နေ့စဥ်သတင်း

သီပေါတံတားကို စစ်ကောင်စီတပ်က ယာဉ်အဝင်အထွက် ပိတ်

မဲခေါင် 14 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၄ စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါတံတားကို စစ်ကောင်စီတပ် စကခ–၁၂ က ယနေ့ နံနက် ၆ နာရီမှ စ၍ ယာဉ်အသွားအလာများ ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းကတည်းက လားရှိုးဘက်အထွက် သီပေါတံတားထိပ်ရှိ MNDAA တပ်က ပြည်မဘက်မှ လာသည့် ကုန်တင်ယာဉ်များကို စတင်ပိတ်ပင်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၁၄ ရက် နံနက် ၆ နာရီမှ စကာ သီပေါကို ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ် စကခ–၁၂ မှ သီပေါတံတား ယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီမနက်က စစ်တပ်က

မဲခေါင်၊ နိုဝင်ဘာ ၁၄

စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါတံတားကို စစ်ကောင်စီတပ် စကခ–၁၂ က ယနေ့ နံနက် ၆ နာရီမှ စ၍ ယာဉ်အသွားအလာများ ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းကတည်းက လားရှိုးဘက်အထွက် သီပေါတံတားထိပ်ရှိ MNDAA တပ်က ပြည်မဘက်မှ လာသည့် ကုန်တင်ယာဉ်များကို စတင်ပိတ်ပင်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၁၄ ရက် နံနက် ၆ နာရီမှ စကာ သီပေါကို ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ် စကခ–၁၂ မှ သီပေါတံတား ယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက်က စစ်တပ်က ပိတ်တာ။ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ကျောက်မီးသွေးကားတွေ သွားခွင့်မရတော့တာ။ နောက်ရက်တွေကျတော့ ကိုးကန့်ဘက်က ကုန်ကားတွေ လာခွင့်မပေးတော့ဘူး။ ခုက စစ်တပ်က ဆိုင်ကယ်တောင် မပေးမသွားဘူး၊ လမ်းလျှောက်သွားရင်တော့ ရသေးတယ်” ဟု သီပေါ ပန်းတိမ်တောင်ရပ်နေသူ တစ်ဦးက မဲခေါင်ကို ပြောသည်။

ယင်းကဲ့သို့ တံတားဖြတ်သန်းမှုများကို နှစ်ဘက်အပြန်အလှန် ပိတ်ပင်လာခြင်းမှာ လားရှိုး “ဆင်နှစ်ကောင်” ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ တင်းမာမှုများ ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“မနေ့က လားရှိုးက ပြန်လာတာ သီပေါတံတားကို မဖြတ်ဘူး။ ၉ မိုင်လမ်းခွဲ – နမ့်လန် – ကျောက်ဂူ လမ်းက လာတာ။ စစ်တပ်ဘက်ကတော့ မသိဘူး။ ကိုးကန့်တွေကတော့ အင်အားများလာတာ သတိထားမိတယ်” ဟု မန္တလေး–လားရှိုး ဆွဲယာဉ်မောင်း တစ်ဦးက ပြောသည်။

အလားတူ မိုင်းရယ်နှင့် ဟိုယကြားရှိ ကောင်းလန်းတံတားကိုလည်း စစ်တပ်က ယမန်နေ့က ပိတ်လိုက်ကြောင်း လဲချားဒေသခံ ပြောင်းကုန်သည် တစ်ဦးက ပြောသည်။

“ပြောင်းကားတွေက ဒီလမ်းသွားနေတာ။ အခု မရတော့ဘူး။ စစ်များ ပြန်ဖြစ်မလားလို့ စိုးရိမ်နေကြတယ်” ဟု ၎င်းကပြောသည်။

ဆင်နှစ်ကောင် ဆွေးနွေးပွဲတွင် လားရှိုးအရှေ့ဘက် နယ်မြေ နမ့်ပေါင်၊ ဟိုယဘက်တွင် တပ်စွဲထားသည့် MNDAA တပ်များကို စစ်ကောင်စီက ဆုတ်ခွာခိုင်းရာမှ ယခုကဲ့သို့ နှစ်ဖက် တင်းမာလာနေခြင်း ဖြစ်ကြောင်း သိရသည်။

#MeKongNews
#သီပေါတံတား
#ကုန်တင်ယာဉ်
#စစ်ကောင်စီ
#လားရှိုး
ပုံအညွှန်း – ယနေ့နံနက် သီပေါတံတားအခြေအနေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now