ဒီကနေ့ မနက် ၅ နာရီ ၄၅ မိနစ်မှာ ညင်းထွေးရွာ အနီး စစ်ကောင်စီယာဉ်တန်း ၁၄ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် စစ်ကားတွေ မောင်းပြေးရာမှာ အမျိုးသမီးငယ် တစ်ဦးကို ကားနဲ့ တိုက်ပြီး ကြိတ်သွားတာလို့ သိရပါတယ်။
မိုင်းဆွဲပြီးတဲ့ အချိန်မှာ စကစ ကားတွေ မောင်းပြေးသွားပါတယ်။ လမ်းမှာ ဆိုင်ကယ်နဲ့ သွားနေတဲ့ မိန်းကလေး တစ်ဦးကို စစ်ကားနဲ့ တိုက်သတ် တက်ကြိတ်သွားလို့ ပွဲချင်းပြီး သေဆုံးသွားပြီလို့ သိရပါတယ်
လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီနောက် မောင်မယ်ရှောင်ရွာနဲ့ ဇဟာရွာကြားမှာ ဒီကနေ့ မနက် ၆ နာရီ ဝန်းကျင်မှာ အဲဒီ စစ်ယာဉ်တန်းကို ၂ ကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှု များနိုင်တယ်လို့ သိရပါတယ်။
စစ်တပ်က ကားနဲ့ကြိတ်ခဲ့လို့ သေဆုံးသူမှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး ဘယ်သူ ဆိုတာ မသိရသေးဘဲ အလောင်းကို ပရဟိတအသင်းမှ လာရောက် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
လက်ရှိ အဲဒီ လမ်းမပေါ်မှာ စစ်သားတွေ ခြေရှုပ်နေပြီး လလမ်းသွားလာတွေကို အတင်းအကျပ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ် လို့လည်း သိရပါတယ်။