~ လင်းမောင် ~
မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများစွာ တိုးမြှင်ဆက်ဆံလာနေခြင်းသည် တောင်အာရှ၏ မဟာဗျူဟာမြောက်အခြေအနေတစ်ရပ်တွင် သိသာထင်ရှားပြီး စိုးရိမ်ဖွယ်ရာ အပြောင်းအလဲတစ်ခုကို ညွှန်းပြနေသည်။၂၀၂၄ ခုနှစ် ဩဂုတ်လက ဒါကာတွင် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ယာယီ အုပ်ချုပ်နေသူများလက်ထက် နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေးမူဝါဒများကို သိသိသာသာ ပြောင်းလဲ ကျင့်သုံးလာသည်။ ပါကစ္စတန်ဘက်ကို ပိုမိုကောင်းမွန်သည့် ပူးပေါင်းရေးမူဝါဒများဖြင့် နှစ်နိုင်ငံ ပူးပေါင်းလာသည်ကို မြင်တွေ့ရသည်။ ဒါကာ၏ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်မဟာဗျူဟာတွင် ယခင်က အိန္ဒိယဗဟိုပြုစနစ်ကျင့်သုံးသော်လည်း ယခု ပါကစ္စတန်နှင့်ပိုမို ရင်းနှီးပူးပေါင်းခြင်းဖြင့် ပထဝီ နိုင်ငံရေးအခြေအနေများသည်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆွေးနွေးမှုများ၊ အဆင့်မြှင့်စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်မှာ အပြန်အလှန် လည်ပတ်နေမှုများ၊ အိန္ဒိယကို ဆန့်ကျင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့ သမိုင်းတွင် ကာကွယ်ရေးတိုးမြှင့်လက်တွဲမှုများ ပြုလုပ် နေကြသည်။ ဟာဖစ်ဇ် ဆာအိဒ်နှင့်အဖွဲ့ ပါကစ္စတန်သို့ သွားရောက်လည်ကြသည်ဆိုသော ကောလာဟလ သတင်းများက အလွန်ထိရှာလွယ်သည့် အင်ဒို-ဘင်္ဂလား နယ်စပ်အရေး လုံခြုံရေးဆိုင်ရာ ပူပန်မှု၊ ရှုပ်ထွေးမှုများကို ပိုမို စိုးရိမ်လာရသည်။
ဘင်္ဂလားဒေ့ရှ်၌ နိုင်ငံရေးအုံကြွမှုကြီးဖြစ်ပွားပြီးနောက်ပိုင်း ပါကစ္စတန်စစ်တပ်နှင့် ဒါကာ အစိုးရတို့ အကြား ကြိမ်ရေများစွာတွေ့ဆုံခြင်းက နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုချဲ့တွင်နေသည် ကို အတိုင်းသာ မြင်သာစေသည်။ ပထမဆုံး ပါကစ္စတန် စစ်ဦးစီး ချုပ်များကော်မတီ ဥက္ကဌ ဗိုလ်ချုပ် ဆာဟာရှမ်ဆတ်မီယာဇာနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ ၂၀၂၅ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်း၌ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်လည်ပတ်ကြသည်။ ၎င်းတို့နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆက်ဆံ လာခြင်းသည် အစဉ်လိုက် တိုးမြင့်လာသည်။ စစ်ရေးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များလည်း ဆက်တိုက်ချုပ်ဆိုနေကြသည်။ ဒါကာသို့ ဗိုလ်ချုပ် မီယာဇာသွားရောက် လည်ပတ်စဉ် ဘင်္ဂလားဒေ့ရှ် စစ်ရေးချုပ် ဗိုလ်ချုပ် ဝါခါအက်ဇ်ဇာမန်နှင့် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ပုံမှန် စစ်ရေးဖလှယ်မှုများ၊ ခရီးစဉ် များလုပ်ဆောင်နိုင်ရေး စနစ်တကျဖွဲ့စည်းခြင်း၊ စစ်ရေးပူးပေါင်းလေ့ကျင့်ခြင်း၊ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်မှုစစ်ဆင်ရေးများတွင် အတွေ့အကြုံများဖလှယ်ရေးတို့ကို သဘောတူခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန် ပြည်တွင်းဝန်ဆောင်မှုပြင်ပဆက်ဆံရေး (ISPR) က ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဒိုင်းနမစ်များ ပြောင်းလဲနေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး၌“အပြုသဘောဆောင်သော လမ်းကြောင်း” ကို ထောက်ခံသကဲ့သို့ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုသို့ဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်မှုများ ဆက်တိုက်လုပ်ဆောင်လာကြသည်။ ကာကွယ်ရေးဦးစီချုပ်ရုံး ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး တာဘက်ဆန်ဟာဘစ်လာရောက်လည်ပတ် သည်ကို ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ရင်းမှ ဧည့်ခံကြိုဆိုပြီး စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ပူးပေါင်း စစ်ရေးလေ့ကျင့်ရေး၊ စစ်ရေး အဆောက်အအုံများတိုးမြှင့်တည်ဆောက်ရေးတိုအတွက် ဆွေးနွေးခဲ့ကြသည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်၏ ကာကွယ်ရေးအသိုင်းအဝိုင်းအတွင်း ခိုင်မာသော အဖွဲ့အစည်းဆိုင်ရာ ထောက်ခံမှုအဖြစ် ပါကစ္စတန် ဝင်ရောက်ပူးပေါင်းနေသည်ကို ညွှန်ပြနေသည်။ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman ၏ အိန္ဒိယသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်လည်း ဖျက်သိမ်းလိုက်ခြင်းသည် မှတ်သားဖွယ်ဖြစ်နေသည်။ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲကြောင့် ပျက်စီးသွားသော နှစ်နိုင်ငံကြား တင်းမာခဲ့မှုသည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်အကြား သမိုင်းကြောင်းအရ ကြမ်းတမ်းခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည်ချိန်ညှိကာ ပူးပေါင်းမှုများ ဖြစ်ပေါ်နေသည်။
ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးနှင့် ပထဝီနိုင်ငံရေး ရပ်တည်မှုအတွက် သက်ရောက်မှုများသည် ရှုပ်ထွေးပြီး မျက်နှာစာများစွာရှိသည်။ ဒါကာသည် ၎င်း၏ သံတမန်ဆက်ဆံရေးကို ကွဲပြားစေရန် ကြိုးပမ်းနေစဉ်တွင် အစ္စလာမ်မာဘတ်နှင့် ဤအသစ်တွေ့ရှိထားသော မဟာမိတ်ဖွဲ့မှုသည် ဘင်္ဂလားဒေ့ရှ်ကို ပါကစ္စတန်၏ ပိုမိုကျယ်ပြန့်သော ဒေသတွင်း မဟာဗျူဟာများတွင် နယ်ရုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။ အစ္စလာမာဘတ်၏ သံတမန်ရေးသည် တောင်အာရှတွင် ဆုံးရှုံးသွားသော မဟာဗျူဟာမြောက် နေရာတစ်ခုကို ပြန်လည်ရယူရန်နှင့် အလယ်အလတ်အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ပြန်လည်နေရာချထားရန် ရည်မှန်းချက်များကြောင့် တွန်းအားပေးခံရပုံရသည်။ အထူးသဖြင့် နိုင်ငံတကာထံမှ ပိုမိုမြင့်မားလာသော စစ်ဆေးမှုနှင့် ဖိအားများကို ရင်ဆိုင်နေရချိန်တွင် ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အထူးသဖြင့် ဒါကာ၏ အချုပ်အခြာအာဏာပိုင် အကျိုးစီးပွားများကို ကာကွယ်ရန် သက်ဆိုင်ရာ ကာကွယ်မှုများ မရှိဘဲ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာပါက အလွှာပေါင်းစုံ ပါဝင်သော ဒေသတွင်း အာဏာချဲ့ထွင်မှု ကစားပွဲတွင် ပိတ်မိသွားနိုင်သည့် အန္တရာယ်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်အကြား စစ်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာခြင်းသည် နှစ်နိုင်ငံလုံးအတွင်း အစွန်းရောက်ဝါဒ တိုးပွားလာစေရန် ပံ့ပိုးပေးနိုင်ဖွယ်ရှိပြီး လက်ရှိလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေနိုင်သည်။ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုများ ကြားတွင် ဘာသာရေး အစွန်းရောက်မှု မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်၏ ဩဇာပိုစိုးမိုးလာသည်နှင့်အမျှ ပိုမိုမြင့်မားလာသော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ Tehreek-e-Taliban Pakistan (TTP)၊ Al-Qaeda in the Indian Subcontinent (AQIS) နှင့် Lashkar-e-Taiba (LeT) ကဲ့သို့သော ပါကစ္စတန်အခြေစိုက် အစွန်းရောက်အဖွဲ့အစည်းများ အပါအဝင် နိုင်ငံဖြတ်ကျော် အစွန်းရောက်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိလုံခြုံရေးလစ်ဟာမှုကို အခွင့်ကောင်းယူပြီး အစွန်းရောက်အယူဝါဒများကို ဖြန့်ဝေကာ လူငယ်များကို စုဆောင်းနေကြောင်း အစီရင်ခံစာများက ဖော်ပြသည်။ ပြန်လည်ပြုပြင်တည်ဆောက်ထားသော ဆက်ဆံရေးများသည် ဤအဖွဲ့များအတွက် ၎င်းတို့၏ကွန်ရက်များကို အားကောင်းစေရန်၊ အစွန်းရောက်စစ်ဆင်ရေးများ ဖြန့်ဝေရန်နှင့် နယ်စပ်ဖြတ်ကျော် စစ်သွေးကြွလှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်ရန် မြေဩဇာကောင်း သော နေရာတစ်ခုကို ပံ့ပိုးပေးပါသည်။
တရုတ်နိုင်ငံ၏ ကြီးထွားလာသော ဩဇာလွှမ်းမိုးမှုသည် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အကြား တိုးပွားလာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပုံဖော်ပေးသည့် အဓိကအချက်တစ်ချက်ဖြစ်ပြီး တောင်အာရှ၏ မဟာဗျူဟာမြောက် ရှုခင်းကို ပိုမိုရှုပ်ထွေးစေသည်။ တရုတ်နိုင်ငံသည် ကာကွယ်ရေး သံတမန်ရေးနှင့် စီးပွားရေးနှင့်နိုင်ငံခြားရေးပရိယာယ်များမှတစ်ဆင့် နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် တက်ကြွစွာ ကြိုးပမ်းနေခဲ့ပြီး ပိုမိုကျယ်ပြန့်သော ဒေသတွင်း ရည်မှန်းချက်များကို ဖော်ဆောင်ရေး အဓိကအစိတ်အပိုင်းများအဖြစ် ရှုမြင်ခဲ့သည်။ ၎င်း၏ စစ်ဘက်ဆိုင်ရာပစ္စည်း အများစုကို ပါကစ္စတန်သို့ ထောက်ပံ့ပေးခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ခြင်းအပြင်၊ တရုတ်နိုင်ငံသည် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်၏ စစ်ဘက်-စက်မှုလုပ်ငန်းဆိုင်ရာ ရှုပ်ထွေးမှုအတွက် လက်နက်များ၊ နည်းပညာပံ့ပိုးမှုများနှင့် စစ်ဘက်လေ့ကျင့်ရေးကွန်ရက်များ တည်ထောင်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ၎င်းတို့အကြား ကာကွယ်ရေးဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ ပါကစ္စတန်နှင့် စစ်ရေးဆက်ဆံရေး ကြီးထွားလာခြင်းနှင့် အိန္ဒိယနှင့် သတိထား၍ ဆက်လက်လုပ်ဆောင်နေသော နယ်စပ်သံတမန်ရေးတို့ကြား ကွဲလွဲမှုသည် ဒါကာရင်ဆိုင်နေရသော မဟာဗျူဟာမြောက် အကျပ်အတည်းကို ပေါ်လွင်စေသည်။ ပါကစ္စတန်နှင့် အကြမ်းဖက်မှုတန်ပြန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးစွမ်းရည်တည်ဆောက်မှုဆိုင်ရာ အယူအဆများကို တရားဝင်ပြောဆိုမှုများက မီးမောင်းထိုးပြနေသော်လည်း၊ ပါကစ္စတန်၏ သမိုင်းဝင်၊ အယူဝါဒ ဆိုင်ရာနှင့် မဟာဗျူဟာမြောက် ရည်မှန်းချက်များသည် ငုပ်လျှိုးနေသောအန္တရာယ်များကို ဖြစ်ပေါ်စေသည်။ ဤပြန်လည်ဆန်းသစ်လာသော ဘင်္ဂလားဒေ့ရှ်-ပါကစ္စတန် ဆက်ဆံရေးသည် အိန္ဒိယအစိုးရက ဤအသွင်ကူးပြောင်းမှုကို မတည်မငြိမ်ဖြစ်စေသည်ဟု ရှုမြင်သည့် နယူးဒေလီတွင် မငြိမ်မသက်ဖြစ်စေသည်။ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်တွင် ပါကစ္စတန်၏ ပါဝင်ပတ်သက်မှုကို ရိုးရာအိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို ထိခိုက်စေပြီး မဟာဗျူဟာမြောက် တည်ငြိမ်မှုကို နိမ့်ကျစေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်အကြား စစ်ရေးဆက်ဆံမှုများ တိုးပွားလာခြင်းသည် ကာကွယ်ရေး သံတမန်ရေးတွင် သာမန်ပြောင်းလဲမှုထက် ပိုမိုကိုယ်စားပြုသည်။ ၎င်းတို့သည် ဒေသတွင်း လုံခြုံရေး ဒိုင်းနမစ်ကို ပြန်လည်ပုံဖော်နိုင်သည့် တိုးတက်ပြောင်းလဲနေသော မဟာဗျူဟာမြောက် ရေစီးကြောင်း၏ ထင်ရှားမှုတစ်ခုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ မိတ်ဖက်များကို ကွဲပြားစေရန်နှင့် ဟာဆီနာနောက်ပိုင်း လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို အခိုင်အမာပြောဆိုရန် ရည်ရွယ်ထားသော်လည်း ပါကစ္စတန်၏ ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေး ရည်မှန်းချက်များအတွက် မသိလိုက်ရပါဘဲ အသုံးချခံကိရိယာတစ်ခု ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသည်။ ဟာဖစ်ဇ် ဆာအိဒ်၏ လုပ်ဖော်ကိုင်ဖက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ လာရောက်လည်ပတ်ခြင်းသည် နိမိတ်မကောင်းသော ရှုထောင့်တစ်ခုကို ပေါင်းထည့်လိုက်ပြီး ပါကစ္စတန်နှင့် ပိုမိုနက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သည် မရည်ရွယ်ဘဲ ကြုံတွေ့ရနိုင်သည့် လုံခြုံရေး အားနည်းချက်များကို မီးမောင်းထိုးပြနေသည်။
#MeKongNews








