ဒေသတွင်းသတင်း

မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ စစ်ဘေးရှောင် ကျေးရွာက နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရ

မဲခေါင် 5 Oct - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်က တိုက်ပွဲ‌တွေကြောင့် စစ်ဘေးရှောင်‌နေရတဲ့ နမ့်ကတ်ကျေးရွာအုပ်စု၊ မိုင်းဆတ်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားပေမယ့် နေအိမ်‌တွေ ဖောက်ထွင်း ခိုးယူခံနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်က တိုက်ပွဲ‌တွေကြောင့် စစ်ဘေးရှောင်‌နေရတဲ့ နမ့်ကတ်ကျေးရွာအုပ်စု၊ မိုင်းဆတ်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားပေမယ့် နေအိမ်‌တွေ ဖောက်ထွင်း ခိုးယူခံနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး တိုက်ပွဲ ပြင်းထန်နေတာကြောင့် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ ခိုလှုံ‌နေရတဲ့ မိုင်းဆတ်ကျေးရွာက စစ်ရှောင်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က ရွာခံတွေရဲ့ နေအိမ် ၆ အိမ်ထက်မနည်း ဖောက်ထွင်းခံရပြီး ဆန် ၁၀ အိတ်ခန့်၊ ဆား၊ ဆီနဲ့ အုတ်တွေအပြင် ဆိုင်ကယ်တွေရဲ့ ဘီးတွေပါ ဖြုတ်ခိုးသွားတယ်လို့ မိုင်းဆတ်ရွာခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်တွေရဲ့ ဘီးကို ဖြုတ်ပြီး ခိုးသွားတာလည်းရှိတယ်။ တော်တော်ဆိုးတယ်။ ရွာခံ‌တွေ ရှောင်တဲ့ချိန် အိမ်ကို ဝင်ခိုးတာ အရင်က တစ်ခါမှ မဖြစ်ဖူးဘူး။ ဘိန်းစားတွေလား ဘယ်သူတွေ ခိုးလဲတော့ ဘယ်သူမှ မမြင်ဘူး” လို့ သူကပြောပါတယ်။

နေအိမ်တွေကို ဘယ်သူ ဖောက်ထွင်း ခိုးယူတယ်ဆိုတာ မသိရှိရပေမယ့် ရွာထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ရှိသလို ရွာဘုန်းကြီးဝန်းထဲမှာ စစ်ကောင်စီတပ်စွဲ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ နမ့်ကတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ စစ်ရေး တင်းမာနေ‌ပေမယ့် နေအိမ် ဖျက်ဆီးပြီး ပစ္စည်းတွေ ခိုးယူခံနေရတာကြောင့် ရွာကို ပြန်ချင်တယ်လို့ စစ်ရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

သာယာကုန်း ရပ်ကွက်မှာ စစ်ရှောင်နေတဲ့ နောက်ထပ် စစ်ရှောင် အမျိုးသမီး တစ်ဦးက “ကျမတို့ အိမ်ပြန်ချင်ပြီ။ အိမ်တွေလည်း ခိုးခံရပြီ။ ကျမအိမ်‌ဆို ဘာတွေခိုးခံရပြီမှန်း မသိဘူး။ ဒီမှာ တစ်ယောက်ပြီးတစ်ယောက် ဖျားနေပြီ” လို့ ဆိုပါတယ်။

လက်ရှိ နမ့်ခမ့်မြို့၊ သာယာကုန်းရပ်ကွက်မှာ စစ်ဘေးရှောင် ၁၁၆ ဦးရှိပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေ တုပ်ကွေးဖြစ်ပြီး ဖျားနာနေတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် မူဆယ်-နမ့်ခမ်းလမ်း၊ တုန်ခွမ်ကျေးရွာကနေ နမ့်ကတ်ရွာ၊ မိုင်းဆတ်ရွာနဲ့ မန်ကန်ရွာတွေမှာ တိမ်းရှောင် နေရတဲ့ စစ်ရှောင် ထက်ဝက်ခန့် တုပ်ကွေးဖြစ်ပြီး ဖျားနာတာ‌ကြောင့် အောက်တိုဘာလ ၃ ရက်နေ့က နေရပ် ပြန်သွားကြပါတယ်။

CJ-014

#MeKongNews

#မူဆယ်မြို့နယ်

#ဖောက်ထွင်း_ခိုးယူ

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now