မဲခေါင်၊ ဇွန် ၂၁
နိုင်ငံ၏ ၂၀၂၆ တစ်နှစ်တာဘတ်ဂျက် ကြေညာမှုအပြီး ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ကာ လွှတ်တော်မှလည်း ထွက်ခွာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုကို ထိုင်းဝန်ကြီးချုပ် ပေထောင်တန်အစား ဖွေထိုင်းပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင်က ဇွန် ၂၁ ရက်တွင် အသိပေးထုတ်ပြန် သွားခဲ့သည်။
ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများသာဖြစ်ကာ ဝန်ကြီးချုပ်သည် တာဝန်သက်တမ်း ကုန်ဆုံးသည်အထိ ထိုင်းနိုင်ငံ ကြုံတွေ့နေရသော အခက်အခဲများကို အကောင်းဆုံးဖြေရှင်းပေးဦးမည် သာဖြစ်ကြောင်း ဆိုရာဝေါင်က ပြောသည်။
လက်ရှိစိန်ခေါ်မှုများတွင် ကမ္ဘောဒီးယားနှင့် တင်းမာနေသည့် နယ်စပ်ပိုင်နက် ပြဿနာ၊ အမေရိကန်မှ ပို့ကုန်အခွန်စည်းကြပ်မှု မြှင့်တင်ခြင်း၊ မူးယစ်မှောင်ခိုမှုများ နှိမ်နင်းမှု၊ ဆိုက်ဘာရာဇဝတ်မှုများ နှိမ်နင်း ခြင်း၊ ဘတ် ၂၀ တန် ရထားဖယ်ရီ အစီအစဉ်၊ ဘတ် ၃၀ တည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေး ခြင်း၊ ပြည်ပခရီးသွားများ ပြန်လည်စည်ကားပြီး နိုင်ငံဝင်ငွေတိုးတက်လာစေရန် လူလုပ်သည့် ရပ်ဝန်း များဖော်ဆောင်ရေး၊ မိသားစု ကြွေးမြီများ ဖြေလျော့ပေးရေး စသည့်လုပ်ငန်းများနှင့် ပြည်သူများ နေထိုင်စားသောက်မှုစားရိတ် လျှော့ကျစေရမည်ဆိုသော ဦးတည်ချက်များ ထင်သာမြင်စွာ ရလဒ် ကောင်းထွက်စေရန် ဝန်ကြီးချုပ်မှ ကြိုးစားပေးသွားမည်သာဖြစ်သည်ဟု ဆိုရာဝေါင်က ရှင်းလင်း ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Nation Thailand
#MeKongNews
#ထိုင်းနိုင်ငံ
#ဝန်ကြီးချုပ်
#ဖွေထိုင်းပါတီ
#စိန်ခေါ်မှုများ








