ဆောင်းပါး

တရုတ်၏ နက်ရှိုင်းမြေမဟီ မိုင်းတွင်းမျှော်ရည်မှုများ – မြေကမ္ဘာကို အန္တရာယ်ဖြစ်စေသော ပြိုင်ပွဲတစ်ခု

မဲခေါင် 1 Oct - 2025
~ လင်းမောင် ~ တရုတ်နိုင်ငံ အလယ်ပိုင်း မြေအောက်တိုင် နှမ်းဖတ်ကျောက်များဖြင့်ပြည့်နှက်နေသည့် ကမ္ဘာ့ မြေဆီလွှာအတွင်း နိုင်ငံ၏အရေးပါသော ဓာတ်သတ္တုများကို အပြင်းအထန် လိုက်ရှာနေခြင်းအား ကိုယ်စားပြုသည့် နည်းပညာဆိုင်ရာ အုတ်မြစ်တစ်ခု တည်ရှိနေသည်။ တစ်ခါက နယူးယောက်မြို့ တော် ရေငုပ်သင်္ဘောနှင့် ဆက်သွယ်နိုင်ရေးအတွက် အသုံးပြုခဲ့သော လျှပ်စစ်သံလိုက်ထုတ်လွှင်မှု ထက် ၅ ဆ ပိုများသည့် ၅၀၀ ကီလိုဝပ်ရှိ လျှပ်စစ်သံလိုက်ထုတ်လွှင့်မှုရှိသော ဓာတ်သတ္တုရှာဖွေရေး စက်ကို အသုံးပြုနေသည်။ ထိုဧရာမအင်တင်နာကြီးသည် ကြိုးမဲ့လျှပ်စစ်သံလိုက်နည်း (WEM) စီမံကိန်းမှ အစိတ်အပိုင်းတစ်ခုမျှဖြစ်ပြီး အင်ဂျင်နီယာပညာရပ်၏ အံ့ဩဖွယ်ရာ ပညာရပ်တစ်ခုအသွင် ဆောင်သည်ထက် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အနှောက်အယှက်ဖြစ်မှု၊ ပထဝီနိုင်ငံရေးတင်းမာမှုများ များအတွက် အန္တရာယ်သတိပေးမှုကြီးဖြစ်လာနေသည်။ ယနေ့ကမ္ဘာကြီးသည် သဘာ၀ရင်းမြစ်စစ်စစ်မှ

~ လင်းမောင် ~

တရုတ်နိုင်ငံ အလယ်ပိုင်း မြေအောက်တိုင် နှမ်းဖတ်ကျောက်များဖြင့်ပြည့်နှက်နေသည့် ကမ္ဘာ့ မြေဆီလွှာအတွင်း နိုင်ငံ၏အရေးပါသော ဓာတ်သတ္တုများကို အပြင်းအထန် လိုက်ရှာနေခြင်းအား ကိုယ်စားပြုသည့် နည်းပညာဆိုင်ရာ အုတ်မြစ်တစ်ခု တည်ရှိနေသည်။ တစ်ခါက နယူးယောက်မြို့ တော် ရေငုပ်သင်္ဘောနှင့် ဆက်သွယ်နိုင်ရေးအတွက် အသုံးပြုခဲ့သော လျှပ်စစ်သံလိုက်ထုတ်လွှင်မှု ထက် ၅ ဆ ပိုများသည့် ၅၀၀ ကီလိုဝပ်ရှိ လျှပ်စစ်သံလိုက်ထုတ်လွှင့်မှုရှိသော ဓာတ်သတ္တုရှာဖွေရေး စက်ကို အသုံးပြုနေသည်။ ထိုဧရာမအင်တင်နာကြီးသည် ကြိုးမဲ့လျှပ်စစ်သံလိုက်နည်း (WEM) စီမံကိန်းမှ အစိတ်အပိုင်းတစ်ခုမျှဖြစ်ပြီး အင်ဂျင်နီယာပညာရပ်၏ အံ့ဩဖွယ်ရာ ပညာရပ်တစ်ခုအသွင် ဆောင်သည်ထက် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အနှောက်အယှက်ဖြစ်မှု၊ ပထဝီနိုင်ငံရေးတင်းမာမှုများ များအတွက် အန္တရာယ်သတိပေးမှုကြီးဖြစ်လာနေသည်။

ယနေ့ကမ္ဘာကြီးသည် သဘာ၀ရင်းမြစ်စစ်စစ်မှ ထုတ်ယူသုံးစွဲသောအစိမ်းရောင်နည်းပညာအတွက် လစ်သီယံ၊ငွေမြူ သံလိုက်သတ္တု (cobalt) နှင့် မြေရှားသတ္တုများကို ပြိုင်ပွဲတစ်ရပ်အလား အလုအယက် အလိုရှိကာ ထုတ်ယူနေကြသည်။ အလိုရှိမှုတွင် တရုတ်သည်သာ ထိပ်ဆုံးမှ အာသာငမ်းငမ်းဖြစ်နေသည်။ သို့ကြောင့်ပင် အလွန်မြင့်မားသည့် စွမ်းအားရှိသော လျှပ်စစ်သံလိုက်စနစ် ကို အသုံးပြုကာ အဆိုပါ သတ္တုများရှာဖွေနိုင်ရေး ကမ္ဘာ့မြေဆီလွှာ အနက်ဆုံးအပိုင်းအထိ မီတာထောင် ချီကာ ထိုသွင်းရှာဖွေတော့သည်။ တရုတ်သည် ကမ္ဘာတွင် ရွှေ၊ လစ်သီယံနှင့် ယူရေနီယံ သတ္တုရိုင်း အများဆုံး တူးဖော်ရယူရာနိုင်ငံဖြစ်သည်အတွက် ခန့်မှန်းမရနိုင်သည့် အတိုင်းအတာအထိ ထို သတ္တုများကို တူးဖော်နိုင်ရေး ကမ္ဘာအူတိုင်ဗဟိုချက်အထိ လျှပ်စစ်သံလိုက်အသုံးပြု စက်ကြီးများဖြင့် မွှေနှောက်ရှာဖွေနေတော့သည်။ မကြာသေးမီက တရုတ်ဘူမိဗေဒစစ်တမ်း လေ့လာမှု အထောက်အထားများအရ တရုတ်၏ သတ္တုသိုက်တူးဖော်မှုသည် ကမ္ဘာ့ပြိုင်ဘက်များအား အဝေးတွင် နောက်ကောက်ချနိုင်ခဲ့သည်ဟု အတည်ပြုသည်။ အနောက်နိုင်ငံများ သတ္တု ရှာဖွေတူးဖော်မှုများတွင် အများဆုံး အသုံးပြုလှ လျှပ်စစ်သံလိုက်စွမ်းအင်သုံးစက်၌ ၃၀ ကီလိုဝပ်သာ သုံးကြချိန် တရုတ်နိုင်ငံ တစ်ဝန်း ၁၀၀ ကီလိုဝပ် ကျော် လျှပ်စစ်သံလိုက် သတ္တုရှာစက်များစွာကို အသုံးပြုနေသည်။ နည်းပညာ အရ စိုးမိုးနိုင်သည်ဟု ဂုဏ်စွာနိုင်သော်လည်း နောက်ကွယ်၌ သဘာ၀ပတ်ဝန်းကျင်ကြီး ပျက်စီးမှု အတွက် ကုန်ကျစားရိတ်သည်ကား လွန်စွာ ကြီးမားခဲ့ပြီဖြစ်သည်။

တရုတ်၏ လျှပ်စစ်သံလိုက်စနစ်သုံး သတ္တုတူးဖော်ရေး နည်းပညာတွင် သတ္တုရှာဖွေခြင်းများ၌ အတိုင်း အတာနှင့်အတိမ်အနက်ကို ပြန်လည်သတ်မှတ်ခြင်းများရှိသည်။ ကမ္ဘာကြီးက ပေါလောပေါ်နေသည် ဖြစ်စေ တရုတ်သည် စွမ်အားမြင့်မားလွန်းသည့် အချက်ပြ လျှပ်စစ်သံလိုက်နည်းပညာဖြင့် ကမ္ဘာမြေ အနက်ဆုံးပိုင်းအထိ သတ္တုများကို ရှာဖွေတူးဖော်ခြင်း ပုံစံသစ်ကို အသုံးပြုနေသည်။ ဘူမိဗေဒပညာ ရှင်များက သတ္တုရိုင်းသိုက်များသည် မြေအောက်အနက် မီတာ ၅၀၀ နှင့် ၂၀၀၀ အကြာတွင် ဒုတိယသတ္တုရိုင်းလွှာအဖြစ် တည်ရှိနေသည်ဟု လေ့လာ သုံးသပ်ထားကြသည်။ တိဗက်ရှိ Jiama ကြေနီ မိုင်းတွင်းသည် ရင်းမြစ်ကြွယ်၀လွန်းသော သတ္တုသိုက်က မြေအောက် မီတာ ၃၀၀၀ တွင် အလွှာလိုက် ရှိသဖြင့် တရုတ်သည် ထိုမျှ နက်ရှိုင်းသည့် မြေအောက်အထိ ဂလိုင်ဖောက်ကာ တူးဖော်နေသည်ဟု CSAMT စစ်တပ်ကောက်မှုတွင် ဖော်ပြထားသည်။

ပိုနက်လေ ပို အန္တရာယ်များလေပင်ဖြစ်သည်။ သဘာ၀ လျှပ်စစ်သံလိုက်အချက်ပြစနစ်များကို ကျော် လွန်ကာ သတ္တုသိုက်အား စွမ်းအာဖြင့် လျှပ်စစ်သံလိုက်စက်ကြီးများဖြင့် ရှာဖွေခြင်းက မြေအောက် ဂေဟစနစ်များကို ပျက်ပြားစေသည်။ ဘူမိဗေဒဖွဲ့စည်းပုံများအား မတည်မငြိမ်ဖြစ်စေသည်။ လျှပ်စစ်သံလိုက်ဝင်ရောက်စွက်ဖက်ခြင်းက သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်များကို များစွာ ပြောင်းလဲ ထိခိုက်စေသည်။ မည်မျှ ထိခိုက်သည်ဆိုလျှင် အကန့်အသတ်ပင်မရှိဟု ဆိုရမည်ဖြစ်သည်။ တရုတ်မိုင်းလုပ်ငန်းများတွင် ယခုလို စွမ်းအားမြင့် လျှပ်စစ်သံလိုက်စက်များဖြင့် သတ္တုမွှေနှောက်ရှာဖွေ မှုများရှိသည်ကို လေ့လာတွေ့ရှိရသည့်အပြင် အလွန့်အလွန်အန္တရာယ်ပိုများသည့် သတ္တုရှာဖွေထူဖော် ခြင်း နည်းစနစ်များကိုပါ သုံးနေသည်ကို တွေ့ရသည်။ ဥပမာ မြေအောက်အနက်ပိုင်းအတွင်း ဓာတုပစ္စည်းများ လောင်းထည့်ပြီး သတ္တုရိုင်းများသာယူပြီး ဘေးရှိ မြေဆီလွှာများ ပျက်စီးစေသော in-situ leaching စနစ်လည်း သုံးသည်ကို လေ့လာတွေ့ရှိရသည်။ ကျန်းရှီးပြည်နယ်တောင်ပိုင်းတွင် အဆိုပါ ဓာတုပစ္စည်းသုံး မိုင်းတွင်းများကြောင့် ဂေဟစနစ် ပျက်စီးခြင်း၊ ပြန်လည်ထူထောင်နှုန်း နည်းပါးခြင်းနှင့် ဒုတိယဘူမိဗေဒဆိုင်ရာ ကပ်ဘေး ဆိုက်နေရပြီဖြစ်သည်။

မည်မျှအထိ ပျက်စီးထိခိုက်စေသည်ဆိုခြင်းမှာ တိုင်းတာရန် ခက်ခဲသည်။ သို့သော် နိမိတ်ပြနေမှုများက ရှင်းလင်းသည်။ အဆိပ်သင့်စွန့်ပစ်ပစ္စည်းများ၊ သန့်စင်ထုတ်လုပ်မှုများကြောင့် ရေဒီယို သတ္တိကြွမှုများ၊ မြေအောက်ရေ အဆိပ်သင့်ညစ်ညမ်းမှုများသည် မြေရှားသတ္တုတူးဖော်ခြင်းရမ္မက်အောက် ပေါလောပေါ်နေခဲ့ပြီဖြစ်သည်။ တရုတ်အစိုးရသည် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်ကို အသံ ကောင်းဟစ်နေသော်လည်း လက်တွေ့ မြေပြင်အခြေအနေသည်ကား တခြားစီဖြစ်နေသည်။

ဓာတ်သတ္တုများ ပိုင်ဆိုင်ရေး စစ်ပွဲအသွင်းဆောင်နေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) က အဓိက လက်သည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ သတ္တုထောက်ပံ့ရေးကွင်းဆက်၌ စိုးမိုးနိုင်ရေးသာကြည့် ပြီး ပြည်တွင်း၌ ရသမျှထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင် လုပ်ကိုင်စေသည်။ အစိုးရ ကျောထောက်နောက်ခံပြုအဖွဲ့အစည်းများ ဥပမာ တရုတ်ဘူမိဗေဒစစ်တမ်း (China Geological Survey)၊ CRIMM ကဲ့သို့သော သုတေသနအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်သည်။ CCP သည် မည်မျှ ကုန်ကျမှုစားရိတ်သက်သာခြင်းဖြင့် ဓာတ်သတ္တုအရင်းအမြစ်များစွာကို မဟာဗျူဟာမြောက် ထုတ်ယူ နိုင်ရေးကိုသာ ခေါင်းထဲထားရှိပြီး အဖွဲ့အစည်းများ အားကို မဟာဗျူဟာမြောက်အဖြစ် ရယူထားသည်။ ပါတီရပ်တည်ချက်ကြောင့် နိုင်ငံ၏ သဘာ၀ပတ်ဝန်းကျင်ပျက်စီးခြင်းက ပူပန်စရာမဟုတ်ဘဲ ပထဝီဝင် နိုင်ငံရေးရည်မှန်းချက် အထမြောက်မှုကသာ အဓိက လိုအင်ဖြစ်နေသည်။ တရုတ်သည် ပထမဆုံးသော ပင်လယ်ကြမ်းပြင် သတ္တုတူးဖော်ရေးလုပ်ငန်းကိုခွင့်ပြုရန် နိုင်ငံတကာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ထံ တင်ပြတောင်းဆိုထားသည်မှာ မကြာသေးပေ။ နိုင်ငံတကာစံနှုန်းဖြင့် ညီသည်ဆိုကာ ခွင့်ပြုခဲ့လျှင် တရုတ်သည် နယ်နိမိတ်စည်းမျဉ်းများကို ကျော်လွန်ကာ သတ္တုတူးဖော်မှုနယ်ပယ်ကို ထပ်မံချဲ့တွင်ဦးမည်မှာ သေချာနေသည်။ ထိုသို့ဖြင့် ကမ္ဘာ့မြေထုတွင်သာမက သမုဒ္ဒရာအောက် ကြမ်းပြင်တွင်ပင် နောက်ထပ် ဂေဟသဘာ၀စနစ်များကို ပျက်စီးစေမည့် အန္တရာယ်ကို မကြောက် မရွံ့ စိန်ခေါ်နေတော့သည်။

ထိုသို့သော ဗဟိုချုပ်ကိုင်မှုမော်ဒယ် ကျင့်သုံးကာ သတ္တုများတူးဖော်နိုင်ရေး ရှိရှိသမျှ အဖွဲ့အစည်းများ၊ နည်းပညာများကို အသုံးချနေသော်လည်း ဆုံးဖြတ်ချက်ပိုင်းလုပ်ပိုင်ခွင့်အာဏာရှိသူများက အနည်း ငယ်မျှသာရှိသည်။ မိုင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး ဒေသခံ လူ့အဖွဲ့အစည်းများ၊ သဘာ၀ပတ်ဝန်းကျင့် စောင့်ကြည့်ရေးအဖွဲ့များနှင့် လွတ်လပ်သော သိပ္ပံပညာရှင်များ ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ် အစိုးရက လုံး၀ ကန့်သတ်ထားသည်။ CCP ၏ နည်းပညာဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှုနှင့် အရင်းအမြစ် အချုပ်အခြာအာဏာအပေါ် အလေးထားမှုသည် သဘောထားကွဲလွဲမှု သို့မဟုတ် ဂေဟဗေဒပြန်လည် ကုသမှုတို့အား မျက်ကွယ်ပြုခြင်းဆီသို့ ရောက်စေသည်။

တရုတ်၏ မြေရှားသတ္တုစျေးကွက် အုပ်စိုးထားနိုင်ခြင်းသည် ပြည်တွင်းရေး သက်သက်မဟုတ်ပေ။ ကမ္ဘာလုံးဆိုင်ရာ ပူပန်စရာကိစ္စဖြစ်နေသည်။ အဆိုပါမြေရှားသတ္တုသည် စမတ်ဖုန်းများ၊ လျှပ်စစ်ယာဉ် များ၊ စစ်သုံးပစ္စည်းများ၊ ပြန်လည်အသုံးပြုနိုင်သည့် စွမ်းအင်ကဏ္ဍတို့မှအစ ကဏ္ဍများစွာတွင် မရှိမဖြစ် သတ္တုဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး၏ အလယ်အလတ်နှင့် ဟဲဗီး သတ္တုစျေးကွက်၏ ၉၀ ရာခိုင်နှုန်း အား ချုပ်ကိုင်ထားခြင်းက အနာဂတ်စိမ်းလန်းနည်းပညာခေတ် မျှော်မှန်းချက်အား မဟာဗျူဟာ မြောက်စွာ လည်ပင်းညှစ်ထား ခြင်းပင်ဖြစ်သည်။
မကြာသေးမီက တရုတ်သည် ထိုမရှိမဖြစ် မြေရှားသတ္တုတင်ပို့မှုကို ကန့်သတ်ထိန်းချုပ်လိုက်ရာတွင် ကမ္ဘာ့စျေးကွက်တစ်ခုလုံး ဂယက်လှိုင်းထသွားစေခဲ့သည်။ ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည် ချင့်တွက်မှုများအား နိုင်ငံများက ပြန်လည် လုပ်ဆောင်လာရသည်။ အိန္ဒိယနှင့် အမေရိကန်တို့သည် တရုတ်တွင်းထွက် သတ္တုများကို မှီခိုနေရခြင်းအား လျှော့ချနိုင်ရေး လိုအပ်သည့် သတ္တုများကို ပြည်တွင်း၌ တူးဖော်ခြင်း၊ ပြည်ပ မိတ်ဖက်နိုင်ငံများနှင့် ပေါင်းဖက် တူးဖော်ခြင်းများကို အကောင် အထည်ဖော်လာရသည်။ သို့သော် လိုအင်ပြည့်၀ရေးမှာ ဆယ်စုနှစ်များတိုင် မစောင့်ရလျှင်ပင် နှစ်ပိုင်း စောင့်ရဦးမည်သာဖြစ်သည်။

တစ်ပြိုင်တည်းပင် သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုပြန်လည် ဖြည့်စွမ်းနိုင်ရေး ကုန်ကျစားရိတ်က လွန်စွာကြီးမားပေဦးမည်။ တစ်ခါက ရေရှည်တည်တံနိုင်မည့် တွင်းထက်သတ္တုများဟု ယူဆခဲ့ကြသော အရာသည် ယခုလို ပြိုင်ပွဲတစ်ခုအသွင်ဖြင့် သူထုတ်ငါထုတ် ဖြစ်လာခြင်းကြောင့် ချစ်ရပါသော လူသားတို့ နေထိုင်ရာ ကမ္ဘာမြေကြီး၏ ဂေဟစနစ်ကြီး ပြိုလဲပျက်သုဉ်းရန် စတင်အခြေပြုလာခဲ့ပြီဖြစ် သည်။ တရုတ်၏ ကမ္ဘာ့ဗဟိုချက်မျှမက အနက်ဆုံး သတ္တုတူးဖော်နေခြင်း ကျင့်ထုံးများ၊ နည်းပညာ မြင့်မားမှုများနှင့်အတူ အရမ်းကာရော တူဖော်နေခြင်းများက တိုးတက်မှုနှင့် ထိန်းသိမ်းမှုအကြား မျှချေ ရှိစေရေးအတွက် ထုတ်စရာ မေးခွန်းများစွာ ရှိလာခဲ့ပြီဖြစ်သည်။

တရုတ်၏ အလွန့်အလွန်စွမ်းအားမြင့်လျှပ်စစ်သံလိုက် သတ္တုဖမ်းအင်တင်နာစက်ကြီးများအား နေရာစုံ သို့ စေလွှတ်ကာ တူးဖော်နေခြင်းသည် သတ္တုရင်းမြစ်ရှာဖွေရေး စာမျက်နှာသစ်ဖြစ်လာသည်။ ရေးသား ထားသည့် ဇာတ်ညွှန်းခန်းမှ ဘာသာစကားသည် စိုးမိုးနိုင်ရေး၊ ရည်မှန်းချက်နှင့် သဘာ၀ပတ်ဝန်းကျင်ကို အပေးအယူလုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။ CCP ၏ ဗဟိုချုပ်ကိုင်မှု ထိန်းချုပ်မှုသည် လျင်မြန်သော တိုးတက်မှုများကို ဖော်ဆောင်နိုင်သော်လည်း ဂေဟဗေဒဆိုင်ရာ ခိုင်မာမှုနှင့် ကမ္ဘာလုံးဆိုင်ရာယုံကြည်မှု တို့ကို စတေးရသည်။
တရုတ်၏ မြေအောက်အုပ်စိုးရေးအောင်ပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည်။ သို့သော် တစ်ခုမေးရမည်ဖြစ်သည်။ အရေးကြီးပါသည်ဆိုသော အဆိုပါ သတ္တုများအတွက် ပြန်လည်ပေးဆပ် ရမည်က ထိုက်တန်ပါ၏လောဆိုသည့် မေးခွန်းပင်။ အဖြေသည်ကား ကမ္ဘာကြီး၏ အတွင်းပိုင်း နက်နဲစွာတည်ရှိနေနိုင်သည်ဆိုခြင်းထက် လူသားမျိုးနွယ်စုကြီးတစ်ခုလုံး တိုးတက် စည်ပင်မှုအရေး တန်ဖိုးများအတွက်မူ. . . ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now