ဆောင်းပါး

တရုတ်သတ္တုအင်ပါယာအတွက် ဂေဟစနစ်ကြီးဖျက်ဆီးခံ ပေးဆပ်နေရသည့် မြန်မာ

မဲခေါင် 20 Dec - 2025
~ လင်းမောင် ~ ကမ္ဘာ့မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်ကို နှစ်ရှည်လများကတည်းက တရုတ်ကသာ စိုးမိုးထားနိုင် သည်က အများအသိပင်။ တစ်ကမ္ဘာလုံးအသုံးပြုသည့် မြေရှားသတ္တုများထဲမှ ၉၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်နိုင်ငံအတွင်း သန့်စင်ပြီးမှ ထုတ်လုပ်ခြင်းဖြစ်သည်။ မြေရှားသတ္တုသည် စမတ်ဖုန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများမှသည် လျှပ်စစ်ကားနှင့်ကာကွယ်ရေးစနစ်များတွင်ပါ မရှိမဖြစ် သတ္တု ဖြစ်ခြင်းကြောင့် အဆိုပါလုပ်ငန်းများအပေါ် ပေကျင်းက ဩဇာလွှမ်းမိုး အုပ်စိုးထားနိုင်သည်။ ထိုသို့ မြေရှားအင်ပါယာအဖြစ် တရုတ်တို့ ကမ္ဘာကို စိုးမိုးခြယ်လှယ်နေခြင်းတွင် ကမ္ဘာက လူသိနည်းသော မြေရှားသတ္တုရိုင်းသိုက်များကမူ မြန်မာနိုင်ငံတွင်ရှိနေသည်ကို သိရှိသူနည်းပါးသည်။ တရုတ်တို့ မြန်မာ နိုင်ငံအတွင်းမှ မြေရှားသတ္တုများ တူးဖော်ထုတ်လုပ်နေမှုများသည်လည်း အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခများသော ဒေသများတွင် အဓိက လုပ်ကိုင်သည်။ ဥပဒေမရှိသည့် ပဋိပက္ခနယ်မြေများပေါ်

~ လင်းမောင် ~

ကမ္ဘာ့မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်ကို နှစ်ရှည်လများကတည်းက တရုတ်ကသာ စိုးမိုးထားနိုင် သည်က အများအသိပင်။ တစ်ကမ္ဘာလုံးအသုံးပြုသည့် မြေရှားသတ္တုများထဲမှ ၉၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်နိုင်ငံအတွင်း သန့်စင်ပြီးမှ ထုတ်လုပ်ခြင်းဖြစ်သည်။ မြေရှားသတ္တုသည် စမတ်ဖုန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများမှသည် လျှပ်စစ်ကားနှင့်ကာကွယ်ရေးစနစ်များတွင်ပါ မရှိမဖြစ် သတ္တု ဖြစ်ခြင်းကြောင့် အဆိုပါလုပ်ငန်းများအပေါ် ပေကျင်းက ဩဇာလွှမ်းမိုး အုပ်စိုးထားနိုင်သည်။ ထိုသို့ မြေရှားအင်ပါယာအဖြစ် တရုတ်တို့ ကမ္ဘာကို စိုးမိုးခြယ်လှယ်နေခြင်းတွင် ကမ္ဘာက လူသိနည်းသော မြေရှားသတ္တုရိုင်းသိုက်များကမူ မြန်မာနိုင်ငံတွင်ရှိနေသည်ကို သိရှိသူနည်းပါးသည်။ တရုတ်တို့ မြန်မာ နိုင်ငံအတွင်းမှ မြေရှားသတ္တုများ တူးဖော်ထုတ်လုပ်နေမှုများသည်လည်း အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခများသော ဒေသများတွင် အဓိက လုပ်ကိုင်သည်။ ဥပဒေမရှိသည့် ပဋိပက္ခနယ်မြေများပေါ် တရုတ်တို့ မြေရှားတူးဖော်မှုမိုင်းလုပ်ကွက်များသည်လည်း စည်းမျဉ်းစည်းကမ်းမရှိ၊ သဘာ၀ပတ်ဝန်း ကျင်ကိုလည်း အကာအကွယ်မပေးဘဲ အရမ်းကာရော ထုတ်လုပ်နေခြင်းများသာဖြစ်သည်။ အဆိုပါ မိုင်းလုပ်ကွက်များက သဘော၀ဂေဟစနစ်များကို အဆိပ်သင့်ပျက်စီးစေသည်သာမက ဒေသခံ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် အဓိက ဝင်ငွေရင်းမြစ်ကို ဖြစ်တည်စေခြင်းဖြင့် မြန်မာ နိုင်ငံ၏ ပြည်တွင်းစစ်သည် ပိုမို နက်ရှိုင်းသထက် နက်ရှိုင်းစွာ အဆုံးမသတ်နိုင်တော့ပေ။

ဂေဟဗေဒဆိုင်ရာ သက်ရောက်မှုမှာ အလွန်အမင်းဆိုးရွားသည်။ မကြာသေးမီက Stimson Centre မှ လေ့လာတင်ပြသော စစ်တမ်းတွင် အရှေ့တောင်အာရှ ကုန်းမကြီးပေါ်၌ စည်းမျဉ်းများမလိုက်နာ၊ ဥပဒေပ တူးဖော်ထုတ်လုပ်နေသည့် မိုင်းတွင်းပေါင်း ၂၄၀၀ ကျော်ရှိသည်ဟု ဖော်ပြပါရှိလာခဲ့သည်။ အများစုသော မိုင်းလုပ်ကွက်များက မြန်မာနိုင်ငံအတွင်း၌ ရှိနေသည်။ အဆိပ်သင့် ဓာတုပစ္စည်းများ ဖြစ်သော ဆိုင်ရာနိုက်၊ မာကျူရီနှင့် အာဆင်းနစ်များသည် သံလွင်၊ မဲခေါင် အစရှိသော မြစ်များအတွင်း သို့ ပျော်ဝင်ညစ်ညမ်းအဆိပ်သင့် ရောက်ရှိကုန်သည်။ အဆိုပါ မြစ်များကို မှီခိုနေရသည့် လူသား သန်းပေါင်းများစွာအတွက် ရေထောက်ပံ့မှုကို ခြိမ်းခြောက်နေပြီဖြစ်သည်။ Global Witness နှင့် အခြားသောစောင့်ကြည့်အဖွဲ့အစည်းများက မြန်မာနိုင်ငံသည် ကမ္ဘာမြေရှားသတ္တုရင်းမြစ်အကြီးမား ဆုံးနိုင်ငံဖြစ်လာကြောင်းနှင့် မြေရှားမိုင်းလုပ်ကွက်များကို ကချင်နှင့် ရှမ်းပြည်နယ်များ၌ အဓိက ထုတ် လုပ်နေသည်ဟု သတိပေးအစီရင်ခံတင်ပြလာကြသည်။ အဆိုပါ မြေရှားထုတ်လုပ်ရာ ဒေသများသည် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့်နယ်မြေများဖြစ်သည်။ ထို့ကြောင့် အကျိုးအမြတ် များသည် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များထံ ရောက်ရှိခြင်းဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်မှုများနှင့် မငြိမ်မသက်မှုများကို ရေရှည် ဖြစ်တည်စေသည်။

အချက်အလက်များက ဆိုးရွားသည့်အခြေအနေပုံရိပ်များကို ပုံဖော်ပေးနေသည်။ ၂၀၂၅ ခုနှစ်အတွင်း ဂြိုလ်တုဓာတ်ပုံများအရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားရှိ မြစ်များတစ်လျှောက် စည်းကမ်းမဲ့ တရုတ် မိုင်းလုပ်ကွက်ပေါင်း ၂၄၂၀ ရှိကြောင်း သက်သေတည်နိုင်ခဲ့သည်။ လူသန်းပေါင်း ၇၀ နီးပါး မှီခိုနေထိုင် ရာ မဲခေါင်မြစ်သည် အဆိုပါ မိုင်းလုပ်ကွက်များမှ ထွက်သည့် အဆိပ်ဓာတ်များကြောင့် ပြင်ဆင်မရနိုင် သော ညစ်ညမ်းမှုများဖြစ်နေရပြီဖြစ်သည်။ ကချင်ပြည်နယ်မှ မြေရှားမိုင်းလုပ်ကွက်များသည်လည်း အဆိုပါဒေသမှ အဖိုးတန်သစ်တောများကို ပြုန်းတီးစေသည်။ မြေဆီလွှာများပျက်ဆီးခဲ့ပြီဖြစ်သည်။ ရေအရင်းအမြစ်များသည်လည်း အဆိပ်သင့်လာရပြီဖြစ်သည်။ လူသားကျန်းမာရေး ထိခိုက်မှုများနှင့် အတူ အသက်ရှင်သန်စားသောက်နိုင်ရေး စိုက်ပျိုးမြေများလည်း ပျက်သုဉ်းကုန်ပြီဖြစ်သည်။ ရှမ်းပြည် နယ်တွင် တရုတ်မိုင်းလုပ်ငန်းကုမ္ပဏီများက အလုပ်သမားငှားရမ်းမှုအတွက် တစ်ဦးလျှင် တစ်လ ဒေါ်လာ ၁၄၀၀ အထိ ပေးသည်များရှိသည်။ သို့သော်ငြား ဒေသခံအလုပ်သမားများသည် အဆိပ် အတောက်ဖြစ်စေသောအရာ၀တ္တုများ၊ မလုံခြုံသည့် လုပ်ငန်းခွင်အခြေအနေများတွင် လုပ်ငန်းခွင် ဝင်နေကြရသည်။ ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံးမှ နည်းပညာလိုအပ်ချက်ဖြစ်သော မြေရှားသတ္တု များအများစုကို သိမ်းကြုံးထုတ်ယူနေမှုက ဒေသခံများအပေါ် မည်မျှ ထိခိုက်မှုကြီးမားမည်ကို ပြသနေသည်။

ဂေဟစနစ်ကြီး ပျက်စီးနေမှုဆိုသည့် နောက်ကွယ်တွင် တရုတ်၏ အကြံအစည်များက ဆင်သွားလမ်း ဖြစ်ဆိုသလို ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်ကိုလည်း အတိုင်းသား မြင်တွေ့ရသည်။ တရုတ် သည် မြန်မာနိုင်ငံမှ မြေရှားသတ္တုများကို အချိုအချောင်ထုတ်လုပ်ရရှိနေသဖြင့် ပြည်တွင်း မြေရှား ထုတ်လုပ်မှုအား ရည်ရွယ်ချက်ရှိစွာဖြင့် လျော့ချနိုင်ခဲ့သည်။ ပြောရလျှင် မြေရှား ထုတ်လုပ်မှုမှ အညစ်ညမ်းဆုံးသောအရာများအားလုံးကို မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဒုက္ခပေးလိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့ တရုတ်နိုင်ငံ မြေပေါ် အဆိုးရွားဆုံး သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ရှောင် ရှားနိုင်သည်သာမက မြန်မာမြေရှားသတ္တုများဖြင့် ကမ္ဘာလုံးဆိုင်ရာ သန့်စင်ပြီး မြေရှားသတ္တု ထုတ်လုပ် မှုတွင် တစ်ကိုယ်တည်း ကြီးစိုးလွှမ်းမိုးနိုင်ဆဲနိုင်ငံအဖြစ် ဆက်လက်ရည်တည်နေနိုင်သည်။ မြန်မာနိုင်ငံ အတွင်း တရုတ်အစိုးရကိုယ်တိုင်က မြေရှားသတ္တုမိုင်းတွင်းများစွာကို တိုးချဲ့တူးဖော်လာခြင်းတွင် မြေရှားကုန်ကြမ်းများက ချောမွေ့စွာဖြင့် တရုတ်သို့ စီးဆင်းစေနိုင်သည့်အပြင် မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်များအပေါ်တွင်လည်း ဩဇာလွှမ်းမိုးနိုင်စွမ်း ပိုမိုအားကောင်းလာစေရန် တစ်ဆက်တည်း အကွက်ချစီမံနိုင်ခဲ့သည်။ အဆိုပါ မဟာဗျူဟာသည် ရင်းမြစ်များကို ဂုတ်သွေးစုပ် ရယူနိုင်ခြင်းအတွက်သာမက မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများကိုပါ အစဉ်အဆက် ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံဆက်လက် မတိုးတက်စေရန်၊ တရုတ်ကိုသာ အဓိက မှီခိုနေရသည့် နိုင်ငံအဖြစ် ဆက်ရှိနေ စေရန် ဂုတ်နှိမ်ချိုးထားပြီးသား ဖြစ်စေသည်။

တရုတ်အစိုးရ၏ နောက်ကွယ်မှ ရည်ရွယ်ချက်များသည် သက်သေထင်ရှားစွာ ပေါ်လွင်နေသည်။ ပေကျင်းအစိုးရ၏ ရည်မှန်းချက်များဖြစ်သော သန့်ရှင်းစွမ်းအင်ဖြစ်တည်ရေး၊ ကာကွယ်ရေး မြှင့်တင် နိုင်ရေး၊ အဆင့်မြင့်နည်းပညာစက်မှုလုပ်ငန်းများ ထွန်းကားရေးတို့တွင် မဖြစ်မနေ လိုအပ်သည့် မြေရှား သတ္တုကို ကမ္ဘာ့စျေးကွက်ကြီးတစ်ခုလုံးအား လှန်လိုလှန် မှောက်လိုမှောက် လုပ်နိုင်သည်အထိ လက်ဝါး ကြီးအုပ်ထားနိုင်သည်။ ထိုလက်ဝါးကြီးအုပ်ထားနိုင်ခြင်းဖြင့် အမေရိကန်နှင့် ဂျပန်ကဲ့သို့သော မဟာပြိုင် ဘက်နိုင်ငံကြီးများအပေါ် ဖိအားပေးထားနိုင်သည်။ တစ်ပြိုင်တည်းတွင် မြန်မာနိုင်ငံ၏ ပဋိပက္ခစီးပွားရေးတွင် ကြိုးကိုင်ခြယ်လှယ်နိုင်ခြင်းဖြင့်မဟာဗျူဟာကျသော အိမ်နီးချင်းနိုင်ငံများအပေါ် ဩဇာလွှမ်းမိုးနိုင်မှုကို ရရှိစေသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ချဉ်းကပ်မှုသည် ဒြပ်သတ္တုများ ပေါ်တွင်သာ ရမ္မက်ကြီးသည်ဆိုသည်လောက် မရိုးရှင်းပေ။ အရှေ့တောင်အာရှတွင် ၎င်းတို့၏ အာဏာ ချဲ့တွင်စိုးမိုးနိုင်ရေးအတွက်ပါ တစ်နွယ်ငင် တစ်စင်ပါစေသည်။

မြန်မာနိုင်ငံအတွက်မူ အကျိုးဆက်များက အလွန်အမင်းဆိုးရွားနေရပြီဖြစ်သည်။ မြန်မာ့လူမှုအသိုင်း အဝိုင်းများသည် ဂေဟစနစ်ပျက်စီးမှုနှင့် လက်နက်ကိုင်ပဋိပက္ခကြားတွင် ပိတ်မိနေပြီး တရားမျှတမှုဆို သည်ကား မူးလျှင်ရှူစရာပင် မရှိသလောက်ရှားကုန်တော့သည်။ မြစ်များ အဆိပ်သင့်ခြင်းကို မြေရှား မိုင်းလုပ်ကွက်များက ဖန်တီးပြီး အစားရေစာကွင်းဆက် မလုံလောက်မှုများက မြန်မာဆိုသည့် နယ်နိမိတ်ကိုပါ ကျော်လွန်ကာ ထိုင်း၊ လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံများကိုပါ စီးဆင်းထိခိုက်စေပြီဖြစ် သည်။ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ဝင်ငွေများက ဒေသခံပြည်သူ့စစ်များဆီသို့လည်း စီးဆင်းခြင်း ဖြင့် မြန်မာ့ပြည်တွင်းစစ်က နာတာရှည်လေ ငြိမ်းချမ်းရေးမျှော်လင့်ချက်က ပိုမို မှေးမှိန်လေသာဖြစ် သည်။ ကမ္ဘာ့မြေရှားသတ္တုစျေးနှုန်းက ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား ဆက်လက်မြင့်တက်ဆဲပင်ဖြစ် သည်။ အနာဂတ်ကမ္ဘာမြေ မဖျားနာစေရေး သန့်ရှင်းသော စွမ်းအင်တောင်းဆိုချက်က ကမ္ဘာတစ်ဝန်း တွင် ပိုမိုများပြားလေ မြေရှားသတ္တုဝယ်လိုအားက ဆက်လက်မြင့်တက်လေပင်ဖြစ်မည်။ မချိတင်ကဲ ဝမ်းနည်းစရာကောင်းသလို သရော်စရာလည်း ကောင်းနေသည်။ သန့်ရှင်းစွမ်းအင် နည်းပညာသစ်များ ကိုကမ္ဘာကြီးက အလွန်တောင်းဆိုနေသည်။ လေအားလျှပ်စစ်တာဘိုင်းများ၊ လျှပ်စစ်ကားများ ထုတ်လုပ်ခြင်းဖြင့် သန့်ရှင်းစွမ်းအင်များကို ထုတ်ယူနိုင်ရေး အပြိုင်အဆိုင်ကြိုးစားနေကြချိန်တွင် ထို လုပ်ငန်းစဉ်များအတွက် မရှိမဖြစ်လိုအပ်နေသည့် မြေရှားအပါ ဓာတ်သတ္တုများကို မတရားတူးဖော် ထုတ်လုပ်ခြင်းဖြင့် သဘာ၀ပတ်ဝန်းကျင်ကြီးအား ဖျက်ဆီးနေသည်။ အကြမ်းဖက်မှုများ၊ စစ်ပွဲများကို တရုတ်တို့က မီးထိုး လောင်စားထည့် မီးရှို့ပေးနေသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့က ထိုဖြစ်စဉ်အခြေအနေကို စောင့်ကြည့်နေကြသည်။ နိုင်ငံများက မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်များကို နည်းမျိုးစုံဖြင့် ရရှိရန် ကြိုးစားနေကြချိန် မြေရှားအများဆုံးကို ရင်ကို ခံတုပ်လုပ်ကာ ထုတ်လုပ်ပေးနေရသော မြန်မာနိုင်ငံ ခံစားနေရသည့် ဖြစ်စဉ်များက သတိပေးဇာတ်လမ်းတစ်ပုဒ်သဖွယ် ဖြစ်နေသည်။ ပိုမိုအားကောင်းသော နိုင်ငံတကာကြီးကြပ်မှုနှင့် ရေရှည်တည်တံ့သော အခြားရွေးချယ်စရာများအတွက် ရင်းနှီးမြှုပ်နှံမှုမရှိပါက ကမ္ဘာကြီးသည် တရုတ်၏ လွှမ်းမိုးခြိမ်းခြောက်ခံရမှုများဒဏ် ပိုမိုခံစားရမည် ဖြစ်သလို ထိန်းချုပ်မှုစစ်ဆေးခြင်းမရှိသည့် တရုတ်လုပ်ရပ်များကြောင့် ဂေဟဗေဒဆိုင်ရာ ကပ်ဘေးအန္တရာယ်များပါ ဆိုက်ရောက်လာသည်အထိ အန္တရာယ်များရှိနေသည်။ အာရှ-ပစိဖိတ်မျက်မှောက်ရေးရာ မဂ္ဂဇင်း (၂၀၂၅ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်စီမံခန့်ခွဲရေး ပြန်လှန် သုံးသပ်ချက်) တွင် တရုတ်၏ သူလျှိုလုပ်ငန်းများနှင့်ပတ်သက်သော စိုးရိမ်စရာများကို ထင်ဟပ်ဖော်ပြ ခဲ့သည်။ တရုတ်သည် ပြည်ပနိုင်ငံများရှိ လက်နက်ကိုင်စစ်တပ်များထဲသို့ ထိုးဖောက်ဝင်ရောက်သကဲ့ သို့ပင် အရင်းအမြစ်စီးပွားရေးများထဲသို့လည်း ထိုးဖောက်ဝင်ရောက်ကာ ၎င်းတို့အလို မဟာဗျူဟာမြောက်ဆန္ဒအတိုင်း လိုက်လျောညီထွေဖြစ်လာစေရန် ပုံစံသွင်းကြိုးကိုင်နေသည်ဟု စိုးရိမ် ဖွယ်ရာအခြေအနေကို ဖော်ထုတ်တင်ပြခဲ့သည်။

မြေရှားသတ္တုဟူသည် ခေတ်မီနည်းပညာများအတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် တရုတ်တို့ တူးဖော်ထုတ်လုပ်နေသည့် ကမ္ဘာ့အလိုအပ်ဆုံး သတ္တုထုတ်လုပ်မှု ကုန်ကျစားရိတ်ကိုမူ ဖုံးကွယ်ထားပြီး မြေရှားလိုချင်လျှင် တရုတ်ကိုသာ မှီခိုအားထားရန်မှလွဲ တခြားမရှိတော့သည့် အချိုးမျိုး ချိုးထားခြင်းပင်ဖြစ်တော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now