ဆောင်းပါး

အစ္စရေး-အီရန် နှင့် တတိယကမ္ဘာစစ်…

မဲခေါင် 20 Jun - 2025
~ CWM ~ တတိယကမ္ဘာစစ်က တကယ်ဖြစ်နေပြီလား။ တနေ့တနေ့ စစ်ပွဲသတင်းတွေ၊ တိုက်ပွဲသတင်းတွေက မရိုးနိုင်အောင် ကြားနေရသည်။ သေကြပြန်ပြီ။ တိုက်ကြပြန်ပြီ။ ဗုံးတွေကြဲလိုက်ကြ။ မီးတွေ ရှို့လိုက်ကြ။ အပြန်အလှန် ပစ်ခတ်လိုက်ကြ။ ပြေးသူပြေး၊ ပုန်းသူပုန်း။ သေသူသေ။ ရှင်သူရှင်။ မသေမရှင်ကျန်သူ၊ ဒဏ်ရာရသူ။ စစ်မီးတွေက ကမ္ဘာအနှံ့မှာ တောက်လောင်နေသည်။ မြန်မာပြည်မြောက်ဘက်မှာ၊ ယူကရိန်းမှာ၊ ရုရှားမှာ၊ ဂါဇာမှာ၊ ပါလက်စတိုင်းမှာ..။ တတိယကမ္ဘာစစ်ကြီးက တကယ်မဖြစ်သေးသော်လည်း စစ်ကြီးတစ်ခု တကယ်ဖြစ်လာတော့မလား ထင်မှတ်ရအောင် အသင့်အနေအထားကို ရောက်ရှိလို့နေသည်။ ဇွန်လ ၁၃ ရက်၊ သောကြာနေ့ မနက် အရုဏ်တက်မှာ အစ္စရေးတိုက်လေယာဉ်တွေ၊ ဒရုန်းတွေက အီရန်နိုင်ငံထဲ ရုတ်တရက်ဝင်ရောက်ပြီး အီရန်နျူးကလီးယားစခန်းပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြသည်။

~ CWM ~

တတိယကမ္ဘာစစ်က တကယ်ဖြစ်နေပြီလား။ တနေ့တနေ့ စစ်ပွဲသတင်းတွေ၊ တိုက်ပွဲသတင်းတွေက မရိုးနိုင်အောင် ကြားနေရသည်။ သေကြပြန်ပြီ။ တိုက်ကြပြန်ပြီ။ ဗုံးတွေကြဲလိုက်ကြ။ မီးတွေ ရှို့လိုက်ကြ။ အပြန်အလှန် ပစ်ခတ်လိုက်ကြ။ ပြေးသူပြေး၊ ပုန်းသူပုန်း။ သေသူသေ။ ရှင်သူရှင်။ မသေမရှင်ကျန်သူ၊ ဒဏ်ရာရသူ။ စစ်မီးတွေက ကမ္ဘာအနှံ့မှာ တောက်လောင်နေသည်။ မြန်မာပြည်မြောက်ဘက်မှာ၊ ယူကရိန်းမှာ၊ ရုရှားမှာ၊ ဂါဇာမှာ၊ ပါလက်စတိုင်းမှာ..။ တတိယကမ္ဘာစစ်ကြီးက တကယ်မဖြစ်သေးသော်လည်း စစ်ကြီးတစ်ခု တကယ်ဖြစ်လာတော့မလား ထင်မှတ်ရအောင် အသင့်အနေအထားကို ရောက်ရှိလို့နေသည်။

ဇွန်လ ၁၃ ရက်၊ သောကြာနေ့ မနက် အရုဏ်တက်မှာ အစ္စရေးတိုက်လေယာဉ်တွေ၊ ဒရုန်းတွေက အီရန်နိုင်ငံထဲ ရုတ်တရက်ဝင်ရောက်ပြီး အီရန်နျူးကလီးယားစခန်းပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြသည်။ ရုတ်တရက်အငိုက်မိ တိုက်ခိုက်ခံလိုက်ရသည့် အီရန်မှာ အကြီးအကျယ် ထိခိုက်ဆုံးရှုံးသွားသည်။ အစ္စရေး​၏ အဓိကပစ်မှတ်က နျူးကလီယားစခန်းတွေဖြစ်သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ် စစ်ဌာနချုပ်တွေ၊ ဒုံးပျံစခန်းတွေ၊ ဒုံးကျည်အစိပ်အပိုင်းထုတ်လုပ်ရာစခန်းတွေကိုပါ တိုက်ခိုက်ခဲ့ကြသည်။ အထိအနာဆုံးက အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ ဗိုလ်ဗှူးချုပ် ဟိုစိန် ဆာလာမီ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ၊ နျူးကလီးယားသိပ္ပံပညာရှင်တွေ၊ အီရန်ခေါင်းဆောင် ခါမေနီ​၏ အနီးကပ်အကြံပေးတွေပါ သုတ်သင်ခံလိုက်ရခြင်းဖြစ်သည်။ ကနဦးကြေညာချက်တွင် လူပေါင်း ၈၀ သေဆုံးခဲ့ရာ အီရန်တော်လှန်အစောင့်တပ်မှ ဗိုလ်ချုပ် (၆)ဦးပါဝင်သည်ဟု သိရသည်။

အစ္စရေး​၏ အလစ်အငိုက်တိုက်ခိုက်မှုက နှစ်ပေါင်း ၅၀ အတွင်း အီရန်အတွက် အထိနာဆုံးတိုက်ခိုက်ခံရမှုဖြစ်သည်။ မြိုတော်တီဟီရန်ကောင်းကင်မှာ ပေါက်ကွဲနေသော အလင်းတန်းတွေ ထိန်ထိန်လင်းလင်းမြင်ရသည်။ ပေါက်ကွဲသံတွေ၊ မီးတောက်မီးလျှံတွေက ဒုံးကျည်တွေ​၏ ဖျက်အား ဘယ်လောက်ပြင်းသည်ကို ပြနေသည်။ စစ်ပွဲကြီးတစ်ပွဲကို အစ္စရေးက အစပြုလိုက်ပြီ။

အစ္စရေးက စ တိုက်ပြီဆိုတော့ အီရန်ကလည်း လက်တုန့်ပြန်ပြီပေါ့။ အီရန် တာဝေးပစ်ဒုံးပျံတွေ အစ္စရေးကောင်းကင်ယံကို ရောက်ရှိလာသည်။ အီရန်က ဒုံးပျံ ၄၀၀ ပစ်ခတ်ရာ အစ္စရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ဒုံးပျံလေးဆယ်ခန့် တဲလ်အဗစ် နှင့် ဟိုင်ဖာမြို့ပေါ် ကျရောက်သည်။ မိုင်ထောင်ကျော်ခရီး ဖြတ်ကျော်ပျံသန်းလာသော အီရန်ဒုံးပျံများ​၏ အနီရောင်မီးတန်းများကို လက်ဘနွန်ကောင်းကင်ပေါ် မှာ မြင်ရသည်။ (ကောင်းကင်ပေါ် ဖြတ်ပျံသွားသော အီရန်ဒုံးပျံတွေကို လက်ဘနွန်နိုင်ငံသားတွေက အလှထိုင်ကြည့်နေသည်ကို တွေ့ရသည်)။ စစ်ပွဲကနဦးသတင်းထုတ်ပြန်ချက်မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်မှာ သေဆုံးသူ ၂၂၄ ဦး ရှိပြီး အစ္စရေးဘက်မှာသေဆုံးသူ ၂၄ ဦး ရှိသည်။

ဇွန် ၁၃ ရက်၊ သောကြာနေ့က စတင်လိုက်သည့် အစ္စရေး-အီရန်စစ်ပွဲသည် အဆုံးမသတ်သေး။ အကြီးအကျယ် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော အီရန်ဘက်က အလျော့ပေးတော့မလား ထင်မှတ်ရသော်လည်း စစ်ပွဲ ငါးရက်မြောက်နေ့တွင် အီရန်ခေါင်းဆောင် အလီခါမေနီ ထွက်လာသည်။ ရုပ်သံကတဆင့် မိန့်ခွန်းပြောရာတွင် အီရန်သည် အမေရိကန်ကို လက်မြှောက် ဒူးထောက်မည်မဟုတ်။ အမေရိကန်က စစ်ပွဲထဲဝင်လာလျှင် အဆုံးအစမရှိသည့် ဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ရမည်ဟု ကြိမ်းဝါးခဲ့သည်။

အစ္စရေးသည် အီရန်​၏ နျူးကလီးယားစခန်းတွေကို အဓိကထား ချေမှုန်းခဲ့သည်။ ဒုံးပျံစခန်းတွေ၊ စစ်ဌာနချုပ်တွေ၊ ဒုံးပျံအစိတ်အပိုင်း ထုတ်လုပ်ရာနေရာတွေကို တိုက်ခိုက်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင် အလီ ခါမေနီကို ဘယ်နေရာမှာ ရှိနေသည်ကို သိကြောင်း၊ သတ်ပစ်နိုင်သော်လည်း မသတ်ဘဲထားကြောင်း၊အီရန်အနေနှင့် ” ခြွင်းချက်မရှိ လက်နက်ချပါ” ဟု ဆိုရှယ်မီဒီယာပေါ်မှာ ရေးပြီး တောင်းဆိုခဲ့သည်။

စစ် တကယ်ဖြစ်လာတော့ အီရန်ဘက်က အဓိက မဟာမိတ်တွေ ငြိမ်သက်နေသည်။ တရုတ်က တုတ်တုတ်မလှုပ်သလို ရုရှားကလည်း ဘာမှ မသိသလို ရေငုံနှုတ်ပိတ်နေသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက နှစ်ဘက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါလောက်ပဲ ပြောသည်။ အီရန်က တရုတ်နှင့်ရော ရုရှားနဲ့ပါ အလုံးစုံမဟာ ဗျူဟာပူးပေါင်းရေးမိတ်ဖက်နိုင်ငံ (Comprehensive strategic partnership) ဖြစ်သည်။ သို့သော် ယခု အစ္စရေးတိုက်ခိုက်မှုမှာ တရုတ်သည် အီရန်ဘက်က ဝင်ရောက်ပြီး မဟန့်တားရဲသလို အမေရိကန်နှင့် ထိပ်တိုက်တိုးမည်စိုး၍ အသာငြိမ်နေသည်။

တရုတ်သည် အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးအကျိုးဆောင်နေရာ ဝင်ယူပြီး ဩဇာထူထောင်ဖို့ ကြိုးစားလျှက်ရှိသည်။ ဂါဇာက ဟားမတ်စ်အဖွဲ့တွေကြား ညီညွတ်မှုရအောင် ကြားဝင်ပေးခဲ့သလို အဓိကရန်သူတွေ ဖြစ်နေသည့် ဆော်ဒီအာရေဗျနှင့် အီရန်ကြား ဝင်ရောက်ပြီး စေ့စပ်ညှိနှိုင်းပေးပြီး အောင်မြင်မှုရခဲ့သည့် မှတ်တမ်းတွေရှိသည်။ သို့သော် ယခု အစ္စရေးကိစ္စမှာ တရုတ် ဝင်မပါရဲ။ တရုတ်အနေနှင့် အစ္စရေးအပေါ် ဩဇာလွှမ်းမိုးမှုလည်း မရှိ။

စစ်ပွဲ ရက်သတ္တတစ်ပတ်ပြည့်လာချိန်မှာ စစ်ပွဲထဲ အမေရိကန် ဝင်ပါလာတော့မည်လား ဆိုသည့် ခန့်မှန်းချက်တွေ ပိုမိုများပြားလာသည်။ အီရန်ကို တိုက်ဖို့ စစ်ရေးအစီအမံတွေကို ထရမ့်က အတည်ပြုထားပြီးပြီ။ နောက်ဆုံးအမိန့်ပေးဖို့သာ ကျန်သည်။ တိုက်မည်လား မတိုက်မည်လား မသိသေး။

“တိုက်ချင် တိုက်မယ်။ မတိုက်ချင် မတိုက်ဘူး”

“တိုက်မယ် မတိုက်ဘူးဆိုတာ ကျနော်ကကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူး”

အိမ်ဖြူတော်တွင် သတင်းထောက်များ​၏ အမေးကို ထရမ့်က ဖြေသွားခဲ့သည်။

အမေရိကန် စစ်ထဲဝင်လာလျှင် အခြေအနေက ပိုရှုပ်ထွေးသွားနိုင်သည်။ ထရမ့်က ဒါကို ချိန်ဆနေပုံရသည်။ သို့သော် တိုက်လေယာဉ်အုပ်စုတွေရော၊ လေယာဉ်တင်သင်္ဘောတွေကိုပါ ပင်လယ်ကွေ့ဒေသကို ပို့ထားပြီ။ ထရမ့်ဆီက နောက်ဆုံးမီးစိမ်းပြလျှင် အီရန်ကို ဝင်တိုက်ဖို့ပဲ ရှိသည်။

အစ္စရေး လိုချင်နေသည်က အီရန်နျူးကလီးယားစက်ရုံအားလုံး ချေမှုန်းပစ်ရေးနှင့် အီရန်ဘာသာရေးအစွန်းရောက်အစိုးရအဖွဲ့ ပြောင်းလဲပစ်ရေးဖြစ်သည်။ အီရန်နျူးကလီးယားစမ်းသပ်မှုများနှင့်ပတ်သက်၍ ထရမ့်က ရက်ပေါင်း (၆၀)အတွင်း ညှိနှိုင်းဖို့ သတိပေးခဲ့သည်။ အစ္စရေးသည် ရက်ပေါင်း ၆၀ မပြည့်မီ အီရန်နျူးကလီးယားစခန်းတွေကို ချေမှုန်းတိုက်ခိုက်ခဲ့သည်။ နေတန်ယာဟုက အီရန်သည် နျူးကလီးယားလက်နက်ထုတ်လုပ်ရန် လက်တကမ်းအလိုရောက်နေပြီဟုဆိုသည်။ နျူးကလီးယားလက်နက်ရရှိရေး ကြိုးပမ်းနေသော အီရန်​၏ အဓိက ရည်မှန်းချက်က အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနိုင်ငံ လုံးဝပျောက်ကွယ်သွားရေးဖြစ်ပြီး အစ္စရေး​၏ ရည်မှန်းချက်က အီရန်က နျူးကလီးယားလက်နက် ပိုင်ဆိုင်မသွားရေးဖြစ်သည်။ အီရန်သည် အစ္စရေးကို တိုက်ခိုက်နေသည့် ဟားမတ်စ်၊ ဟစ်ဘိုလာ၊ ဟူသီ ပျောက်ကျားအဖွဲ့များကို နောက်ကွယ်က အဓိက ပံ့ပိုးပေးနေသူဖြစ်သည်။ အီရန်​၏ နျူးကလီးယားလက်နက်ရရှိရေး ကြိုးပမ်းမှုသည် အစ္စရေးအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်သည်။ အီရန်သည် နျူးကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း လိုက်နာမှု မရှိဟု ဆိုသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးသည် တစ်ခုတည်းသော နျူးကလီးယားလက်နက်ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။

ယခုချိန်အထိ အစ္စရေး-အီရန် စစ်ပွဲမှာ အမေရိကန် တိုက်ရိုက်ပါဝင်ခြင်း မရှိသေးပါ။ အစ္စရေးက အီရန်​၏ နျူးကလီးယားစခန်းများ၊ ယူရေနီယံသန့်စင်စက်များကို တိုက်ခိုက်ဖျက်ဆီးခဲ့သော်လည်း အဓိကကျသည့် အီရန်နျူးကလီးယားစခန်းတစ်ခုကိုတော့ ဖျက်ဆီးနိုင်ခြင်းမရှိခဲ့။ ထိုစခန်းမှာ တီဟီရန်တောင်ဘက် မိုင် ၆၀ အကွာမှာ ရှိပြီး မြေအောက် မီတာ(၈၀)အနက်မှာ တည်ဆောက်ထားသည့် Fordo နျူးကလီးယားစခန်းဖြစ်သည်။ မြေအောက် ပေ ၂၀၀ ကျော်အနက်မှာ တည်ဆောက်ထားသည့် အီရန်နျူးကလီးယားစမ်းသပ်စခန်းကို ချေမှုန်းဖျက်ဆီးဖို့ အမေရိကန်​၏ မြေအောက်ဘန်ကာဖျက်ဗုံး GBU 57A/B ကသာ စွမ်းဆောင်နိုင်သည်။ အမေရိကန်သာ စစ်ပွဲထဲ ဝင်ပါလာလျှင် ထိုစခန်းကို ချေမှုန်းမည်။ သို့သော် ထရမ့်သည် အစ္စရေး-အီရန်စစ်ပွဲထဲ ဝင်ပါဖို့ ချိန်ဆနေတုန်းပဲဖြစ်သည်။

ခုတော့ လူဦးရေ ၁၀ သန်းကျော် နေထိုင်သည့် တီဟီရန်မြို့ပေါ်ကလူတွေအားလုံး မြို့ကို စွန့်ခွာထွက်ပြေးနေကြသည်။ မြို့ပြင်အဝေးပြေးကားလမ်းတွေမှာ ကားတွေပိတ်နေသည်။ အလားတူ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာလည်း လေကြောင်းအချက်ပေးသံတွေ ကြားနေရပြီး လူအများ ဘူတာရုံနှင့် လုံခြုံသည့်နေရာများမှာ စုဝေးနေကြရသည်။

တတိယကမ္ဘာစစ်က မဖြစ်သေးပါ။ တတိယကမ္ဘာစစ်ဖြစ်ဖို့ ဟိုဘက်အုပ်စု၊ ဒီဘက်အုပ်စု အပြန်အလှန် အုံလိုက်ကျင်းလိုက် တိုက်ခိုက်ကြဖို့လိုသည်။ ခု စစ်ပွဲမှာ အီရန်ဘက်က မဟာမိတ်တွေ ငြိမ်နေသည်။ တရုတ်က တုတ်တုတ်မလှုပ်သလို ရုရှားကလည်း အသံတိတ်နေသည်။ အီရန်က စစ်ရှုံးပြီး အစိုးရအဖွဲ့အပြောင်းအလဲ (regime change) ဖြစ်လျှင် ရုရှားအဖို့ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်မဟာမိတ်တဦး ဆုံးရှုံးမည်။ ပြီးခဲ့သည့် ခြောက်လအတွင်း ဆီးရီးယားမှာ အာဏာရှင် အာဆတ်အစိုးရပြုတ်ကျခဲ့သဖြင့် မဟာမိတ်တဦး ဆုံးရှုံးခဲ့ပြီးပြီ။ လတ်တလော စိန့်ပီတာစဘတ်မှာ ရုရှားက နိုင်ငံတကာစီးပွားရေးဖိုရမ် ကျင်းပနေသည်။ အစည်းအဝေးအပြီးမှာ အစ္စရေးက အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကို အမေရိကန်အကူအညီနှင့် လုပ်ကြံနိုင်သလားဟု သတင်းထောက်များက မေးမြန်းရာ သမ္မတပူတင်က “ဒီအကြောင်း မဆွေးနွေးချင်ဘူး။ ဒီအကြောင်း မပြောပါနဲ့” ဟု တားမြစ်ခဲ့သည်။

ရုရှားနှင့် အီရန်တို့ အလုံးစုံ မဟာဗျူဟာမြောက်ပူးပေါင်းရေး မိတ်ဖက်တွေဖြစ်ကြသော်လည်း ယခု အီရန်ကိစ္စမှာ ရုရှားက တခွန်းတပါဒမျှ မှတ်ချက်မပေးဘဲနေသည်။ ရုရှားအဖို့ အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ ထိုးတက်သွားလျှင် အမြတ်ထွက်မှာဖြစ်သလို ယူကရိန်းစစ်ပွဲကိုလည်း ကမ္ဘာကြီးက မေ့သွားသဖြင့် အကျိုးရှိသည်။

တရုတ်ကတော့ သူ့အကျိုးစီးပွားအတွက် အီရန်စစ်ပွဲကို မဖြစ်စေလို။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဆီက လိုအပ်သည့် ရေနံစိမ်း (၄၀)ရာခိုင်နှုန်းကို တင်သွင်းနေရသည်။ အီရန်စစ်ပွဲကြောင့် တရုတ်​၏ ရေနံတင်သွင်းမှု ထိခိုက်နိုင်သလို အရှေ့အလယ်ပိုင်းဒေသက တရုတ်​၏ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ထိခိုက်နိုင်သည်။ လတ်တလော ကုန်သွယ်ရေးစစ်ကြောင့် ဆက်ဆံရေးတင်းမာနေစဉ် အီရန်အရေးကိုအကြောင်းပြု၍ အမေရိကန်နှင့် ထိပ်တိုက်မတွေ့လိုသည်မှာ တရုတ်ဖြစ်သည်။ ထို့ကြောင့် အီရန်စစ်ပွဲမှာ တရုတ်က ငြိမ်နေသည်။

အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်တော့ ကနေဒါမှာ ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေး ကျင်းပနေခိုက်ဖြစ်သည်။ သမ္မတထရမ့်သည် အစည်းအဝေးကို ပြီးအောင်မတက်ဘဲ ညစာစားပြီးပြီးချင်း ပြန်သွားသည်။ စက်မှုထိပ်သီး ခုနစ်နိုင်ငံမှာ အမေရိကန်၊ ကနေဒါနှင့် ဥရောပနိုင်ငံတွေက အများစုဖြစ်ပြီး ဂျပန်တစ်နိုင်ငံသာ အပြင်ကပါသည်။ ကြေညာချက်ထုတ်ပြန်တော့ အစပိုင်းမှာ သဘောထားကွဲလွဲမှုတွေရှိသော်လည်း နောက်ဆုံးမှာ “အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူမှာ အီရန်ဖြစ်ပြီး အစ္စရေးဘက်က ထောက်ခံကြောင်း” ကြေညာခဲ့ရသည်။ ထုတ်ပြန်ချက်မှာ အမေရိကန်​၏ ဩဇာမကင်းကြောင်း ပေါ်လွင်နေသည်။

ကမ္ဘာကြီးက ဝင်ရိုးစုံကမ္ဘာ ဖြစ်လာပြီဟု ဆိုသော်လည်း အစ္စရေး-အီရန်စစ်ပွဲမှာ ဩဇာတကယ်လွှမ်းမိုးနေသည်မှာ နိုင်ငံကြီးတစ်နိုင်ငံပဲဖြစ်သည်။ တကယ့်အရေးအကြောင်းကျလာတော့ အခြားဝင်ရိုးပေါ်က နိုင်ငံတွေ ငြိမ်ကုပ်နေကြသည်မှာ အထင်အရှားဖြစ်သည်။

CWM. ref: Trump keeps world guessing about US military action against Iran. CNA. Photo credit. AFP/Economist

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now