နေ့စဥ်သတင်း

ကျိုင်းတုံတွင် ဆိုင်ကယ်သူခိုး ၆ ဦး ဖမ်းမိ၊ ဆိုင်ကယ်ပိုင်ရှင်များ ဆက်သွယ်စုံစမ်းနိုင်

မဲခေါင် 5 May - 2025
မဲခေါင်၊ မေ ၅ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုး ၆ ဦးနှင့် ဆိုင်ကယ်အချို့ကို ဖမ်းဆီးရမိထားကြောင်း ကျိုင်းတုံခရိုင် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ထံမှ သိရသည်။ လတ်တလောဖမ်းမိထားသူ ၆ ဦးနှင့်အတူ ဆိုင်ကယ် ၅ စီး သိမ်းဆည်းရမိထားသည့်အနက် ၂ စီးမှာ ပိုင်ရှင်ပေါ်ပေါက်ထားပြီး ကျန် ၃ စီးကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များကလည်း ပိုင်ရှင်ကို အမှုဖွင့်ဖို့ မရှိကြောင်း ခရိုင်ဒနနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ယနေ့ မေလ ၅ ရက် နံနက်ပိုင်းတွင် ပြောသည်။ “ဆိုင်ကယ်ပိုင်ဆိုင်မှု သေချာရင် အာမခံနဲ့ ပြန်ပေးနိုင်ပါတယ်။ ပြည်သူအများအနေနဲ့ ဆိုင်ကယ် ချက်စီတွေကို ဖုန်းနဲ့ မှတ်တမ်းတင်ထားရင်

မဲခေါင်၊ မေ ၅

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုး ၆ ဦးနှင့် ဆိုင်ကယ်အချို့ကို ဖမ်းဆီးရမိထားကြောင်း ကျိုင်းတုံခရိုင် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ထံမှ သိရသည်။

လတ်တလောဖမ်းမိထားသူ ၆ ဦးနှင့်အတူ ဆိုင်ကယ် ၅ စီး သိမ်းဆည်းရမိထားသည့်အနက် ၂ စီးမှာ ပိုင်ရှင်ပေါ်ပေါက်ထားပြီး ကျန် ၃ စီးကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များကလည်း ပိုင်ရှင်ကို အမှုဖွင့်ဖို့ မရှိကြောင်း ခရိုင်ဒနနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ယနေ့ မေလ ၅ ရက် နံနက်ပိုင်းတွင် ပြောသည်။

“ဆိုင်ကယ်ပိုင်ဆိုင်မှု သေချာရင် အာမခံနဲ့ ပြန်ပေးနိုင်ပါတယ်။ ပြည်သူအများအနေနဲ့ ဆိုင်ကယ် ချက်စီတွေကို ဖုန်းနဲ့ မှတ်တမ်းတင်ထားရင် ပိုင်ဆိုင်မှုရော၊ ပျောက်ရင်လိုက်ရတာရော လွယ်မှာဖြစ်ပါတယ်။ လိုင်စင်မဲ့ဖြစ်ပေမယ့် ပိုင်ရှင်ကိုအမှုဖွင့်ဖို့ မရှိပါဘူး။ တရားရုံးအဆုံးအဖြတ်အရသာ လုပ်ဆောင်ရပါတယ်။ ပိုင်ရှင်စစ်မှန်ရင် ပြန်ရပါ့မယ်။ လူထုကို အကြံပြုလိုတာက ကျနော်တို့ဆီ အမှုအမြန်ဖြေရှင်းနိုင်ဖို့ ဖြစ်ဖြစ်ချင်းဆက်သွယ်ဖို့လိုပါတယ်။ အခုလည်း စောင့်ကြည့် စစ်ဆေးတာတွေ နေ့ရော ညရော လုပ်နေပါတယ် လို့ ပြောချင်ပါတယ်” ၎င်းကပြောသည်။

ဆိုင်ကယ်သူခိုး ၆ ဦးမှာ လွယ်မွေအထွက်လမ်းဘက်၌ ဆိုင်ကယ်လုယက်မှုတွင် တစ်ဦး၊ ဆိုင်ကယ်ကို သော့ဖျက်ပြီးတွန်းလာသူတစ်ဦးနှင့် ဘိလက်ယက်ခုံတွင် မသင်္ကာ၍ စစ်ဆေးရာမှ ဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိသူ ဆိုင်ကယ်သူခိုး ၄ ဦးတို့ဖြစ်ကြောင်း သိရသည်။

လွယ်မွေအမှုမှ ဆိုင်ကယ်ကို တရားရုံးမှ ပိုင်ရှင်သို့ပြန်ပေးအပ်ပြီး သော့ဖျက်တွန်းလာသည့် ဆိုင်ကယ်ကို အာမခံဖြင့် ပြန်ပေးအပ်ထားကာ တုံတာမှ ပိုင်ရှင်က ဆက်သွယ်ပြီးလာရောက်နေပြီဖြစ်ကြောင်း၊ ပိုင်ရှင်မပေါ်သေးသည့် ဆိုင်ကယ် ၃ စီး အတွက် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း ဆိုင်ကယ်ကို ဈေးလျှော့ရောင်းခြင်း၊ သော့အုံလာဝယ်ခြင်း စသည့် မသင်္ကာဖွယ်ကိစ္စများတွေ့ပါက ရဲထံ ချက်ချင်းဆက်သွယ်ကြရန် ခရိုင်ဒနနှင့် နီးစပ်သူက ပြောသည်။

ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်ခိုးသူများမှာ ကျလား၊ အောင်ခန်း၊ လလပါ၊ ယောနရှာ၊ ကျားဖ၊ ဂီးဒို တို့ဖြစ်ကြပြီး ကျိုင်းတုံရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ယနေ့တွင် တရားစွဲတင်မည် ဖြစ်ကြောင်း သိရသည်။

မဲခေါင်သတင်းဌာနမှ ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် ကျိုင်းတုံမြို့ ဆိုင်ကယ်ခိုးမှု၊ လုယက်မှုများကို စုစည်းထားမှုအရ လုယက်လူသတ် တစ်မှု၊ ရန်ပြုလုယက်မှု ၆ မှု၊ အလစ်သုတ်မှု ၇ မှု၊ ဖောက်ထွင်းခိုးယူမှု ၂ မှုရှိပြီး ဆိုင်ကယ်စီးရေ ၂၀ မျှ ခိုးယူလုယက်ခံထားရသည်။

#MeKongNews
#ရှမ်းအရှေ့
#ကျိုင်းတုံ
#ဆိုင်ကယ်ခိုးမှု
#လွယ်မွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now