မဲခေါင်၊ ဖေဖော်ဝါရီ ၂၆
လက်နက်တပ်ဆင်ပြီး ချင်းတွင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့ အမှတ်စဉ် ၁ သင်တန်းဆင်း ABSDF ရဲဘော်တွေကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီမှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ABSDF ကျောင်းတပ်တပ်မတော်ဟာ ၈၈ တော်လှန်ရေးက သန္ဓေတည်လာတာဖြစ်ပြီး အရပ်သားအစိုးရလက်ထက်က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုအခါ နွေဦးတော်လှန်ရေး နောက်ပိုင်း အာဏာသိမ်း စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်မှုတွေမှာ ABSDF တပ်ဖွဲ့တချို့ဟာ ဒေသခံ PDF တွေနဲ့ ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။
ABSDF အနေနဲ့ ကချင်၊ ကရင်၊ ကရင်နီ နဲ့ စစ်ကိုင်းဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေပြီး တော်လှန်ရေး ရဲဘော်သစ်တွေလည်း မွေးထုတ်နေတာဖြစ်ပါတယ်။
MK-001