ဆောင်းပါး

ရွှေကုက္ကိုလ် သို့မဟုတ် Yatai Zone ကို နောက်ကွယ်က သိမ်းပိုက်ဖို့ လုပ်နေတဲ့ တရားခံအစစ်

မဲခေါင် 11 Jun - 2023
ပြီးခဲ့တဲ့ ရက်ပိုင်းက ရွှေကုက္ကိုလ်မြို့သစ်ကို ထိုင်းအစိုးရကပေးထားတဲ့ လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်။ မြန်မာစစ်ကောင်စီက တောင်းဆိုလို့တဲ့။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွှေကုက္ကိုလ်မြို့သစ်ကို ထိုင်းအစိုးရကပေးထားတဲ့ လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်။ မြန်မာစစ်ကောင်စီက တောင်းဆိုလို့တဲ့။

ဒီမတိုင်ခင်ရက်ပိုင်းကပဲ ထိုင်း-တရုတ်နဲ့ မြန်မာစစ်ကောင်စီ သုံးပွင့်ဆိုင် အစည်းအဝေးလုပ်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေ၊ မူးယစ်ဆေး၊ အွန်လိုင်းလောင်းကစားနဲ့ လူမှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုတယ်။

ဘာကြောင့် မြဝတီ ရွှေကုက္ကိုလ် ဒုစရိုက် မြို့ကို ထိုင်းက မီးဖြတ်လိုက်သလဲ။ အရမ်း ထိရောက်သက်ဆိုင်ပြီး နောက်ကွယ်က ပတ်သက်မှုတွေကို ဒီသတင်း ဆောင်းပါးက ရှင်းကနဲ လင်းကနဲ မီးမောင်း ထိုးပြလိုက်ပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ဦးက မြန်မာနိုင်ငံ နယ်စပ်မှာ အထူးစီးပွားရေးဇုန်ကြီး ၂ ခုကို ထူထောင်ထားတယ်။ တစ်ခုက ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသထဲမှာ။ ကာစီနိုအကြောင်းပြတဲ့ တခြား ရာဇဝတ်လုပ်ငန်းများစွာ အခြေစိုက်ထားတဲ့ စီးပွားရေးဇုန်အတုတွေပေါ့။

ရွှေတြိဂံက ကာစီနိုဇုန်ကို တရုတ်စီးပွားရေးသမား ရှောင်းဝေ (Zhao Wei) က ထူထောင်တယ်။ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ်မြို့သစ်ဆိုတဲ့ Yatai Zone စီးပွားရေးဇုန်ကို ရှီဇီဂျန်း (She Zhijiang) က ဦးဆောင်ထူထောင်ခဲ့တယ်။ ခုတော့ ရှီဇီဂျန်းတစ်ယောက် ထိုင်းအစိုးရဖမ်းထားလို့ ထောင်ထဲ ရောက်နေခဲ့ပြီ။

ရှီဇီဂျန်းက သူ့ကို တရုတ်အစိုးရ တောင်းဆိုနေသလို တရားခံအဖြစ် တရုတ်လက်ထဲ မလွှဲပေးဖို့ အယူခံဝင်တောင်းဆိုရာမှာ ဘာကြောင့်ဆိုတဲ့တင်ပြချက်ကို ဘန်ကောက်ပို့စ်က ဇွန် ၉ ရက်နေ့မှာ ပိုင်ပိုင်နိုင်နိုင် ထုတ်ပြန်ရေးသား ဖော်ပြသွားတယ်။

ရွှေကုက္ကိုလ်မြို့သစ်ဆိုတဲ့ Yatai Zone ဟာ ကူမင်း-ဘန်ကောက် အဝေးပြေးလမ်းမကြီးနဲ့ ၈၀ ကီလိုမီတာ အကွာမှာရှိတယ်။ အိန္ဒိယရဲ့ မြစ်ဝကျွန်းပေါ်ဒေသ ဆိပ်ကမ်းနဲ့ ကီလိုမီတာ ၁၃၀ အကွာမှာ ရှိတယ်။

အိန္ဒိယ-ထိုင်း အဝေး ပြေးလမ်းမကြီးဟာ ရွှေကုက္ကိုလ်ဇုန်ကို ဖြတ်ပြီးထိုင်း-မြန်မာ မြဝတီ ချစ်ကြည်ရေးတံတားနဲ့ တစ်ဆက်တည်း သွားတယ်။ ရွှေကုက္ကိုလ်နဲ့ ချစ်ကြည်ရေးတံတားက ၁၀ ကီလိုမီတာတောင် မဝေးဘူး။

ရှီဇီဂျန်းက သူ့ကို တရုတ်က ထိန်းချုပ်လိုက်နိုင်ခြင်းဟာ ရွှေကုက္ကိုလ်ကို ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်တယ်။ ဒီဇုန်ကို တရုတ်အစိုးရက မဟာဗျူဟာ မြေပိုင်နက်သိမ်းယူမှုအဖြစ် သိမ်းဆည်းလိုက်ရင် အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ထားတဲ့ အိန္ဒိယ-ထိုင်း အဝေးပြေးလမ်းမကြီးကို သူတို့ခြယ်လှယ်လို့ရပြီ။

ဒါကြောင့် တရုတ်အစိုးရက သူပိုင်တဲ့ ရွှေကုက္ကိုလ်ဇုန်ကို သိမ်းပိုက်ဖို့ အသည်းအသန်ကြိုးစားနေတာလို့ ထိုင်းအစိုးရထံ တင်ပြရင်း တရုတ်လက်မအပ်ဖို့ အသနားခံနေတာဖြစ်ကြောင်း ရှင်းပြခဲ့တယ်။

ဒီကိစ္စအတွက် ရှီဇီဂျန်းကို တရုတ်အစိုးရက တရုတ်ပြည်ကို အကြိမ်ကြိမ် ဖိတ်ခေါ်ပြီး ဆွေးနွေးတိုင်ပင် ဖြောင်းဖျခဲ့ပါတယ်။ သူက စီးပွားရေးသမားစစ်စစ်မို့ တရုတ်အစိုးရရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံခဲ့ဘူး။ အစိုးရနဲ့ သူ့စီးပွားကိုလည်း လုံးဝမပတ်သက်စေချင်တဲ့သူ။ ဒါကြောင့် ရွှေတြိဂံက တရုတ်သူဌေး ရှောင်းဝေကို ဘယ်သူမှ ပြဿနာ မရှာပေမယ့် သူ့ကိုပဲ ဦးတည်ပြီး ပြဿနာရှာခဲ့တာလို့ ဖွင့်ပြောလာတယ်။

၂၀၁၈ နိုဝင်ဘာလက တရုတ်အစိုးရဟာ သူ့ကို ပုဂ္ဂိုလ်ရေးအရရော၊ ကုမ္ပဏီပိုင်ရှင်အနေနဲ့ပါ ဖိတ်ခေါ်ဆွေးနွေးခဲ့တယ်လို့ ရှီဇီဂျန်းက ဆိုတယ်။ ဒိမတိုင်ခင် အကြိမ်ကြိမ် ဆွေးနွေးမှုတွေလည်း လုပ်ခဲ့သေးတယ်လို့ ဆိုတယ်။

အရှေ့တောင်အာရှ နိုင်ငံရေးမဟာဗျူဟာအသာစီးရစေဖို့ သူ့ကို တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရွှေကုက္ကိုလ်ဇုန်ကို အသုံးချဖို့ချည်းပဲ ဖြောင်းချခဲ့တာတဲ့။ ဘယ်လိုမှ ဖြောင်းဖျမရတဲ့အဆုံး ရှီဇီဂျန်းကို ၂၀၂၁ ခုနှစ် မှာ တရုတ်အစိုးရက အနီရောင်အဆင့် နောက်ဆုံးသတိပေးချက် ထုတ်ပြန်ပြီး ၂၀၂၂ မှာ ထိုင်းဘက်က သူ့ကို ဖမ်း လိုက်တာပဲဖြစ်ပါတယ်။ ဖမ်းပြီးရင် တရုတ်လက်အပ်ဖို့ပါ တရုတ်ဘက်က ထိုင်းကို ပြောဆိုထားပြီးသားပါ။

ဒါပေမဲ့ စီးပွားရေးကျား ရှီဇီဂျန်းက တောရုံလူမဟုတ်ပါဘူး။ တရုတ် ပြည်တွင်းဥပဒေ ပုဒ်မ ၈၈ အရ အစိုးရဟာ သူတို့နိုင်ငံသားပိုင်ဆိုင်မှုတိုင်းကို သိမ်းယူခွင့်ရှိတယ်။ ဒါကို ရှီဇီဂျန်းက ကောင်းကောင်းသိတော့ တရုတ်နိုင်ငံသား ကတ်ကို ဆက်မကိုင်ထားတော့ဘဲ ကမ္ဘောဒီးယားနိုင်ငံသား ခံယူလိုက်တယ်။

၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်ကြား ရှီဇီဂျန်း တရုတ်နိုင်ငံကို အကြိမ်ကြိမ် ခရီးသွားတယ်။ ရက် ၃၀ ကျော်နေခဲ့တဲ့ ခရီးတွေလည်းပါတယ်။ ဒါပေမဲ့ တရုတ်အာဏာပိုင်တွေက သူ့ကို မဖမ်းဆီးခဲ့ဘူး။ ၂၀၁၉ မှာ ယန်ဇီဂိုင်လင် (Guangxi Guilin) ကို ပြန်သွားပြီး သူ့ရဲ့ နိုင်ငံသားဖြစ်မှုကို အဆုံးသတ်စေတဲ့ တရားဝင်စာချုပ်စာတမ်းတွေလုပ်အပြီး မကြာခင်မှာပဲ တရုတ် အစိုးရက သူ့ကို ပုဒ်မ ၈၈ သုံးပြီး တရားစွဲ ပိုင်ဆိုင်မှုသိမ်းဖို့ လုပ်တော့တာပဲ။

၂၀၂၁ ခုနှစ်မှာ ရှီဇီဂျန်းက ငွေကြေးတတ်နိုင်လို့ ကမ္ဘောဒီယားမှာ ငွေပေးပြီး တရားဝင် ကမ္ဘောဒီးယားနိုင်ငံသား ခံယူလိုက်တယ်။ နာမည်ကို တန်ကရီးယန်း ကိုင် (Tang Kriang Kai) လို့ ပြောင်းလိုက်တယ်။ ရှင်းလင်းနေတာကတော့ သူဟာ တရုတ်နိုင်ငံသားမဟုတ်တော့လို့ တရုတ်ရဲ့ ပြည်တွင်းဥပဒေ ပုဒ်မ ၈၈ အရ သူပိုင်ဆိုင်တဲ့ ရွှေကုက္ကိုလ် ဇုန်ကို တရုတ်က သိမ်းခွင့်မရှိဘူး။

ဒါကြောင့် ထိုင်းအစိုးရက တရုတ်ကိုလွှဲအပ်ရေးဟာ ကမ္ဘောဒီးယားနိုင်ငံသားကတ်ကိုင်ထားလို့ မလွှဲသေးနိုင်ဘဲ ရှုတ်နေတယ်လို့ တရားဝင် ကြေညာခဲ့ရတယ်။

ရှီဇီဂျန်းက သူဟာ တရုတ်နိုင်ငံအတွင်းက နိုင်ငံရပ်ခြား တရုတ် စွန့်ဦးတီထွင်သူများ အဖွဲ့ချုပ် (CFOCE) နဲ့ ပူးပေါင်း ဆောင်ရွက်နေတုန်းက သူ့ကို တရုတ်အစိုးရက ဖမ်းဆီးခြင်းမပြုခဲ့ဘဲ ကမ္ဘောဒီးယားနိုင်ငံသား ပြောင်းခံယူလိုက်မှ ချက်ချင်း ဖမ်းဖို့စီစဉ်ကြတာလို့ ထိုင်းအာဏာပိုင်တွေထံ တင်ပြခဲ့တယ်။

ဥပဒေကြောင်းအရ သူ့ကိုဖမ်းပြီး သူ့ပိုင်ဆိုင်မှု (ရွှေကုက္ကိုလ်ဇုန်) ကို သိမ်းခွင့်လုံးဝမရှိတော့ပေမယ့် တရုတ်အာဏာပိုင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ထိုင်းအစိုးရကို လှည့်စားပြီး သူ့ကို ဖမ်းပို့ဖို့ လုပ်တာသာဖြစ်ကြောင်း ရှီဇီဂျန်းက ဘန်ကောက်ပို့စ်မှာ ဖွင့်ချလိုက်ပြီဖြစ်လို့ တရုတ်အစိုးရရဲ့ အကြံအစည်ဟာ ဗူးပေါ်သလို ပေါ်လာခဲ့ရပါပြီ။

(၂၀၂၃ ဇွန် ၉ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းစာ PR News ကဏ္ဍမှာ Businessman She Zhijiang Questions Government Motivations Behind his Persecution in Connection with Yatai Zone ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့မှုကို ဘာသာပြန်ဆိုထားတာပါ)

MKF-001

#MeKongNews

#ရွှေကုက္ကိုလ်

#စစ်ကောင်စီ

#ထိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now