ဆောင်းပါး

ကန်ဒေါ်လာထက် တရုတ်ယွမ်ငွေကို ရွေးချယ်ထားတဲ့ မြန်မာ

မဲခေါင် 11 Jul - 2023
လင်းမောင် မနှစ်ကတည်းက မြန်မာစစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်မှုပြင်ပမှာ တရုတ်ယွမ်ငွေသုံးစွဲမှုကို မြှင့်တင်ဖို့ ကြိုးပမ်းလာခဲ့တာပါ။

လင်းမောင်

မနှစ်ကတည်းက မြန်မာစစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်မှုပြင်ပမှာ တရုတ်ယွမ်ငွေသုံးစွဲမှုကို မြှင့်တင်ဖို့ ကြိုးပမ်းလာခဲ့တာပါ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံသံနဲ့ သံမဏိအသင်းကြီးက သွင်းကုန်လိုင်စင်လျှောက်ထား သူတွေကို ပင်လယ်ဖြတ်ကျော်နဲ့ နယ်စပ်ဖြတ်ကျော် သံနဲ့ သံမဏိတင်သွင်းမှုမှာ ဒေါ်လာထက် တရုတ်ယွမ်ငွေသုံး ပေးချေဖို့ အကြောင်းကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက သံနဲ့ သံမဏိတွေကို တစ်နိုင်ငံတည်းသော တင်သွင်းတဲ့ နိုင်ငံကလည်း တရုတ်နိုင်ငံပါပဲ။

အမေရိကန်က စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေလုပ်နေခြင်းဟာ တရုတ်ရဲ့ သူတို့ငွေ ယွမ်ကို နိုင်ငံတကာ အဓိကငွေကြေးဖြစ်လာစေရေးကြိုးပမ်းနေမှုအတွက် အထောက်အကူပိုဖြစ်သွားစေတယ်။ စစ်အစိုးရဟာ နိုင်ငံ ခြားငွေသုံးစွဲမှု အခက်အခဲဖြစ်မှာ စိုးရိမ်နေချိန် ယွမ်ငွေဟာ သူတို့ နိုင်ငံခြားငွေကြေးဒေါ်လာ လိုအပ်ချက်ပြဿနာ အတွက် အကောင်းဆုံးဖြေရှင်းနည်းဖြစ်လာတော့ ဒေါ်လာနေရာ ယွမ်ငွေသုံးတဲ့ ဗျူဟာကို ပြောင်းလဲလိုက်ကြတာ ပဲဖြစ်ပါတယ်။ ရုရှား၊ အိန္ဒိယတို့နဲ့လည်း တရုတ်ယွမ်ငွေကို အဓိကအသုံးပြုသလို နည်းလမ်းအတိုင်း လိုက်ပါလုပ် ဆောင်ဖို့ စီမံလာတယ်။

ဇွန် ၂၁ ရက်နေ့က အမေရိကန်ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူကြောင်း ကြေညာ လိုက်တယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က သူတို့ဘယ် အမေရိကန်ဘဏ်မှာမှ နိုင်ငံခြားငွေကြေးဘဏ်စာရင်း မဖွင့်ထားလို့ ဆုံးရှုံးနစ်နာမှု ဘာတစ်ခုမှ မရှိကြောင်းနဲ့ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေးကိုလည်း ကောင်း ကောင်းစီမံခန့်ခွဲနေနိုင်တယ်လို့တောင် တုံ့ပြန်သွားတယ်။ အမေရိကန်က ဒီပိတ်ဆို့မှုမလုပ်ခင် ရက်ပိုင်းဇွန် ၁၆ ရက်က စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ဒေါ်လာမှီခိုမှုကို ဖြတ်တောက်အဆုံးသတ်ဖို့ BRICS အဖွဲ့ကြီးထူထောင်ထားတဲ့ New Development Bank နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စဉ်းစားနေကြောင်း ထုတ်ပြန် ခဲ့ပါသေးတယ်။ BRICS ဆိုတာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံ ၅ နိုင်ငံ ပူးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကြီးဖြစ်ပြီး အားလုံးကလည်း ကန်ဒေါ်လာကို နိုင်ငံခြားကုန်သွယ်မှုမှာ အဓိကအားကိုးနေရတာ ဖြတ်တောက်ပြီးကိုယ့်ငွေနဲ့ကိုယ် ပေးချေနိုင်ရေး ပူးပေါင်းစီစဉ်နေကြတဲ့ အဖွဲ့ပါ။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာအစည်းအဝေးတစ်ခုမှာ ဒေါ်သန်းသန်းဆွေက BRICS က စီစဉ်မယ့် နိုင်ငံခြားငွေကြေးစနစ်သစ်ကို ထောက်ခံကြောင်းနဲ့ ဒေါ်လာမှီခိုရမှုကို လျှော့ချပြီး ရပ်ဆိုင်း နိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ ထောက်ခံကြောင်း ထုတ်ပြန်သွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးဆိုင် ရာကူးသန်းရောင်းဝယ်ရေးနဲ့အရင်းအမြစ်များရဲ့ အရေးမှာ အသုံးပြုနိုင်မယ့် ငွေကြေးသစ်ကို အလိုရှိကြောင်း၊ ထောက်ခံအသုံးပြုသွားမှာဖြစ်ကြောင်း လူသိရှင်ကြားထုတ်ပြန်သွားတာပဲ။ BRICS ရဲ့ New Development Bank ဟာ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေတိုးပွားပြီး သူတို့အားလုံး သတ်မှတ်မယ့် နိုင်ငံခြားငွေကြေးသစ်တစ်ခုကို ဖန်တီး လို့ ဒေါ်လာအားကိုးရမှုကို တိုက်ဖျက်သွားဖို့ စီစဉ်နေကြတာဖြစ်တယ်။

ဒီအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ငွေးကြေးအဖြစ် တရုတ်ယွမ်ငွေကို သုံးဖို့ ဆုံးဖြတ်ရင်လည်း မြန်မာစစ် ကောင်စီဟာ ဒေါ်လာလိုအပ်မှုကို အကောင်းဆုံး လျော့ချဖြတ်တောက်သွားဖို့ သေချာနေတယ်။ စစ်ကောင်စီရဲ့ လက်ရှိ အဓိက နိုင်ငံခြားငွေကြေးရင်းမြစ်က တရုတ်ယွမ်ပဲဖြစ်တာကြောင့်ပါ။ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ကုန် သွယ်မှုတွေမှာ ယွမ်နဲ့ ထိုင်းဘတ်ငွေတွေကို သုံးမယ်လို့လည်း စည်းမျဉ်းဥပဒေသစ်တွေ ချမှတ်လုပ်ဆောင်နေ ပြီးဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှာ အိန္ဒိယရဲ့ ရူပီးငွေ သုံးဖို့အရေး ဆွေးနွေးနေမှုဟာလည်း ပြီးမြောက်လုနီးပါးအခြေအနေမှာရှိနေပြီ။ သူတို့ မဟာမိတ်ရုရှားနဲ့ ကုန်သွယ်မှုမှာလည်း ဒီပုံအတိုင်း ရုရှား ရူဘယ်ငွေသုံးဖို့ ဆွေးနွေးနေမှုဟာလည်း နောက်ဆုံးအဆင့်ရောက်ရှိနေပြီ။

ဒါကြောင့် အမေရိကန်ရဲ့ စစ်ကောင်စီ အဓိကဘဏ်တွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူလိုက်မှုဟာ ဘယ်လို အခြေအနေရှိလဲ။ တန်ပြန်အကျိုးသက်ရောက်မှုရှိတယ်လို့ သက်သေပြနိုင်ပါလား။ မြင်နေရတဲ့ အခင်းအကျင်း ကတော့ မြန်မာကို တရုတ်လက်အောက် ပိုတွန်းပို့နေစေတာမျိုးပဲ။ မြန်မာနိုင်ငံက တရုတ်ယွမ်ကို သုံးသထက် ပိုသုံးလာနိုင်မယ်ဆိုတာနဲ့ အမေရိကန်ရဲ့ မြန်မာ့စီးပွားရေးအတွက် လွှမ်းမိုးနိုင်စွမ်းဟာ သက်တမ်းမရှည်နိုင် တော့ပါဘူး။ စစ်ကောင်စီဟာလည်း လိုချင်တဲ့ လက်နက်ခဲယမ်းတွေကို တခြားနိုင်ငံခြားငွေကြေးနဲ့ အလွယ် တကူဝယ်ယူနေနိုင်ကြမှာပဲ။ တခြားတစ်ဖက်မှာလည်း တရုတ်ဟာ မြန်မာ့စီးပွားရေးကနေ ပိုင်ဆိုင်မှုအကျိုး အမြတ်တွေပိုကြီးထွားလာမယ်။ မြန်မာနိုင်ငံအပေါ် ပိုပိုပြီး ဩဇာလွှမ်းမိုးလာမှာပဲ။

ဒီနေ့ ကမ္ဘာ့အခင်းအကျင်းမှာ ပိတ်ဆို့အရေးယူမှုဆိုတဲ့ Sanctions ဆိုတာတွေက အကျိုးသက်ရောက်မှု၊ ထိရောက် မှုမရှိတော့ပါဘူး။ နိုင်ငံတကာစီးပွားရေးက အပြန်အလှန်ချိတ်ဆက်နေတာကြောင့် ပိတ်ဆို့မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းတွေကလည်း အမြဲတမ်းရှိနေတယ်။ ဒါကြောင့် သာမန်ပြည်သူပြည်သားတွေကိုသာ ပိုအထိ နာစေပြီး စစ်ကောင်စီအပေါ် သက်ရောက်မှုသိပ်မရှိနိုင်တဲ့ Sanctions ဆိုတာ စစ်ကောင်စီကို အထီးကျန်စေခြင်းနဲ့ ဖိအားတွေပိုပေးခြင်းမျိုးသာ ဖြစ်စေတယ်။ ဒီလိုဖြစ်စေတာထက် စကားဝိုင်းထိုင် အဖြေရှာခြင်း ကသာ မြန်မာအကျပ်အတည်းအတွက် ပိုထိရောက်တဲ့ ဖြေရှင်းမှုဖြစ်ပါလိမ့်မယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now