နေ့စဥ်သတင်း

ကဒူးကြီးထိုးစစ်အတွင်း ပအိုဝ်းရွာ ၄ ရွာကို PNO မီးရှို့ဖျက်ဆီး

မဲခေါင် 7 Mar - 2026
မဲခေါင်၊ မတ် ၇ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသသို့ ထိုးစစ်ဆင်သည့် ကာလအတွင်း ပအိုဝ်းကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဲခေါင်းသတင်းဌာနက ကောက်ယူရရှိသည့် စာရင်းအရ သိရသည်။ ကဒူးကြီးဒေသသို့ စစ်ကြောင်းထိုးမှုအတွင်း PNOပြည်သူ့စစ်က မီးရှို့ဖျက်ဆီးလိုက်သည့်ရွာများမှာ ခိန်နန်ကျေးရွာ၊ ဟမ်ဗွာကျေးရွာ၊ ဗန်းမတ်ရွာသစ်(စစ်ဘေးရှောင်ရွာ) နှင့် ပနားပန်ကျေးရွာတို့ ဖြစ်ကြောင်း၊ ယင်းအရေအတွက်မှာ ပအိုဝ်းကျေးရွာ ၁၂ ရွာရှိသည့် ကဒူးကြီးဒေသတွင် ၃ပုံ ၁ပုံမီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ “အဲ့ဒီကျေးရွာ၄ရွာကတော့ လုံးဝကို ပျက်စီးသွားပြီဖြစ်လို့ လူထုလည်း ပြန်နေတာတွေ မရှိတော့တဲ့အခြေအနေပါ။ အဲ့ဒီဒေသခံတွေက ၅၀၀ လောက်ရှိမယ် ထင်တယ်။ တောထဲကို ပြောင်းရွေ့နေသူတွေရှိသလို ရေကြည်ရာ၊

မဲခေါင်၊ မတ် ၇

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသသို့ ထိုးစစ်ဆင်သည့် ကာလအတွင်း ပအိုဝ်းကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဲခေါင်းသတင်းဌာနက ကောက်ယူရရှိသည့် စာရင်းအရ သိရသည်။

ကဒူးကြီးဒေသသို့ စစ်ကြောင်းထိုးမှုအတွင်း PNOပြည်သူ့စစ်က မီးရှို့ဖျက်ဆီးလိုက်သည့်ရွာများမှာ ခိန်နန်ကျေးရွာ၊ ဟမ်ဗွာကျေးရွာ၊ ဗန်းမတ်ရွာသစ်(စစ်ဘေးရှောင်ရွာ) နှင့် ပနားပန်ကျေးရွာတို့ ဖြစ်ကြောင်း၊ ယင်းအရေအတွက်မှာ ပအိုဝ်းကျေးရွာ ၁၂ ရွာရှိသည့် ကဒူးကြီးဒေသတွင် ၃ပုံ ၁ပုံမီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

“အဲ့ဒီကျေးရွာ၄ရွာကတော့ လုံးဝကို ပျက်စီးသွားပြီဖြစ်လို့ လူထုလည်း ပြန်နေတာတွေ မရှိတော့တဲ့အခြေအနေပါ။ အဲ့ဒီဒေသခံတွေက ၅၀၀ လောက်ရှိမယ် ထင်တယ်။ တောထဲကို ပြောင်းရွေ့နေသူတွေရှိသလို ရေကြည်ရာ၊ မြက်နုရာ ပြောင်းရွေ့တာလည်းရှိပါတယ်။ အဆက်အသွယ်မရကြတော့ပါဘူး”ဟု ခိန်နန်ဒေသခံတစ်ဦးကပြောသည်။

ကဒူးကြီးဒေသကို ထိုးစစ်ဆင်လာသည့် PNO သည် ခိန်နန်ကျေးရွာကို ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ဟမ်ဗွာကျေးရွာကို ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်လည်းကောင်း၊ ဗန်းမတ်ရွာသစ်ကို ဖေဖော်ဝါရီလ ၁၃ရက်တွင်လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပနားပန်ကျေးရွာကိုမူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းတွင် PNOက မီးရှိုခဲ့ခြင်းဖြစ်ကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရသည်။

“ဟမ်ဗွာရွာကတော့ မီးမလောင်တာ ၈အိမ်လောက်ပဲကျန်တယ်။ ကျန်တဲ့ ရွာ ၃ ရွာကတော့ ပြာဖြစ်ကုန်ပြီ။ ရွာပျက်တွေဖြစ်ကုန်ပြီ” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးလိုက်သည့် ယင်းပအိုဝ်းကျေးရွာ ၄ ရွာသည် စုစုပေါင်း အိမ်ခြေ ၁၀၀ကျော် လူဦးရေ ၅၀၀ ခန့်ရှိပြီး ဟမ်ဗွာကျေးရွာ ဘုန်းကြီးကျောင်းလည်း မီးလောင်ပျက်စီးကာ ကျောင်းထိုင်ဆရာတော်ကိုလည်း PNOပြည်သူ့စစ်က အတင်းအဓမ္မပြောင်းရွေ့စေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အဲ့ရွာ ၄ ခုမှာ ဟမ်ဗွာရွာကတော့ ဘုန်းကြီးကျောင်းရှိတယ်။ စာသင်ကျောင်းလည်းရှိတယ်။ PNOတွေ ဝင်လာပြီးတော့ ဆရာတော်ကိုပါ မောင်းထုတ်လို့ ဆရာတော်လည်း ဇာတိရွာကို ပြန်ကြွသွားပြီ”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် PNO တပ်ဖွဲ့များက ပြည်သူလူထုအား အတင်းအဓမ္မဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ခြင်း၊ ပြည်သူပိုင် မြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်များကိုလည်း သတ်ဖြတ်စားသောက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မဲခေါင်သတင်းဌာနက ကောက်ယူရရှိသည့် စာရင်းအရ PNOပြည့်သူ့စစ်သည် ခိန်နန်ဒေသခံတစ်ဦးပိုင်ဆိုင်သည့် မြင်တစ်ကောင်၊ ကျွဲ ၂ ကောင်၊ ပနားပန်ဒေသခံများပိုင်သည့် ကျွဲ ၈ ကောင်၊ ဒုံပုံးရွာသားများပိုင်သည့် ကျွဲ ၄ ကောင်ကို ဖမ်းဆီးသတ်ဖြတ်ကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့တွင်ပင် တောထဲလွတ်ထားသည့် ကျွဲများကို လိုက်ရှာနေသည့် ဒုံပုံးရွာသား ၃ ဦးကို PNO ပြည်သူ့စစ်က ဖမ်းဆီးကာ ၂ ဦးကို ပစ်သတ်ပြီး ကျန် ၁ ဦးကို ငွေ ၂၈ သိန်းဖြင့် ပြန်လည်းရွေးခိုင်းခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ၁၉၉၁ ခုနှစ်တွင် ခင်ညွှန့်ဦးဆောင်သည့် စစ်ထောက်လှမ်းရေးထံ လက်နက်ချခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် PNOသည် စစ်တပ်နှင့်ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များအား ယနေ့တိုင်အထိ တိုက်ခိုက်နေဆဲဖြစ်သည်။

#MeKongNews
#ကဒူးကြီး
#PNO
#ပြည်သူ့စစ်
#ရွာမီးရှို့မှု
#မောက်မယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now