ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်ကိုအယုံအကြည်မရှိ အဆို မအောင်မြင်
မဲခေါင်၊ မတ် ၂၆
ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ကို အယုံအကြည်မရှိ အဆိုကို ယနေ့နံနက်ပိုင်း ထိုင်းလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ အဆိုကို ထောက်ခံသူ အရေအတွက်မှာ အနည်းစုသာဖြစ်သဖြင့် မအောင်မြင်ခဲ့ပေ။
တာဝန်ယူခွင့် တာဝန်ခံခွင့်မရှိသည့် ဖခင်သက်ဆင်၏ ဩဇာနှင့်အကြံဉာဏ်များကို အဓိကအားထားကာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရာထူးရယူထားခြင်း၊ အခွန်ရှောင်ခြင်း၊ နိုင်ငံစီးပွားရေးမတိုးတက်ခြင်းများကြောင့် ဝန်ကြီးချုပ် အယုံအကြည်မရှိအဆိုကို ထိုင်းလွှတ်တော်တွင်တင်ခဲ့ရာ မတ် ၂၆ ရက် နံနက်ပိုင်း မဲခွဲမှုအရ ဝန်ကြီးချုပ်ပေထောင်တန်ကို ထောက်ခံသည့်မဲ ၃၁၉ မဲရရှိပြီး အယုံအကြည်မရှိဆိုသည့် ဆန့်ကျင်မဲမှာ ၁၆၂ မဲသာ ရရှိသဖြင့် ဝန်ကြီးချုပ်ရာထူး ဆက်လက်တည်မြဲခဲ့ပြီဖြစ်သည်။
ထိုင်းစံတော်ချိန် နံနက် ၁၀ နာရီတွင် အဆိုပါ မဲပေးဆုံးဖြတ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုမဲပေးမှုမတိုင် ခင် ၂ ရက်ကြာ လွှတ်တော်အတွင်း အမတ်များက အယုံအကြည်မရှိရသည့် အဓိက အကြောင်းအရင်း များနှင့်ပတ်သက်သည့် Debate များပြုလုပ်ခဲ့ကြသည်။ ပေထောင်တန်၏ အဓိကအတိုက်အခံ ပြည်သူ့ပါတီမှ ပေထောင်တန်သည် ဦးဆောင်နိုင်မှုပိုင်းတွင် ငယ်ရွယ်သည့်အလျှောက် ပြည့်စုံမှုမရှိဘဲ ဖခင် သက်ဆင်အပေါ် အားထားလွန်းနေခြင်း၊ မိသားစုပိုင်ဆိုင်မှုများတွင် နိုင်ငံအခွန်ရှောင်လွှဲမှုများရှိနေခြင်း၊ နိုင်ငံစီးပွားရေးတိုးတက်လာရန် ဦးဆောင်မှုမပေးနိုင်ခြင်း၊ လေထုညစ်ညမ်းမှုပြဿနာကိုလည်း မဖြေရှင်းနိုင်သေးခြင်းများကို ထောက်ပြပြီး အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
မဲပေးရာတွင် လွှတ်တော်အမတ်ပေါင်း ၄၉၃ ဦးမဲပေးခဲ့ပြီး အတိုက်အခံပါတီ ၅ ခုဖြစ်သော ပြည်သူ့ပါတီမှ ပေထောင်တန်အား ဆန့်ကျင်မဲ ၁၄၃ မဲ၊ ပရာဝစ်၏ ပရာချာရတ်ပါတီက ၂၀ မဲ၊ ထိုင်းဆန်ထိုင်းပါတီက ၆ မဲ၊ Fair ပါတီက တစ်မဲ၊ ထိုင်း Progress ပါတီက တစ်မဲဖြင့် စုစုပေါင်း ဆန့်ကျင်မဲ၁၆၂ မဲသာ ရရှိခဲ့သည်။ ပေထောင်တန်ကို ထောက်ခံမဲ ၁၆၂ မဲ ပေးခဲ့ကြပြီး မဲမပေးမှု ၇ မဲသာရှိခြင်းကြောင့် အယုံအကြည်မရှိ အဆို မအောင်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရေးနယ်ပယ်တွင် စစ်အာဏာသိမ်းမှုများ၌ အဓိက ဦးဆောင်သူတစ်ဦးဖြစ်သော ဒုစစ်ဦးစီးချုပ်ဟောင်း ပရာဝစ်ကိုယ်တိုင်ကပင် Debate အစီအစဉ်၌ နိုင်ငံသည် အပျော်တမ်း လေ့ကျင့် ရေးကွင်းမဟုတ်ဟုဆိုကာ ပေထောင်တန်၏ ဦးဆောင်နိုင်စွမ်းမရှိမှုကို ပြစ်တင်သွားခဲ့သော်လည်း မဲခွဲ ဆုံးဖြတ်ရာ၌ ဖွေထိုင်းပါတီခန့် အမတ်များစွာ လွှတ်တော်တွင်းနေရာယူထားမှုကြောင့် ဝန်ကြီးချုပ် ရာထူးဆက်တက်လည်မြဲသွားနိုင်ခြင်းဖြစ်သည်ဟု သုံးသပ်သေကြသည်။
ကိုကလင်း
Ref:The Nation
#MeKongNews









