ဆောင်းပါး

ဧရာမ ငလျင်ကြီး နဲ့ ဆူနာမီလှိုင်းတွေ လာတော့မလား..

မဲခေါင် 4 Jul - 2025
~ CWM ~ ပြီးခဲ့တဲ့ အင်္ဂါနေ့(ဇူလိုင်-၁)က ထိုင်နိုင်းနိုင်ငံ၊ ကာဆက်ဆတ်တက္ကသိုလ်၊ ငါးလုပ်ငန်းကျောင်းက လက်ထောက်ကျောင်းအုပ် ဒေါက်တာ သွန် သမ်မရောင်နဝါဆဝတ် က ကပ္ပလီပင်လယ်ပြင်မှာ ရေအာက်မီးတောင်ပေါက်ကွဲလို့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာရင် ထိုင်းပင်လယ်ကမ်းခြေမှာရှိတဲ့ သုံးထပ်တိုက်တွေတောင် မလွတ်နိုင်ဘူးလို့ ဟောကိန်းထုတ်လိုက်တယ်။ ဒီလို ကံသေကံမ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာမယ်လို့တော့ သူက တပ်အပ်ပြောတာမဟုတ်ဘဲ သတိထားနေထိုင်ကြဖို့ ပြောလိုက်တာပါ။ သူ့ရဲ့တွေ့ရှိချက်အရ ကပ္ပလီပင်လယ်ပြင်မှာ ရေအောက်မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေ ပုံမှန်ဖြစ်ပွားနေပြီး တချိန်ချိန်မှာ ရေအောက်မီးတောင်ပေါက်ကွဲမှုက တဆင့် ဧရာမဆူနာမီလှိုင်းတွေ ဖြစ်လာနိုင်ပြီး ထိုင်းကမ်းခြေကို ဖုံးလွှမ်းသွားနိုင်တယ်လို့ ဆိုတယ်။ ဒီဆူနာမီလှိုင်းတွေဟာ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားမှာဖြစ်ခဲ့တဲ့ ဆူနာမီလှိုင်းထက် ပိုပြင်းထန်မယ်လို့ ဆိုတယ်။ ငလျင်လှုက်ခတ်မှုကို

~ CWM ~

ပြီးခဲ့တဲ့ အင်္ဂါနေ့(ဇူလိုင်-၁)က ထိုင်နိုင်းနိုင်ငံ၊ ကာဆက်ဆတ်တက္ကသိုလ်၊ ငါးလုပ်ငန်းကျောင်းက လက်ထောက်ကျောင်းအုပ် ဒေါက်တာ သွန် သမ်မရောင်နဝါဆဝတ် က ကပ္ပလီပင်လယ်ပြင်မှာ ရေအာက်မီးတောင်ပေါက်ကွဲလို့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာရင် ထိုင်းပင်လယ်ကမ်းခြေမှာရှိတဲ့ သုံးထပ်တိုက်တွေတောင် မလွတ်နိုင်ဘူးလို့ ဟောကိန်းထုတ်လိုက်တယ်။ ဒီလို ကံသေကံမ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာမယ်လို့တော့ သူက တပ်အပ်ပြောတာမဟုတ်ဘဲ သတိထားနေထိုင်ကြဖို့ ပြောလိုက်တာပါ။

သူ့ရဲ့တွေ့ရှိချက်အရ ကပ္ပလီပင်လယ်ပြင်မှာ ရေအောက်မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေ ပုံမှန်ဖြစ်ပွားနေပြီး တချိန်ချိန်မှာ ရေအောက်မီးတောင်ပေါက်ကွဲမှုက တဆင့် ဧရာမဆူနာမီလှိုင်းတွေ ဖြစ်လာနိုင်ပြီး ထိုင်းကမ်းခြေကို ဖုံးလွှမ်းသွားနိုင်တယ်လို့ ဆိုတယ်။ ဒီဆူနာမီလှိုင်းတွေဟာ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားမှာဖြစ်ခဲ့တဲ့ ဆူနာမီလှိုင်းထက် ပိုပြင်းထန်မယ်လို့ ဆိုတယ်။ ငလျင်လှုက်ခတ်မှုကို မြန်မာနိုင်ငံက ခံစားရနိုင်ပေမယ့် ထိုင်းနိုင်ငံလောက် ပြင်းထန်မှာမဟုတ်သလို ထိုင်းပင်လယ်ကွေ့ဘက်မှာလည်း သိသာမှုရှိမှာမဟုတ်ဘူးလို့ ဆိုတယ်။ သူ ခန့်မှန်းတာက ဖန်းင ပင်လယ်အနောက်ဘက် မိုင် ၃၀၀ ကျော်အကွာ၊ ကပ္ပလီနဲ့ နီကိုဘာကျွန်းစုတန်းရဲ့ အောက်ဘက်မှာ ဖြစ်နိုင်တယ်လို့ဆိုတယ်။

“ဒီဒေသမှာ ဘာရင်းကျွန်းတခုပဲ မီးတောင်ကျွန်းဖြစ်ပြီး အခု ဆက်တိုက် ငလျင်ငယ်တွေ လှုပ်နေတာက ဒီကျွန်းရဲ့အောက်ဘက် ကပ္ပလီနဲ့ နီကိုဘာကျွန်းစုတန်းအောက်ဘက်ပင်လယ်ပြင်မှာပါ”

“ဒီနေရာမှာ ပင်လယ်ရေက အနက်ပေ ၆၀၀၀ကျော်ရှိတယ်။ နောက်ဆုံး ဘာရင်းကျွန်းမှာ မီးတောင်ပေါက်ကွဲခဲ့တာ ၂၀၂၂ခုနှစ်က ဖြစ်ပြီး အခါအားလျော်စွာ မီးတောက်ပေါက်ကွဲမှုတွေလည်း ဖြစ်နေတယ်။ ဒါကြောင့် ဒီနေရာ ပင်လယ်အောက်မှာ မီးတောင်ပေါက်ကွဲနိုင်ခြေများပြီး ပေါက်ကွဲခဲ့ရင် အနီးဆုံး ထိုင်းပင်လယ်ကမ်းခြေကို ကြီးမားတဲ့ ဆူနာမီလှိုင်း ဝင်လာနိုင်တယ်” လို့ ဒေါက်တာ သွန်ကပြောတယ်။ သူက ဘယ်နေ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ငလျင်လှုပ်မယ်ဆိုတာကတော့ မပြောနိုင်ပါဘူးတဲ့။ ဖြစ်နိုင်ချေကိုသာ ပြောတာပါတဲ့။ တကယ်လို့ ဖြစ်လာခဲ့ရင် ကြိုတင်ပြင်ဆင်ထားလို့ရအောင်၊ စာသင်ကျောင်းတွေမှာ သတိပေးလမ်းညွှန်တွေ ကြိုတင်ပြုလုပ်ထားနိုင်အောင်လို့ ပြောတာပါတဲ့။

နောက်ဆုံး သူပြောချင်တာက အလန့်တကြား ကောလာဟလတွေကို မယုံကြည်ကြဖို့၊ သတင်းအချက်အလက် ခိုင်မာစိတ်ချရတဲ့ အေဂျင်စီတွေ၊ အကယ်ဒမီတွေရဲ့ သတင်းတွေကိုသာ ယုံကြည်ကြဖို့၊ ရုတ်တရက် ပညာရှင်ဆိုပြီး ပေါ်လာသူတွေရဲ့ ဟောပြောချက်တွေကို မယုံကြည်ကြဖို့ တိုက်တွန်းသွားတယ်။

သဘာဝဘေးတွေကို လူတွေက ကြိုတင် မသိရှိနိုင်ကြဘူး။ အထူးသဖြင့် မီးတောင်ပေါက်ကွဲတာ၊ ငလျင်လှုပ်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာ။ မိုးလေဝသပညာရှင်တွေက ခေတ်မီနည်းပညာတွေအသုံးပြုပြီး ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ လေတိုက်နှုန်းဘယ်လောက်ရှိတဲ့ မုန်တိုင်းကြီးကျရောက်မယ်ဆိုတာကို ကြိုတင် ခန့်မှန်းနိုင်ကြပေမယ့် မြေအောက်မှာ လှုပ်ရှားနေတဲ့ မြေငလျင်ကြီးတခု ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ လှုပ်ခတ်မယ်ဆိုတာကြိုတင်မခန့်မှန်းနိုင်ကြဘူး။

သဘာဝဘေးကြောင့် အထိတ်တလန့်ဖြစ်နေကြတဲ့ လူတွေဟာ ဘယ်တော့ကျရောက်လာမယ်မှန်း မသိရတဲ့ သဘာဝဘေးအတွက် ပူပင်နေကြရတယ်။ အထူးသဖြင့် ဒီနေ့အချိန်အခါလို ရာသီဥတုဖောက်ပြန်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ ကာလမျိုးမှာပါ။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဂျပန်နိုင်ငံတောင်ပိုင်းက ဝေးလံသီခေါင်တဲ့ ကျွန်းငယ်လေးတွေမှာ ငလျင် အကြိမ်ရေ (၉၀၀)ကျော် လှုပ်ခတ်ခဲ့တယ်လို့ ဆိုတယ်။

ငလျင်တွေက နေ့ရော ညပါ ဆက်တိုက်လှုပ်နေတော့ ကျွန်းပေါ်မှာနေကြတဲ့ ဒေသခံတွေဟာ လုံးဝ အိပ်မရတဲ့အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့ သိရတယ်။ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်နေပေမယ့် ကြီးမားတဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတော့ မရှိခဲ့ဘူး။ ဇူလိုင်(၂)ရက်နေ့ကတော့ မဂ္ဂနီကျု ၅.၅ ပြင်းအားရှိတဲ့ ငလျင်တခု ထပ်လှုပ်သွားတယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ကြေညာတယ်။ ဇွန်လ(၂၁)ရက်နေ့ကစပြီး တိုကာရာ ကျွန်းစုတန်းတလျှောက် ဆက်တိုက် ငလျင်လှုပ်နေတယ်လို့ ဆိုတယ်။ တိုကာရာရွာက လူတွေဟာ တညလုံး မအိပ်နိုင်ဘဲ ပင်ပန်းနွမ်းနယ်နေကြတယ်လို့ဆိုတယ်။

“တချိန်လုံး လှုပ်နေတာ၊ အိပ်ပျော်သွားမှာကို ကြောက်လန့်နေရတယ်။ ဘယ်တော့ပြီးမယ်လည်းမသိဘူး” လို့ ရွာသားတစ်ဦးက ဆိုတယ်။

ဂျပန်နိုင်ငံဟာ ပစိဖိတ် မီးစက်ဝိုင်းရဲ့ အနောက်ဘက်စွန်းက အဓိက ပြတ်ရွေ့ကျောကြီး လေးခုပေါ်မှာ တည်ရှိနေပြီး ကမ္ဘာပေါ်မှာ ငလျင်လှုပ်ရှားမှုအများဆုံးနိုင်ငံထဲမှာ ပါဝင်တယ်။ လူဦးရေ ၁၂၅ သန်းရှိတဲ့ ဂျပန်မှာ တစ်နှစ်ကို ငလျင်ကြိမ်ရေ ၁၅၀၀ ဝန်းကျင် လှုပ်ခတ်တယ်လို့ သိရတယ်။

ကြိုတင်မခန့်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကို အကြောင်းပြုလို့ လူတွေဟာ ဘယ်တော့ ဘာဖြစ်လာမယ်မှန်းမသိနိုင်တဲ့ အန္တရာယ်ကို စိုးရိမ်ပူပန်နေတတ်ကြတယ်။

ငလျင်နဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေက ဖြစ်နိုင်ချေကိုသာ ဟောကိန်းထုတ်နိုင်ပြီး တပ်အပ်သေချာ မပြောနိုင်ကြဘူး။ သို့သော် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုးအတွက်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရတယ်။

ဒီနှစ်အတွင်း၊ အထူးသဖြင့် ဒီလအတွင်း၊ ရက်အတိအကျနဲ့ ဇူလိုင်လ(၅)ရက်နေ့မှာ ဂျပန်နိုင်ငံပင်လယ်ပြင်မှာ ပြင်းထန်တဲ့ ငလျင်တခုလှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းနဲ့အတူ လူပေါင်း ၃၀၀၀၀၀ နီးပါးသေဆုံးမယ့် ငလျင်ကြီးတခုလှုပ်ခတ်မယ်ဆိုတဲ့ ဟောကိန်းတခု ဂျပန်နိုင်ငံမှာ ထွက်ပေါ်နေပြီး လူတွေလည်း စိုးရိမ် ထိတ်လန့်နေကြတယ်။

ဒီ ငလျင်ကြီး လှုပ်မယ့်အကြောင်း ကြိုတင်ဟောကိန်းထုတ်လိုက်သူက ရိုင်ယို တက်ဆူကီ အမည်ရှိ ဂျပန်ရုပ်ပြရေးသူဖြစ်ပြီး သူ့ရဲ့ ရုပ်ပြစာအုပ် ” ဝါတာရှီဂါ မီတာ မီရိုင်” (ကျွန်ုပ်မြင်သော အနာဂတ်) (The Future I Saw)မှာ ဖော်ပြထားတယ်။ သူက အနာဂတ်မှာ ဖြစ်ပေါ်မယ့်အကြောင်းအရာတွေကို အိပ်မက်ထဲမှာ မြင်နိုင်စွမ်းရှိသူ လို့ဆိုတယ်။ ဒီစာအုပ်က ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လမှာ ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ငလျင်နဲ့ ကြီးမားတဲ့ ဆူနာမီလှိုင်းကျရောက်မယ်လို့ ဖော်ပြထားတယ်။ ရုပ်ပြစာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း ၂၀၁၁ခုနှစ်၊ မတ်လမှာ ဂျပန်နိုင်ငံ ဖူကူရှီးမားပင်လယ်မှာ ငလျင်လှုပ်ပြီး ဆူနာမီလှိုင်း ကျရောက်ခဲ့လို့ သူ့ကို ရှေ့ဖြစ်ဟောဆရာအဖြစ် လူတွေက ယုံကြည်သွားကြတယ်။

ဒီစာအုပ်ကိုကိုပဲ ၂၀၂၁ မှာ ထပ်မံဖြည့်စွက်ချက်များနဲ့ ထုတ်ဝေတဲ့အခါ လာမယ့် ဇူလိုင်(၅)ရက်မှာ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်ကြောင့် အက်ကြောင်းကြီးတခုပေါ်ပေါက်လာပြီး ဖြစ်ပေါ်လာတဲ့ ဆူနာမီလှိုင်းတွေဟာ ၂၀၁၁ ခုနှစ်ကထက် သုံးဆ ပိုမြင့်ပြီး ဂျပန်ကမ်းခြေကို ရောက်ရှိလာမယ်လို့ ဟောကိန်းထုတ်ထားတယ်။

ရိုင်ယို တက်ဆူကီရဲ့ ရုပ်ပြစာအုပ်ဟာ ဂျပန်လူမျိုးတွေအပေါ် ဩဇာလွှမ်းမိုးမှုရှိခဲ့ပြီး ဒီစာအုပ်ရဲ့ ရိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံကို ဝင်ရောက်မယ့် ဟောင်ကောင်နဲ့ အာရှနိုင်ငံအချို့က ကမ္ဘာလှည့်ခရီးသည်တွေဟာ ကြောက်လန့်ပြီး ခရီးစဉ်ဖျက်သိမ်းမှုတွေ ပြုလုပ်ခဲ့ကြတယ်။

ဇူလိုင်(၅)ရက် နီးလာချိန် ဂျပန်နိုင်ငံမှာ လူတွေက ကော်ဖီဆိုင်၊ ဘားဆိုင်နဲ့ နေရာတိုင်းမှာ ငလျင်အကြောင်းပဲပြောနေကြပြီး တက်ဆူကီရဲ့ ရုပ်ပြစာအုပ်ကလည်း အုပ်ရေ ၁ သန်းအထိ တိုးပြီး ရိုက်နှိပ်ခဲ့ရတယ်။

မြေလွှာချပ်ထုဆိုင်ရာ သိပ္ပံပညာတွေ တိုးတက်လာပေမယ့် ငလျင်ကိုတော့ ကြိုတင်ဟောကိန်းထုတ်လို့ မရပါဘူး။ ဂျပန်မိုးလေဝသအေဂျင်စီဟာ ဆိုရှယ်မီဒီယာကတဆင့် ” မသေချာ၊ မရေရာ၊ မခိုင်မာတဲ့ ဟောကိန်း” တွေကို သတိပြုကြဖို့ သတိပေးထားတယ်။

ဘာမှ မသေချာတဲ့ ကမ္ဘာကြီးမှာ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတဲ့ သေချာတဲ့ဟောကိန်းတစ်ခုကို လူတွေက စိတ်ဝင်စားတတ်ကြတယ်။

နော်စထြာဒေးမတ်စ် ရဲ့ ၁၉၉၉ ခုနှစ် ကမ္ဘာပျက်ဟောကိန်းလို၊ မာယာတွေရဲ့ ၂၀၁၂ ဟောကိန်းလို ကမ္ဘာကြီးတကယ်မပျက်ခဲ့ပေမယ့် ဒီလို ဖြစ်မလာတာကို လူတွေက မေ့လိုက်ကြပြီး တက်ဆူကီ ရဲ့ ၂၀၁၁ခုနှစ်ဟောကိန်းလို တကယ်မှန်နေတာကိုတော့ မှတ်သားထားကြတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း နန်ကိုင်း ရေအောက် မြေလွှာအက်ကြောင်းတလျှောက် ဆက်တိုက်ငလျင်ငယ်တွေ လှုပ်ခတ်နေသလို နောက်ဆက်တွဲ ငလျင်ကြီးတခုလှုပ်ခတ်လာနိုင်ကိုလည်း ဂျပန်အစိုးရက ကြိုတင်ပြင်ဆင်ထားပါတယ်။

နန်ကိုင်း အက်ကြောင်းဟာ နှစ်ပေါင်း(၁၀၀)မှာ တစ်ကြိမ် ငလျင်ကြီးလှုပ်နိုင်လို့ သတိထားနေကြရတယ်။ နောက်ဆုံး အပြင်းထန်ဆုံးငလျင်လှုပ်ခဲ့တာ ၁၉၄၆ ခုနှစ်မှာဖြစ်ပြီး ခုချိန်မှာ နောက်ထပ် ငလျင်ကြီး လှုပ်ဖို့ ပိုနီးစပ်လာပြီလို့ ဆိုတယ်။

တက်ဆူကီရဲ့ ရုပ်ပြစာအုပ်ပါ ဟောကိန်းအတိုင်း ဇူလိုင်(၅)ရက်မှာ ဧရာမငလျင်ကြီး တကယ်မလှုပ်ဘူးဆိုရင်တောင် လာမယ့်နှစ်တွေမှာ ငလျင်ကြီးတခု လှုပ်လာနိုင်ပြီး ပိုမိုပြင်းထန်၊ ပိုမိုပျက်စီးဆုံးရှုံးမှု များပြားနိုင်မယ့် ငလျင်ကြီးအတွက် ဂျပန်အစိုးရက ခုကတည်းက ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်းပါ..။

#CWM ref: Khaosod English news. Japan updates ‘ megaquake ‘ preparedness plan. A prophesied disaster likely won’t strike Japan this weekend. CNA

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now