းကြီးကျောင်းအမျိုးမျိုးမှ ဒုကျောင်းထိုင် သံဃာ ၂ ပါး အပါအဝင် သံဃာ ၈ ပါး သည် အမျိုးသမီးတစ်ဦးထံမှ ရရှိသည့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဗီဒီယိုနှင့် ဓာတ်ပုံပေါင်း ၈၀၀၀၀ နှင့် ပတ်သက် သက်ဆိုင်နေသဖြင့် ထိုင်းအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ ACDP မှ ဆက်လက်စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေသည်။
Golf ဟု ခေါ်သော ၃၅ နှစ်အရွယ် အမျိုးသမီးထံမှ ထိုင်းနိုင်ငံ အနှံ့မှ ဘုန်းကြီးကျောင်းများမှ သံဃာများစွာပါဝင်သည့် လိင်ဗီဒီယိုနှင့် ရုပ်ပုံပေါင်း ၈၀၀၀၀ ပါ မှတ်တမ်းကို ရရှိသဖြင့် ACDP တာဝန်ရှိသူများက လိုက်လံစုံစမ်းဖော်ထုတ်နေရာ ၈ ပါးကို ဖော်ထုတ်ရရှိပြီး ၃ ပါးကို လူဝတ်လဲ သိက္ခာချစေနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၉ ရက်တွင် ဘန်ကောက်ရှိ ကျော်ကြားသော ဝပ်ပက်ခ်နမ် ဘုန်းကြီးကျောင်းသို့ တာဝန်ရှိသူများ သွားရောက်ပြီး အမှုတွဲပါ ဒုကျောင်းထိုင် ဝါချီဝပ်သီယာခွန်ထံ သွားရာတွင် ရှေ့တစ်ရက်ကတည်းက ကျောင်းမှ တိမ်းရှောင်သွားပြီး ချင်းမိုင်သို့ ရောက်ရှိနေသည်ဟု သတင်းရရှိ ကြောင်း၊ နောက်ထပ် ချာချိုအန်ဆာအိုခရိုင်ရှိ ဝပ်ဆိုသွန်ဝါရာရမ် ဝိုရာဝီဟမ် ဘုန်းကြီးကျောင်းမှ ဒုကျောင်းထိုင် ဆရီဝီရီယာသာဒါထံ သွားရောက်ရာတွင် ဘာသာရေးအခမ်းအနားပွဲတက်နေသဖြင့် ချက်ချင်းမတွေ့သော်လည်း ပြန်ရောက်လာသောအခါ သိက္ခာချ၊ လူဝတ်လဲသွားခဲ့ကြောင်း သိရှိရသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#ဘုန်းကြီးကျောင်း
#လူဝတ်လဲ
#လိင်ဗီဒီယို








