မဲခေါင်၊ ဇန်နဝါရီ ၃၁
ဂျပန်အစိုးရရဲ့ ၂၀၂၄ ခုနှစ်အောက်တိုဘာလ နောက်ဆုံးစာရင်းပြုစု ထုတ်ပြန်လိုက်တဲ့ တိုင်းတပါးလုပ်သားဦးရေ အချက်ပြဇယားအရ တစ်နှစ်အတွင်း ၂၅၄၀၀၀ ဦးကနေ ၂.၃ သန်းအထိ စံချိန်တင် ခုန်တက်သွားခဲ့ကြောင်း သိရှိရပါတယ်။
ဂျပန်အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဒီစာရင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး စာရင်းစတင် ပြုစုတဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း တိုင်းတပါးအလုပ်သမားနှုန်း ခုန်တက်မှု အကြမ်းဆုံးနှစ် ဖြစ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၄ ခုနှစ်က တိုင်းတပါးအလုပ်သမား အရေအတွက်ဟာ ၇၈၈၀၀၀ ရှိခဲ့ရာက ၂၀၂၄ နှစ်ကုန် စစ်တမ်းမှာ ၃ ဆဝန်းကျင် ခုန်တက်သွားခဲ့တာဖြစ်ကြောင်းနဲ့ အဓိကအကြောင်းတရားကတော့ သက်ကြီးရွယ်အို နှုန်းများပြားလွန်းရာမှာ ပြည်တွင်း ဝန်ထမ်းရှားပါးလွန်းခြင်းကြောင့် တိုင်းတပါး အလုပ်သမားတွေကို ခေါ်ယူနေရတာကြောင့်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဂျပန်ဟာ မိုနာကိုပြီးရင် ကမ္ဘာမှာ သက်ကြီးရွယ်အိုလူဦးရေ ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပြီး တိုင်းတပါးအလုပ်သမားနှုန်းမှာ ဗီယက်နမ်၊ တရုတ်နဲ့ ဖိလစ်ပိုင် နိုင်ငံသား အလုပ်သမားတွေက အဆင့်အလိုက် အများဆုံး ရှိနေကြောင်း သိရပါတယ်။
နိုင်ငံခြားအလုပ်သမားအများဆုံး လုပ်ဆောင်ရာ အလုပ်တွေကတော့ ကုန်ထုတ်လုပ်ငန်း၊ ဧည့်ဝတ်ပြုမှုနဲ့ လက်လီအရောင်းကဏ္ဍတွေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန် လုပ်သား အင်အားတစ်ခုလုံးရဲ့ ၂၀.၄ ရာခိုင်နှုန်းကို ပြည်ပသား အလုပ်သမားတွေအတွက် နေရာပေးထားရတာဖြစ်ပါတယ်။
Ref: fox
Ref:Bangkokpost
MKF-001
#MeKongNews
#ဂျပန်
#အလုပ်သမား
#စံချိန်တင်








