နေ့စဥ်သတင်း

ရှမ်းဒေသထွက် ကုန်စိမ်းကားထောင်ချီ ဂိတ်တွေမှာ ပိတ်မိနေ၊ ဂိတ်ဖြတ်ခ ကျပ်သိန်းဂဏန်းအထိ လာဒ်ပေးရ

မဲခေါင် 25 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ၂၅ ရန်ကုန်ကိုပို့ဆောင်တဲ့ ရှမ်းဒေသထွက် ကုန်စိမ်းကားတွေ လမ်းခရီးဂိတ်တွေမှာ ပိတ်မိနေတာကြောင့် ကုန်စိမ်းတွေ ပျက်စီးတာ၊ ဈေးမရတာ၊ စရိတ်ပိုကုန်တာတွေ ဖြစ်ပေါ်နေပါတယ်။ သာစည်နဲ့ ကလောကြားက ကျွဲတပ်ဆုံ X-Ray ဂိတ်၊ ပျဉ်းမနား ၊ ရေနီနဲ့ ညောင်ခါးရှည်ဂိတ်တွေမှာ တားဆီးပိတ်ဆို့ခံနေရတာကြောင့် ၂ ရက်ကျော်အထိ ကြာမြင့်စွာစောင့်ဆိုင်းကြရတယ်လို့ အောင်ပန်းကုန်စိမ်းစျေးကွက်က သိရပါတယ်။ ပန်းဂေါ်ဖီ၊ ငရုတ်သီး၊ ဂျူးမြစ်၊ မုန်ညှင်း၊ မုန်လာဥနီ၊ ဘိုစားပဲနဲ့ ပန်းမျိုးစုံ အစရှိတဲ့ ကုန်စိမ်းမျိုးစုံဟာ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းကနေ ရန်ကုန်ဘက်ကိုနေ့ချင်းရောက်မှ စိုက်ပျိုးရောင်းချသူ၊ စားသုံးသူနဲ့ သယ်ဆောင်ရောင်းချသူတွေ အဆင်ပြေမှာဖြစ်ပေမယ့် အခု လမ်းဂိတ်တွေမှာကြာမြင့်နေတာကြောင့် အဆင်မပြေတာတွေ ဖြစ်ပေါ်နေတာပါ။ “တစ်ရက်တည်း ရောက်ရမယ့်ကုန်က မရောက်တော့

မဲခေါင်၊ ဒီဇင်ဘာ၂၅

ရန်ကုန်ကိုပို့ဆောင်တဲ့ ရှမ်းဒေသထွက် ကုန်စိမ်းကားတွေ လမ်းခရီးဂိတ်တွေမှာ ပိတ်မိနေတာကြောင့် ကုန်စိမ်းတွေ ပျက်စီးတာ၊ ဈေးမရတာ၊ စရိတ်ပိုကုန်တာတွေ ဖြစ်ပေါ်နေပါတယ်။

သာစည်နဲ့ ကလောကြားက ကျွဲတပ်ဆုံ X-Ray ဂိတ်၊ ပျဉ်းမနား ၊ ရေနီနဲ့ ညောင်ခါးရှည်ဂိတ်တွေမှာ တားဆီးပိတ်ဆို့ခံနေရတာကြောင့် ၂ ရက်ကျော်အထိ ကြာမြင့်စွာစောင့်ဆိုင်းကြရတယ်လို့ အောင်ပန်းကုန်စိမ်းစျေးကွက်က သိရပါတယ်။

ပန်းဂေါ်ဖီ၊ ငရုတ်သီး၊ ဂျူးမြစ်၊ မုန်ညှင်း၊ မုန်လာဥနီ၊ ဘိုစားပဲနဲ့ ပန်းမျိုးစုံ အစရှိတဲ့ ကုန်စိမ်းမျိုးစုံဟာ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းကနေ ရန်ကုန်ဘက်ကိုနေ့ချင်းရောက်မှ စိုက်ပျိုးရောင်းချသူ၊ စားသုံးသူနဲ့ သယ်ဆောင်ရောင်းချသူတွေ အဆင်ပြေမှာဖြစ်ပေမယ့် အခု လမ်းဂိတ်တွေမှာကြာမြင့်နေတာကြောင့် အဆင်မပြေတာတွေ ဖြစ်ပေါ်နေတာပါ။

“တစ်ရက်တည်း ရောက်ရမယ့်ကုန်က မရောက်တော့ ပျက်စီးလို့ ကုန်သည်တွေနဲ့ စိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတွေ နစ်နာဆုံးရှုံးတယ်၊ ပဲခူးနဲ့ ရန်ကုန်ကစားသုံးသူတွေလည်း သီးနှံလတ်ဆတ်တာ မစားကြရဘူးပေါ့၊ အရင်ကလို ကုန်စိမ်းကားတွေကို Green Lane နဲ့ သွားခွင့်ပြုရင် မကြန့်ကြာနိုင်ဘူးပေါ့ဗျာ” လို့ အောင်ပန်းကုန်စိမ်းဒိုင်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

ကျွဲတပ်ဆုံမှာ ည ၉ နာရီကျော်ကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကြောင့်အခုလို လမ်းခရီးမှာအနည်းဆုံး ၂ ရက်အထိ စောင့်ဆိုင်းရတာဖြစ်သလို ပျဉ်းမနား ရေနီနဲ့ညောင်ခါးရှည်ဂိတ်တွေမှာလည်း ထပ်မံပိတ်မိတာကြောင့် လမ်းခရီးမှာ ၂ ရက်ကျော်ကြာမြင့်ကြီးမှ အဝယ်ဒိုင်ကိုရောက်ရှိတယ်လို့ပြောပါတယ်။

“ကုန်တင်ကားကြီးတွေ တန်းစီနေကြရတာ ရေပေါင်းဆုံးရွာထိရောက်ပါတယ်၊ ကားစီးရေထောင်ချီမယ်၊ လူစီးကားနဲ့ တစ်ခြား ခြောက်ဘီးကားလေးတွေကတော့ ဂိတ်နားလေးတင် တန်းစီစောင့်ရပါတယ်၊ အရင်က ရန်ကုန်ဆို တစ်ညအိပ်ပဲ၊ အခုက ရန်ကုန်မရောက်သေးဘူး၊ လမ်းမှာတင် နှစ်ညအိပ် သုံးရက်ရှိနေလို့ ကုန်တွေပျက်စီးရသလို စျေးကောင်းလည်း မရတော့ဘူး” လို့ အောင်ပန်းက ကုန်စိမ်းတင်ယာဉ်မောင်းတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

မစောင့်ချင်လို့ကျော်တက်တဲ့ကားတွေကို ဒဏ်ကြေးအဖြစ် ကျပ်တစ်သိန်းအထိကောက်ပြီး လွှတ်ပေးတာလည်း ရှိတယ်လို့ သိရပါတယ်။

“ဘယ်သူကပေးချင်မှာလဲဗျာ၊ တမင်သက်သက်ခွင်လုပ်ထားတာဗျ၊ ကားတွေကလည်း ရက်ကြာလာတော့စားစရိတ်နဲ့တွက်ပြီးပိုက်ဆံပေးကျော်တက်ကြတာပါ၊ ဒါတောင်သူတို့ညှိလို့ တက်လာခဲ့ဆိုမှပါ၊ မညှိပဲနဲ့တက်သွားလို့ကတော့ တောင်းသလောက်ပေးပဲ၊ အခြားနေရာမှာလည်း စောင့်ရတာပါပဲ” လို့ ကားသမားတစ်ဦးကပြောပါတယ်။

အောင်ပန်းကနေ ၁၂ ဘီးကားတစ်စီးကို ပိဿာ ၁၀၅၀၀ နဲ့ တွဲကားကို ပိဿာ ၂၂၀၀၀ သာ ကတ္တားကခွင့်ပြုပြီး ကတ္တားတွေမှာ ကြန့်ကြာရတာလည်း အဆင်မပြေကြဘူးလို့ သိရပါတယ်။

MK-012
#MekongNews
#ရှမ်းဒေသ
#ကုန်စိမ်းကား
#ဂိတ်တွေပိတ်
#ဂိတ်ဖြတ်ခ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now