နေ့စဥ်သတင်း

လူနှင့် လက်နက်အင်အားအပြင် ချိတ်ဆက်မှုအားနည်းခြင်းကြောင့် ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးအဖွဲ့များ ဒေသတွင်းကို ထိုးဖေါက်နိုင်ခြင်း မရှိ

မဲခေါင် 4 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၄ တော်လှန်ရေး လေးနှစ်ကျော်လာသည့်အချိန်ထိ လူနှင့် လက်နက်အင်အားနည်းပါးခြင်း၊ ပူပေါင်းချိတ်ဆက်လုပ်ဆောင်နိုင်မှု အားနည်းခြင်းများကြောင့် ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးအဖွဲများ ဒေသအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ရန် ခက်ခဲနေသည်ဟု ဒေသတွင်းတော်လှန်ရေး သုံးဖွဲ့က ပြောသည်။ ရှမ်းပြည်နယ်အတွင်း တောင်ပိုင်းဒေသသည် တော်လှန်ရေးအဖွဲ့များ ပေါများနေသော်လည်း ဒေသတွင်းကို တော်လှန်ရေးတပ်များ ဝင်ရောက်မှုမရှိခြင်း၊ ထိန်းချုပ်နိုင်မှုမရှိခြင်းတို့ကြောင့် စစ်ကောင်စီ နှင့် PNO တပ်များ ချုပ်ကိုင် ချယ်လှယ်ခွင့်ရနေသည်ဟု ဒေသတွင်း၌ပင် သုံးသပ်ချက်များ ပေါ်ထွက်နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ (၁၀၀၉) တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် လူအင်အားရှိသော်လည်း လက်နက်အင်အားလိုအပ်ချက်ကြောင့် ဒေသတွင်းကို ထိုးဖေါက်နိုင်ခြင်းမရှိဟု ပြောသည်။ NUG လက်အောက်ခံမဟုတ်သည့် Black Fox Southern Shan

မဲခေါင်၊ ဖေဖော်ဝါရီ ၄

တော်လှန်ရေး လေးနှစ်ကျော်လာသည့်အချိန်ထိ လူနှင့် လက်နက်အင်အားနည်းပါးခြင်း၊ ပူပေါင်းချိတ်ဆက်လုပ်ဆောင်နိုင်မှု အားနည်းခြင်းများကြောင့် ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးအဖွဲများ ဒေသအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ရန် ခက်ခဲနေသည်ဟု ဒေသတွင်းတော်လှန်ရေး သုံးဖွဲ့က ပြောသည်။

ရှမ်းပြည်နယ်အတွင်း တောင်ပိုင်းဒေသသည် တော်လှန်ရေးအဖွဲ့များ ပေါများနေသော်လည်း ဒေသတွင်းကို တော်လှန်ရေးတပ်များ ဝင်ရောက်မှုမရှိခြင်း၊ ထိန်းချုပ်နိုင်မှုမရှိခြင်းတို့ကြောင့် စစ်ကောင်စီ နှင့် PNO တပ်များ ချုပ်ကိုင် ချယ်လှယ်ခွင့်ရနေသည်ဟု ဒေသတွင်း၌ပင် သုံးသပ်ချက်များ ပေါ်ထွက်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ (၁၀၀၉) တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် လူအင်အားရှိသော်လည်း လက်နက်အင်အားလိုအပ်ချက်ကြောင့် ဒေသတွင်းကို ထိုးဖေါက်နိုင်ခြင်းမရှိဟု ပြောသည်။

NUG လက်အောက်ခံမဟုတ်သည့် Black Fox Southern Shan Local Defence Force နှင့် SSLRU အဖွဲ့က လူအင်အား၊ လက်နက်အင်အား နည်းပါးခြင်းနှင့် နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များ စုစည်းနိုင်မှုအားနည်းခြင်းအပြင် ရှမ်းပြည်တောင်ပိုင်း၌ အခြေစိုက်သည့် Ero, Eao များက တော်လှန်ရေးဘက်မှာ ပူးပေါင်းပါ၀င်မှုမရှိခြင်းကြောင့်ဟု ပြောသည်။

“အထောက်ပံ့အားမကောင်းတော့ ရေရှည်မှာ စစ်ဘက်ကိုအားလျော့ပြီး လွတ်မြောက်လုဆဲဆဲရုန်းကန်နေရတဲ့ ကယားမှာပဲ ခိုကပ်နေနိုင်သွားကြတာမျိုးတွေကြောင့်လို့လည်း ထင်ပါတယ်၊ ရှမ်းတောင်မှာ ရှိတဲ့ EAO တော်တော်များများတွေက အဓိက စစ်တပ်နဲ့ပဲ ပေါင်းသင်း ဆက်ဆံပြီး တော်လှန်ရေးတပ်တွေဘက် သေနတ်ပြောင်းပြန်လှည့်တာမျိုး” ဟု Black Fox Southern Shan Local Defence Force ပြန်ကြားရေးတာဝန်ခံ ကိုဖိုးလုံးကပြောသည်။

SSLRU နိုင်ငံရေးမှူး စိုင်းပန်ဖက “ကျွန်တော်တို့ လိုကယ် အဖွဲ့အနေနဲ့ NUG,MOD ကနေ တိုက်ရိုက်အကူအညီရတာမျိုးတော့ မရှိခဲ့ဖူးဘူး၊ သွယ်ဝိုက်ပြီး ပံ့ပို့မှု ရခဲ့တာမျိုးတွေတော့ ရှိတယ်ဗျ” ဟု SSLRU နိုင်ငံရေးမှူး စိုင်းပန်ဖကပြောသည်။

Black Fox Southern Shan Local Defence Force ကလည်း NUG ၏အထောက်အပံ့မရပဲ ပြည်တွင်း၊ ပြည်ပရှိ အသိမိတ်ဆွေတချို့၏ အကူအညီ အထောက်အပံ့ပေးမှုနှင့် ရုန်းကန်နေရသည်ဟု ပြောသည်။

NUG အနေဖြင့် လက်အောက်ခံ (၁၀၀၉) တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ပံ့မှုသည် တစ်ကြိမ်လျှင် ကျပ်သိန်း ၁၀၀(သိန်းတစ်ရာ)နှုန်းဖြင့် NUG အသိအမှတ်ပြုပြီးဖြစ်သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာမှ ယခုထိ ၂၁ ကြိမ်(ကျပ်သိန်း ၂၁၀၀)ရရှိထားသလို လက်နက်တပ်ဆင်ပေးခြင်း ရှိသော်လည်း တပ်ဖွဲ့အနေဖြင့် လက်နက်လိုအပ်ချက်ရှိနေသည်ဟု (၁၀၀၉) တပ်ရင်း၏ ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကီကီက မဲခေါင်ကို ပြောသည်။

ကုန်ဈေးနှုန်းကြီးခြင်း၊ တပ်သားအင်အားများပြားလာခြင်းကြောင့် NUG ၏ ထောက်ပံ့မှုသည် စားနပ်ရိက္ခာအတွက်ပင် မလုံလောက်ပဲ လက်နက်ခဲယမ်းဝယ်ယူရန် ကိုယ်တိုင်ဘဏ္ဍာရှာဖွေနေရသည်ဟု ပြောသည်။

“လက်နက်အင်အားတွေ ခဲယမ်းအင်အားတွေကျတော့ ရန်သူနဲ့ ဘယ်လိုမှ ယှဉ်လို့မနိုင်ဘူးပေါ့လေ၊ လက်နက်ခဲယမ်းတွေ အရမ်းအားနည်းတယ်၊ အလုံအလောက်မရှိဘူး၊ အဲကြောင့်မို့ ကျွန်မတို့ ရှမ်းတောင်တစ်ခုလုံးကို အတွင်းပိုင်းထိထိုးဖောက်နိုင်ဖို့ဆိုတာ အရမ်းကြီး ခက်ခဲသေးတယ်” သူက ပြောသည်။

NUG လက်အောက်ခံမဟုတ်သည့် Black Fox Southern Shan Local Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးလုံးကလည်း တော်လှန်ရေးအင်အားစုများတွင် လူသူအင်အား၊ လက်နက်အင်အားနည်းပါးသည့်အပြင် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်နိုင်မှု နည်းပါးသဖြင့် ရှမ်းတောင်အတွင်းပိုင်းထိ ထိုးဖောက်ရန်ခက်ခဲနေဆဲဖြစ်သလို ရှမ်းပြည်တောင်ရှိပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုသည် စစ်ကောင်စီနှင့် နီးကပ်သည့် ဆက်ဆံရေးသာရှိပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် အားကိုးအားထားနိုင်မည့် ကျောထောက်နောက်ခံ EAO မရှိခြင်းကြောင့်လည်း ဒေသအတွင်းပိုင်းထိ ထိုးဖောက်ရန်ခက်ခဲနေဆဲဖြစ်ကြောင်း သူက ပြောသည်။

ဒေသတွင်းတော်လှန်ရေးတပ်အသီးသီး၌ လိုအပ်ချက်အသီးသီးရှိနေခြင်းကြောင့် ရှမ်းပြည်တောင်ပိုင်းတစ်ခုလုံးကို ဖြန့်ကျက်စိုးမိုးနိုင်းခြင်းမရှိပဲ ကိုယ်စီစိုးမိုးနယ်မြေများ၌သာ ခြေကုတ်ယူလှုပ်ရှားနေကြသည်။

သုဝဏ္ဏခွန်
#MeKongNews
#NUG
#လူအင်အား
#လက်နက်အင်အား
#ချိတ်ဆက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now