မဲခေါင်၊ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရဲစခန်းကို ပအိုဝ်းပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပအိုဝ်းပြည်သူ့စစ် (PNA)က ပြန်လည်ခုခံခဲ့တာမျိုး မရှိတာကြောင့် ဒီနေ့မနက် (ဇန်နဝါရီ ၂၅) ၅ နာရီလောက်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ တစ်ဦးက “ရဲစခန်းက လူမရှိတော့ဘူး ထင်တယ်။ ဝင်ရုံဘဲ ရှိသေးတယ် သိမ်းသွားပြီ။ အခုတော့ စခန်းမှာ တပ်စွဲထားတုန်းပဲ” လို့ ပြောပါတယ်။
ဆီဆိုင်မြို့ တောင်ဘက် ပုံးလောင်းကျေးရွာနဲ့ မြကန်သာ ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်မှု ရှိတယ်လို့ သိရပါတယ်။
မနေ့ (ဇန်နဝါရီ ၂၄) မနက်ပိုင်းကလည်း ဆီဆိုင်မြို့နဲ့ ၃ မိုင်ခန့် ကွာဝေးတဲ့ လွိုင်ကော် – ဆီဆိုင် လမ်းမကြီးပေါ်က စစ်ကောင်စီ PNO ပူးပေါင်း စစ်ဆေးရေးဂိတ်ကိုလည်း မဟာမိတ်တော်လှန်ရေး အင်အားစုတွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
လတ်တလောမှာ ဆီဆိုင်မြို့တွင်း ပိတ်မိနေတဲ့ ပြည်သူတွေ ရှိနေသလို အများစုကတော့ ဆိုက်ခေါင်နဲ့ တောင်ကြီးဘက်ကို စစ်ရှောင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
CJ-007
#MeKongNews
#ဆီဆိုင်
#ရဲစခန်း
#စစ်ကောင်စီ
#သိမ်းပိုက်
#တော်လှန်ရေး









