မဲခေါင်၊ မတ် ၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေတဲ့ ထောက်တိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း-MOGE ကို ပြည်သူတွေ ဒီကနေ့ ကန့်ကွက် သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီကန့်ကွက် သပိတ်မှောက်မှုကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၇၂၃ ရက်မြောက်နေ့ အဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး MOGE ကို ချက်ချင်း အရေးယူ ပိတ်ဆို့ပေးဖို့ တောင်းဆိုထားပါတယ်။
MK-007