နေ့စဥ်သတင်း

အင်းလေးဒေသတွင် ပအိုဝ်းရွာ၌သာ တပ်စွဲနေသည်ဟု PNO ထုတ်ပြန်ချက် မြေပြင်နှင့် ကွဲလွဲနေ၊ အင်းလေးဒေသကို ၂ ခြမ်းခွဲကာ အထူးဒေသ ၆ အထဲထည့်သွင်းထား

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ အင်းလေးဒေသတွင် ပအိုဝ်းရွာများ၌သာ တပ်စွဲနေထိုင်သည်ဟု စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်၏ ထုတ်ပြန်ချက်သည် မြေပြင်နှင့် ကွဲလွဲနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။ PNO ပြည်သူ့စစ်သည် အင်လေးအရှေ့နှင့် အင်းလေးအနောက်ဘက်ရှိ ပအိုဝ်းကျေးရွာများတွင်သာ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေပြီး အင်းလေးဒေသအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ တိုးချဲ့ထည့်သွင်းမည် မဟုတ်ဟု ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အင်းလေးဒေသအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ တိုးချဲ့ထည့်သွင်းမည်ဟု သတင်းအမှားများ ထွက်ပြီးနောက် PNO ပြည်သူ့စစ်က ယခုကဲ့သို့တန်ပြန်ထုတ်ပြန်ချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။ သို့သော် ထိုတန်ပြန်ထုတ်ပြန်ချက်သည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေပြီး မြေပြင်တွင် အခြားလူမျိုးများ၏ ကျေးရွာများကိုပါ PNO က

မဲခေါင်၊ ဇွန် ၁၈

အင်းလေးဒေသတွင် ပအိုဝ်းရွာများ၌သာ တပ်စွဲနေထိုင်သည်ဟု စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်၏ ထုတ်ပြန်ချက်သည် မြေပြင်နှင့် ကွဲလွဲနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

PNO ပြည်သူ့စစ်သည် အင်လေးအရှေ့နှင့် အင်းလေးအနောက်ဘက်ရှိ ပအိုဝ်းကျေးရွာများတွင်သာ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေပြီး အင်းလေးဒေသအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ တိုးချဲ့ထည့်သွင်းမည် မဟုတ်ဟု ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အင်းလေးဒေသအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ တိုးချဲ့ထည့်သွင်းမည်ဟု သတင်းအမှားများ ထွက်ပြီးနောက် PNO ပြည်သူ့စစ်က ယခုကဲ့သို့တန်ပြန်ထုတ်ပြန်ချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

သို့သော် ထိုတန်ပြန်ထုတ်ပြန်ချက်သည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေပြီး မြေပြင်တွင် အခြားလူမျိုးများ၏ ကျေးရွာများကိုပါ PNO က ဆက်ကြေးကောက်ခြင်း၊ လူတောင်းခြင်း၊ စားနပ်ရိက္ခာတောင်းခြင်းနှင့် ရွာဖျက်ဆီးခြင်းများကိုပါ လုပ်ဆောင်သည်ဟု ဒေသခံပြည်သူများက ပြောသည်။

“စာနဲ့လုပ်ရပ်က တခြားစီပဲဗျ၊ အင်လေးတောင်ပိုင်းမှာရှိတဲ့ ကျနော်တို့ တောင်စိန်ရွာဆို PNO တွေ တရွာလုံးမီးရှို့ဖျက်ဆီးတာ အခုထိ ပြန်တည်ထောင်ခွင့် မရသေးဘူး။ ကျနော်တို့ရွာက တိုက်ပွဲဖြစ်တဲ့နေရာလည်း မဟုတ်ဘူး၊ အတွင်းထဲမှာရှိတဲ့ရွာပဲ။ ပြီးတော့ ပြည်ထဲရေးမှာလည်း တရားဝင်နာမည်ပေါက်တဲ့ရွာ ဖြစ်တယ်။ အစိုးရက ပေးတဲ့ မူလတန်းကျောင်းတောင် အခုထိရှိသေးတယ်။ ရွာကတော့ PNO တွေ မီးရှို့ကုန်ပြီ။ ရွာသားတွေလည်း သူတို့မောင်းထုတ်ကုန်ပြီ”ဟု တောင်စိန်ရွာခံတစ်ဦးကပြောသည်။

တောင်စိန်ရွာသည် ညောင်ရွှေမြို့နယ် အင်းလေးတောင်ပိုင်းတွင်တည်ရှိပြီး လီဆူတိုင်းရင်းသားကျေးရွာဖြစ်သည်။

ထို့ပြင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအနောက်ဘက်ခြမ်း အင်လူမျိုးများရွာတွင်လည်း PNO ပြည်သူ့စစ်က နှစ်စဉ် ဆက်ကြေးနှင့် လူတောင်းခံသဖြင့် လက်ရှိအချိန်ထိ ပေးနေရဆဲဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

“အင်းတိန်ဒေသဆိုတာက နာမည်ကျော် အင်းရွာပါ။ ပအိုဝ်းရွာမဟုတ်ဘူး။ ဒါပေမယ့် PNO ကို အခုထိ တစ်လ ၃ သောင်း ဆက်ကြေးပေးနေရတုန်းပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် အင်းလေးတောင်ပိုင်းတွင် ရှိသည့် နားကန်၊ ကျောက်တိုင်၊ မှော်ဘီ၊ ကွန်ကျိုင်း၊ နမ့်တုတ် စသည့်ရှမ်းကျေးရွာများတွင်လည်း လက်ရှိအချိန်ထိ PNO ပြည်သူ့စစ်ကို ဆက်ကြေး၊ လူ နှင့် ထမင်းထုပ်များ ပို့ဆောင်ပေးနေရဆဲဖြစ်သည်။

“ကျနော်တို့ နမ့်တုတ်ဆို ရှမ်းရွာစစ်စစ်ပါ။ ဒါပေမယ့် PNO ကို ကင်းစောင့်သွားရတယ်။ ဆက်ကြေးထည့်ရတယ်။ ထမင်းထုပ်ပေးရတယ်။ သူတို့ထုတ်ပြန်သလို ပအိုဝ်းရွာတွေမှာပဲ နေတယ်။ စားတယ်ဆိုတာ မဟုတ်ပါဘူး”ဟု နမ့်တုတ် ဒေသခံတစ်ဦးကပြောသည်။

ထို့ပြင် P ပြည်သူ့စစ်သည် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အင်းလေးဒေသအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ မထည့်သွင်းပါဟု ဆိုသော်လည်း PNO ပြည်သူ့စစ်က သတ်မှတ်ထားသည့် အထူး ၆ ဒေသအတွင်းသို့ ထည့်သွင်းထားကြောင်း ရှမ်းတောင်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာက ၂၀၀၈ အရပေးထားတာဖြစ်လို့ အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲထည့်ဖို့ဆိုရင် PNO ပြည်သူ့စစ်က ထည့်လို့လည်း မရပါဘူး။ အခွင့်အာဏာလည်း မရှိဘူး။ ဒါပေမယ့် ဘယ်ဥပဒေနဲ့မှ အသိအမှတ်ပြုထားတာ မရှိတဲ့ အထူးဒေသ – ၆ ထဲကိုတော့ PNO က အင်းလေးဒေသအပြင် ဖယ်ခုံမြို့နယ်၊ လဲချားမြို့နယ်၊ ရပ်စောက်မြို့နယ်၊ နမ့်စန်မြို့နယ်၊ မောက်မယ်မြို့နယ်တို့ကိုပါ ထည့်သွင်းထားသလို မြေပြင်မှာလည်း လှုပ်ရှားစိုးမိုးနေတာ ရှိပါတယ်။ စိုးမိုးနိုင်မှု အနည်းအများတော့ ကွာတာပေါ့ဗျာ” ၎င်းက ပြောသည်။

အင်းလေးဒေသကို PNO ပြည်သူ့စစ်က ၎င်းတို့၏ ဖွဲ့စည်းပုံအရ ဖြားဗွာခမ်း(ခ)ကျောက်တစ်လုံးကြီးမြို့နယ် နှင့် စန္ဒာခမ်း(ခ)ပင်လောင်းမြို့နယ်အတွင်းသို့ တစ်ခြမ်းစီ ထည့်သွင်းထားသည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ရှင်းပြသည်။

၁၉၉၁ ခုနှစ်တွင် PNO အဖွဲ့အစည်းသည် စစ်အစိုးရနှင့် နှုတ်ကတိဖြင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် နှစ်ခုအတွင်းရှိ နယ်မြေအချို့ကို ဖွံဖြိုးရေးလုပ်ဆောင်မည့် အထူးဒေသ အမှတ်စဉ် – ၆ အဖြစ် စစ်အစိုးရက နှုတ်ဖြင့် သတ်မှတ်ပေးခဲ့သည်။

PNO ပြည်သူ့စစ်သည် ယခင်က တော်လှန်ရေးအဖွဲ့ဖြစ်ခဲ့ဖူးသော်လည်း ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ အသွင်ပြောင်း ပြည်သူ့စစ်အဖြစ် ပြောင်းလဲကာ တော်လှန်ရေးတပ်ဖွဲ့များကို ယနေ့အချိန်ထိ ပြန်လည် တိုက်ခိုက်နေဆဲဖြစ်သည်။

#MeKongNews
#အင်းလေးဒေသ
#ပအိုဝ်းရွာ
#တပ်စွဲ
#PNO
#ထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now