ဆောင်းပါး

စီးပွားရေးမျက်ဖြူဆိုက်ချိန် လူငယ်များ ရွာပြန်ရေး ကျောသပ်ဖျောင်းဖျနေသော ရှီကျင်းဖျင်

မဲခေါင် 27 May - 2025
~ လင်းမောင် ~ တစ်ချိန်က ကျေးလက်နေသူများ ဘ၀အာမခံချက်မြင့်မားရေးနှင့် သာယာ၀ပြောနိုင်ရေး မြို့ပြများဆီ ရွှေ့ပြောင်းလုပ်သားများအဖြစ်သာ အလုံးအရင်းပြောင်းရွှေ့နေခဲ့သော တရုတ်နိုင်ငံ၊ ယနေ့ချိန်ခါတွင် တောင် နိုင်ငံခေါင်းဆောင်ကိုယ်တိုင်က ပြောင်းပြန်အချိုးချ ဘာသာပြန်ပြင်ဆင်လာတော့သည်။ တရုတ်သမ္မတရှီကျင်းဖျင် လူငယ်များအပေါ် နောက်ဆုံး လမ်းညွှန်မှာကြားချက်မှာ မွေးရပ် ကျေးလက် ဒေသသို့ လွမ်းဆွတ်ခေါင်းညိတ် ပြန်ချင်စိတ်ဖြစ်စေသည့် မော်စီတုန်းဝါဒများပြန်သွပ်သွင်းခြင်းသာမက နိုင်ငံတစ်ဝန်း ဖြစ်တည်နေသော စီးပွားရေးမျက်ဖြူဆိုက်နေမှု၊ လူငယ်မျိုးဆက်သစ်များအပေါ် ဩဇာ မညောင်းတော့သော တရုတ်ကွန်မြူနစ်ပါတီ အကျပ်ရိုက်နေမှုများအတွက် ဖြေရှင်းကောင်းနိုး မျက်ကန်းပို့ချမှု လုပ်လာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် ရှီကျင်းဖျင်သည် အတင်းအကျပ်အသွင်ဆောင်ကာ လူငယ်များ တိုင်းပြည်အတွက် အထူးလိုအပ်နေသော ကျေးလက်ဒေသ၊ ဖွံ့ဖြိုးမှုမရှိသော ဝေးလံသီခေါင်ဒေသ များသို့ ကျေနပ်ပျော်ရွှင်စွာ သွားရောက်

~ လင်းမောင် ~

တစ်ချိန်က ကျေးလက်နေသူများ ဘ၀အာမခံချက်မြင့်မားရေးနှင့် သာယာ၀ပြောနိုင်ရေး မြို့ပြများဆီ ရွှေ့ပြောင်းလုပ်သားများအဖြစ်သာ အလုံးအရင်းပြောင်းရွှေ့နေခဲ့သော တရုတ်နိုင်ငံ၊ ယနေ့ချိန်ခါတွင် တောင် နိုင်ငံခေါင်းဆောင်ကိုယ်တိုင်က ပြောင်းပြန်အချိုးချ ဘာသာပြန်ပြင်ဆင်လာတော့သည်။ တရုတ်သမ္မတရှီကျင်းဖျင် လူငယ်များအပေါ် နောက်ဆုံး လမ်းညွှန်မှာကြားချက်မှာ မွေးရပ် ကျေးလက် ဒေသသို့ လွမ်းဆွတ်ခေါင်းညိတ် ပြန်ချင်စိတ်ဖြစ်စေသည့် မော်စီတုန်းဝါဒများပြန်သွပ်သွင်းခြင်းသာမက နိုင်ငံတစ်ဝန်း ဖြစ်တည်နေသော စီးပွားရေးမျက်ဖြူဆိုက်နေမှု၊ လူငယ်မျိုးဆက်သစ်များအပေါ် ဩဇာ မညောင်းတော့သော တရုတ်ကွန်မြူနစ်ပါတီ အကျပ်ရိုက်နေမှုများအတွက် ဖြေရှင်းကောင်းနိုး မျက်ကန်းပို့ချမှု လုပ်လာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် ရှီကျင်းဖျင်သည် အတင်းအကျပ်အသွင်ဆောင်ကာ လူငယ်များ တိုင်းပြည်အတွက် အထူးလိုအပ်နေသော ကျေးလက်ဒေသ၊ ဖွံ့ဖြိုးမှုမရှိသော ဝေးလံသီခေါင်ဒေသ များသို့ ကျေနပ်ပျော်ရွှင်စွာ သွားရောက် အမှုထမ်းခြင်းဖြင့် နိုင်ငံကို ကူညီကြရန် ဆက်တိုက်ဆော်ဩ နေခဲ့သည်။ တရုတ်အစိုးရပိုင်မီဒီယာများတွင် တင်ဆက်သူများ၊ ကွန်မြူနစ်ပါတီကျောထောက်နောက်ခံ ရှိသူများ ပါးစပ်ထဲ နိုင်ငံအမျိုးသားပြန်လည်နုပြိုရေးအတွက် လူငယ်များ ကျေးလက်ဒေသများသို့ ပြန်ကာ အနစ်နာခံ စွန့်လွှတ်ခြင်းဖြင့် တိုင်းပြည်ကို ကယ်မရန် ပဲ့ထင်ထပ်မျှ ကြေညာပြောဆိုနေတော့ သည်။ သို့သော် ထိုပန်ကြားမှုများသည် လူငယ်များအပေါ် ဂျင်းထည့်သည့် မုသားများနှင့် ထုံမွှမ်းနေသည်။ တရုတ်နိုင်ငံစီးပွားရေး စိုးရိမ်ဖွယ်ရာ ဆုတ်ယုတ်ကျဆင်းနေခြင်းနှင့် အလုပ်လက်မဲ့ လူငယ်နှုန်းများစွာ တိုးပွားလာခြင်းနောက်ကွယ်၌ တစ်ချိန်က ခုတ်မောင်းသံ မရပ်တမ်း နီးပါး လည်ပတ်နိုင်ခဲ့သည့် စက်မှုလုပ်ငန်းများလည်း ယို့ယွင်းပျက်စီးကုန်ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ အခြေခံ စီးပွားရေးကြီးဖြစ်သော အိမ်ခြံမြေလုပ်ငန်းများလည်း နစ်မြုပ်လဲပြိုခြင်းများကြား သွေးရူး သွေးတမ်းဖြစ်နေသောကြောင့် ပူပင်သောကဖြင့် အစိုးရတာဝန်ရှိသူများက လူငယ်များ ရွာပြန်ကြရန် လော်ဘီလုပ် ပန်ကြားနေကြခြင်းသာဖြစ်သည်။

တော်လှန်ရေးအတွေးအခေါ်ဟောင်းများ တစ်ပတ်ပြန်လည်လာခြင်း

ရှီကျင်းဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးသမိုင်းကြောင်းကို စာအုပ်ပြန်လှန် ပြလာ သည်။ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကြီးအတွင်း လူငယ်သန်းပေါင်းများစွာသည် တောင်သူဦးကြီး များထံမှ ပြန်လည်လေ့လာသင်ကြားနိုင်စေရန် ကျေးလက်ဒေသများသို့ ပို့ဆောင်ခိုင်းစေခြင်းခံခဲ့ရသည်။ အဆိုပါ တော်လှန်ရေးမှာပင် လူငယ်များသည် ခက်ခဲမှု၊ အနစ်နာခံရမှု၊ ရှုပ်ထွေးသော ကင်းကွာမှုများဖြင့် နားလိုခံခက် ဖြစ်ခဲ့ကြရသည်။ ယနေ့ လူငယ်များကို ကျေးလက် ပြန်တွန်းလွှတ်နေသော ဖြစ်စဉ်က ယခင် ယဉ်ကျေးမှုတော်လှန်ရေးနှင့် ကွဲပြားခြားနားသည်။ တစ်ဦးချင်း၏ ခိုင်မာသော ရည်မှန်းချက်များထက် ဘုံတာဝန်ကို စုပေါင်းထမ်းဆောင်ကြရေး ကျုံးသွင်း ခြင်းမျိုးဖြစ်နေသည်။ တည်ဆောက်မှုဆိုင်ရာ ပြဿနာများ၊ ရှုပ်ထွေးဝေဝါးသော လမ်းများပေါ်တွင် မမြင်မစမ်းလျှောက်လှမ်းနေကြရခြင်းက ပိုပြီး သိသာထင်ရှားစေသည်။
တရုတ်နိုင်ငံကြီးတွင် သက်ကြီးရွယ်အို လူဦးရေနှုန်းများပြားလွန်းနေခြင်းက အလုပ်သမား အင်အားစုကို ကျုံ့သထက်ကျုံ့လာစေသည်။ ယနေ့ တရုတ်လူငယ်များသည် ယခင် မိဘဘိုးဘေးများခေတ်ကထက် ပိုပြီး ပညာတတ်များဖြစ်လာသည်။ ထိုလူငယ်များသည် အလုပ်လက်မဲ့နှုန်းများပြားလွန်းနေခြင်းနှင့် အယူဝါဒဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများအကြား ထောင်ချောက်အဖြစ် ပိတ်မိနေကြရသည်။ ပထဝီ နိုင်ငံရေးအနေအထား တင်မားမှုများ ဘက်ပေါင်းစုံတွင် ရှိနေခြင်းက ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တစ်စထက်တစ်စ နည်းပါးလာစေသည်။ တရုတ်အစိုးရမှ ပုဂ္ဂလိက စီးပွားရေးအင်အားစုအပေါ် အမြစ် ဖြတ် ချေမှုန်းခြင်းနှင့် စားသုံးသူစျေးကွက် အယုံအကြည်နည်းပါးလာခြင်းကြောင့် စီးပွားရေးမျက်ဖြူ စိုက်မှုမှာ မည်သို့မျှ နာလန်ထူမလာနိုင်သေးပေ။ ထိုသို့သော ပတ်ဝန်းကျင်အခြေအနေဆိုးများအတွင်း ယခင်ကတည်းက တုံ့ဆိုင်းလေးလံနေသည့် ကျေးလက်စီးပွားရေးကဏ္ဍကလည်း မြို့ကျစီးပွားရေး လေဖြတ်နေမှုကြီးကြောင့် လူငယ်များ စိတ်ရင်းအမှန်ဖြင့် ကျေးလက်သို့ ပြန်သွားပြီး ပြန်ပေးဆပ်လို စိတ်များကို မဖြစ်ပေါ်စေဘဲ မကျေနပ်မှုများသာ ဆင့်ပွားခံစားကြတော့သည်။

မျိုးဆက်အကျပ်ရိုက်နေခြင်း

တရုတ်လူငယ်မျိုးဆက်များအတွက် ကျေးလက်ဒေသသို့ အစိုးရမှ ပြန်လည် ခြေချ ပေးဆပ်ခိုင်းနေ ခြင်းမှာ အခွင့်အရေးဆိုသည်ထက် နောက်ပြန်ဆုတ်ရသော ခြေလှမ်းများသာဖြစ်သည်ဟု ယုံကြည် ခံယူထားကြသည်။ တရုတ်နိုင်ငံ၏ ပညာရေးလောကတွင် စာမေးပွဲများက အလွန် ခက်ခဲ ပင်ပန်း ကြမ်းတမ်းသည်။ ဒီဂရီဘွဲ့တစ်ခုခုရနိုင်ရေးဆိုလျှင် ပိုပြီးပင် ပြိုင်ဆိုင်မှု ပြင်းထန်သည်။ အထူးသဖြင့် ဂုဏ်သတင်းကြီးသော ပညာရေးအဖွဲ့အစည်းများအတွင်း ဝင်ရောက်ကာ ဘွဲ့ရအောင်မြင်ရန်မှာ ခက်ခဲ လွန်းသည်။ အဆိုပါ ပညာတတ်အသိုင်းအဝိုင်းအတွက် ထိုပညာရေးစနစ်များက တည်ငြိမ်မှုကို မပေး စွမ်းနိုင်၊ လစာကောင်းသော မြို့ပြအခြေစိုက် အလုပ်အကိုင်ကောင်းများကိုလည်း မပေးစွမ်းနိုင်ပေ။ တရုတ်လူငယ်များ ပညာတတ်လိုခြင်းသည် မိမိသဘောဆန္ဒကြောင့် မဟုတ်ဘဲ ယဉ်ကျေးမှုအခြေခံ မျှော်လင့်ချက်ကြောင့်သာ ပညာလိုက်စားမှုများ ပိုမို များပြားလာရခြင်းဖြစ်သည်။

ပညာရေးစနစ်တွင် အလူးအလဲ ကြိုးစားလေ့လာခဲ့ရသည့် ပညာရပ်များသည် မြို့ကြီးပြကြီးများတွင် အခြေခံစည်းပွားရေးအဆောက်အအုံမခိုင်မာတော့ခြင်း၊ လစာကောင်းမပေးနိုင်တော့ခြင်း၊ လူမှုရင်းမြစ် များလွန်းပြီး အလုပ်ပေးနိုင်စွမ်း ရှားပါးခြင်းကြောင့် ယာယီ ရရာအလုပ်များကို အနာဂတ်မည်သို့ရှိမည် မသိဘဲ ဝင်လုပ်နေကြရသူများသာ ဖြစ်ကုန်သည်။ ထိုသို့ အဆက်အစပ်ပြတ်တောက်မှုသည် ယဉ်ကျေးမှုဆိုင်ရာ ထုတ်ဖော်ပြသမှု ပုံစံသစ်ကို ဖြစ်တည်လာစေသည်။ ထင်ရှားသည့်ဖြစ်စဉ်များမှာ lying flat နှင့် let it rot ပြည်သူ့လှုပ်ရှားမှုများဖြစ်သည်။ သမားရိုးကျ ကြွယ်၀ချမ်းသာရေး လမ်းစဉ်ကို ဖီဆန်ပြီး အွန်လိုင်းပေါ်တွင် လှုံ့ဆော်ပျံ့နှံ့ခဲ့သည့် ပြည်သူ့ ဒေါသ ကမ်ပိန်းများဖြစ်သည်။ ယခင် ယဉ်ကျေးမှုတော်လှန်ရေးနှင့် ယခု ပုံစံသွင်းနေသည့် ယဉ်ကျေးမှုတော်လှန်ရေးအခြေအနေများ သည် လွန်စွာကွာဟသည်။ လူငယ်များစွာ အလုပ်လက်မဲ့ဖြင့် တုတ်လှုပ်ချောက်ခြားနေရသည့်ကြားမှ ရုန်းကန်ရမည့် အခြေအနေမျိုး ရောက်နေခြင်းဖြစ်သည်။

တရုတ်အစိုးရ အများပြည်သူသို့ သိစေအပ်သော နိုင်ငံ အချက်အလက်များထုတ်ပြန်မှုအား နောက်ဆုံး မရပ်ဆိုင်း၊ မပိတ်ပင်မီ ၂၀၂၃ နှစ်လည်ပိုင်း စာရင်းဇယားများအရ တရုတ်မြို့ပြများတွင် ၁၆ နှစ်မှ ၂၄ နှစ်ကြား လူငယ် ၂၁ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေခဲ့သည်ဟု ဆိုသည်။ တခြားလွတ်လပ်သော သတင်းအချက်အလက် ကောက်ခံသည့်အဖွဲ့အစည်းများအဆိုအရ မြို့ပြ လူငယ်အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၃ ခုနှစ်မှာပင် ၂၁ ရာခိုင်နှုန်းထက် များစွာပိုများသောကြောင့် ယနေ့ ကြောက်ခမန်းလိလိ ပိုမို မြင့်မား နေမည်မှာ သေချာသည်။ ကောလိပ်ဘွဲ့ရလူငယ်များအတွက် အလုပ်ရနိုင်ရေးမှာ ဆယ်စုနှစ်အနည်းငယ် အတွင်း အခက်ခဲဆုံးအခြေအနေရောက်နေပြီဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ နည်းပညာ ပိုင်းဆိုင်ရာ ကန်ထရိုက်ကဏ္ဍများ၊ ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု လုပ်ငန်းများသည်လည်း အစိုးရ၏ စည်းမျဉ်းပိုင်းဆိုင်ရာ တင်းကြပ်စွာ ထိန်းချုပ်ဖိနှိပ်မှုများနှင့် ပိတ်သိမ်းခံစီးပွားရေးနယ်ပယ်များစွာကြား လူငယ်ဘွဲ့ရ အလုပ်လက်မဲ့နှုန်းများသည်လည်း များသထက်များလာနေခြင်းဖြစ်သည်။ တရုတ် စီးပွားရေး၏ အသက်သွေးကြော အိမ်ခြံမြေလုပ်ငန်းများသည်လည်း အကြွေးများနှင့် မလိုက်လျောနိုင်သော အစိုးရ တောင်းဆိုမှုများကြောင့် အများအပြား ပိတ်သိမ်းကြရပြီးဖြစ်သည်။

ထို့ကြောင့် လူငယ်များ ကျေးလက်ဒေသ၊ အနစ်နာပိုခံရသည့် ဝေးလံသီခေါင် နေရာများသို့ ရှီကျင်းဖျင်၏ ပြန်လည်ခေါ်ယူနေခြင်းမှာ လူမှုရေးနှင့် အယူဝါဒမှိုင်းသွင်းခြင်းထက်ပိုသည်။ အမှားအယွင်းများစွာလုပ်ခဲ့ပြီး အဖတ်ဆယ်မရနိုင်ချိန်မှ လူငယ်များဖြင့် ၎င်းတို့၏ မျှော်လင့်ချက်များကို ပြန်လည် ချိန်ညှိ ယူရန်ကြိုးပမ်းမှု သက်သက်ဖြစ်နေသည်။ နိုင်ငံတော်ပြန်လည်တည်ဆောက်နေမှုတွင် ပြည်သူ ယုံကြည်မှုမရတော့ခြင်း၊ အစိုးရ၏ ကတိမတည်ခြင်းများစွာက တရုတ်နိုင်ငံ စီးပွားရေးနှင့် လူငယ်မျိုး ဆက်သစ်များအတွက် ရင်လေးစရာဖြစ်လာသည်။

ဖိအားများအောက်မှ စီးပွားရေးတစ်ခု

ရှီကျင်းဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များ၏ လူငယ်များအပေါ် ကျောသပ်ကာ စီးပွားရေး ဦးမော့လာရေး ကြိုးပမ်းမှုက ရေနွေးငွေ့မရှိသော ရထားတစ်စီးနှင့် အလားသဏ္ဍန်တူနေ သည်။ နှစ်ပေါင်းများစွာအတွင်း အလုပ်လက်မဲ့နှင့် စီးပွားရေးကျဆင်းနှုန်းက ကိန်းဂဏ္ဍန်း ၂ လုံးတွဲ ရာခိုင်နှုန်းအနေအထားသို့ ရောက်ရှိနေသောကြောင့် စီးပွားရေးပြန်တိုးတက်ရန် မျှော်လင့်မှုမှာ မသေချာလွန်းသော အဆင့်တွင်သာ ရှိနေသည်။ ကိုဗစ်ကပ်ဘေးနှင့်တွဲလျက် ထောက်ပံ့ရေးကွင်းဆက်များ အားနည်းလွန်းခြင်းက တိုးတက်မှုမှန်သမျှ၏ အားထားရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုပါ ကြီးစွာ ဆုတ်ယုတ်နေစေပြီ‌ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုမှသည် နိုင်ငံစီးပွားရေးတိုးတက်အောင်မြင်စေရန် အဓိက အားထားသော တရုတ်အစိုးရ သည် ကိုဗစ်ကပ်ဘေးကြောင့် ထိုးကျသည့် စီးပွားရေး ပြန်ဦးမော့လာနိုင်စေရေး ၂၀၂၃ ခုနှစ်အစောပိုင်း မှာပင် ကိုဗစ်နှင့်ပတ်သက်သည့် ပိတ်ပင်တားဆီးထားမှုများ၊ စနစ်များကို ပြန်လည် ဖြေလျော့ပေးလိုက် သည်။ တစ်စုံတစ်ယောက်မှသည် တစ်ဖွဲ့ တစ်သင်းဆီမှ တရုတ်အမျိုးသား အကျိုးစီးပွား တိုးတက်ရေး၊ အတွေးအခေါ်များ တိုးတက်အောင်မြင်ရေး မျှော်လင့်ချက်သည် ငြင်းမရ၊ ရှောင်မရနိုင်အောင် ရှိနေသော စိန်ခေါ်မှုလည်း ဖြစ်နေသည်။ လူငယ်များ ထွက်ပေါက်မဲ့ဖြစ်နေရချိန် စိတ်ပျက်နေရပါလျှက် အလုပ်လက်မဲ့အဖြစ်မှ မျိုးချစ် ယစ်ပူဇော်ခံများအဖြစ် ဆက်လက်အသုံးချခံရမည့်အရေးကို များစွာ ဒေါသထွက်ပေါက် ကွဲနေကြသည်။

လူငယ်များ တော သို့မဟုတ် ဝေးလံသီခေါင်ဒေသများသို့ ပို့ဆောင်နေခြင်းတွင် ကြိုက်သူလည်းရှိ မကြိုက် ကြသူများလည်း ရှိသည်။ ကျေးလက်ပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ်များတွင် တချို့က လူငယ် များအတွက် ဒေသဆိုင်ရာ အစိုးရအလုပ်များ ပေးခြင်း၊ နေထိုင်စရာပေးခြင်း၊ ဦးစားပေးချေးငွေများ ထုတ်ပေးခြင်းများ ပြုလုပ်ပေးသည်။ သို့သော် မည်မျှ ရေရှည်အတိုင်းအတာအထိ တည်တံ့သော ထောက်ပံ့မှုများဖြစ်နိုင်မည်နည်းဆိုသည်က မရှင်းလင်းပေ။ လူငယ်များကို ကျေးလက်ဒေသသို့ ပြန်လည်အခြေချ အလုပ်လုပ်ကိုင်ခိုင်းခြင်းသည် အလုပ်လက်မဲ့ ပြဿနာနှင့် နိုင်ငံစီးပွားရေး တုံ့ဆိုင် ခြင်းကို ပြန်လည်ကုစားရန် မဖြစ်နိုင်သော ပမွှား စီမံချက်သာဖြစ်သည်ဟု ဝေဖန်နေကြသည်။

အတွေးအခေါ် အယူဝါဒနှင့် ကိုက်ညီမှု

ပိုမိုရှုပ်ထွေးကျယ်ပြန့်သော နိုင်ငံရေးအမြင်ကွဲလွဲမှုများလည်း ဖြစ်ပေါ်လာသည်။ ရှီကျင်းဖျင်၏ ကျေးလက်ဒေသသို့ ပြန်သွားပြီး နိုင်ငံအကျိုး ထမ်းရွက်ရန်လူငယ်များကို စေခိုင်းခြင်းသည် မိမိကိုယ် ကိုယ် အားထားရာ ထိန်းချုပ်ခံစီးပွားရှာစနစ်ကို အခြေခံသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ တရုတ်အစိုးရ လမ်းညွှန်ချမှတ်ပေးမှုများဖြစ်သော တိုင်းပြည်အကျိုး သယ်ပိုးရာ၌ မျှတခြင်း၊ သမာသမတ်ရှိခြင်းကို စွန့်ပယ်ကာ အကျိုးတရားသာ ရှေးရှုစေသည့် စနစ်နှင့်လည်း ပွတ်တိုက်မှု ရှိနေသည်။ ရှီကျင်းဖျင်ချမှတ်သော မူဘောင်သစ်သည် နိုင်ငံစီးပွားရေးအတွက် လိုအပ်ချက်အတွက်သီးသန့် ခိုင်းစေခြင်းမဟုတ်ဘဲ အတွေးအခေါ်ပိုင်းဆိုင်ရာ ပေါင်းစည်းစေနိုင်ရေး မှိုင်းတိုက်သွပ်သွင်းခြင်းတွင် ပိုမို အလေးထားနေသည်။ သို့သော် ထိုရည်မှန်းချက်များသည် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

တရုတ်နိုင်ငံတစ်ဝန်း ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးမှုသည် ကမ်းရိုးတန်းဒေသမြို့များနှင့်အဆင့်ချင်း ယှဉ်လျှင် အလွန် အောက်ကျနောက်ကျ နိုင်ဆဲအဆင့်မှာပင် ရှိနေသေးသည်။ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာများမှအစ အလွန်အားနည်းလွန်းနေသေးသည်။ ကျေးလက်ဒေသ များတွင် ကျန်နေရစ်ခဲ့သော မိသားစုဝင်များပင်လျှင် ပိုမိုကောင်းမွန်သော အနာဂတ်အလုပ်အကိုင်များ ရှာဖွေရုန်းကန်နေရစဉ် မြို့ပြရောက်ပြီးမှ မိသားစုကျေးလက်နေအိမ်များသို့ ပြန်လာကြမည့် အားထား ရာ လူငယ်များအခြေအနေက မိသားစုများကို ပိုမို စိတ်ပျက်စေသော စီးပွားရေးမနိုင်ဝန်များကိုလည်း ဖြစ်စေမည်ပိ‌ြ လူငယ်များကိုယ်တိုင်ကလည်း ကောင်းစွာသဘောပေါက် သိထားကြသည်။ ထို့ကြောင့် ရှီကျင်းဖျင်အပါ တရုတ်ခေါင်းဆောင်များအတွက် ကြီးမားသည့် စိန်ခေါ်မှုမှာ ၎င်းတို့ မြှင့်တင်ပေးနေသည့် စံနှုန်းများနှင့် ကြီးကြပ်နိုင်မှုပိုင်းလက်တွေ့ကျမှုကြား ကွာဟချက်များစွာရှိနေခြင်း ကို ပေါင်းကူးပေးနိုင်ရန် ခက်ခဲလွန်းနေခြင်းဖြစ်သည်။

ကျေးလက် စီးပွားရေးအခြေအနေကို သိသိသာသာ တိုးတက်ပြောင်းလဲမှု ပြယုဂ်မပြနိုင်သရွေ့ အဆိုပါ ကျေးလက်ဒေသများသည် အခွင့်အလမ်း၊ အခွင့်အရေးများအဖြစ် မြင်နိုင်စရာမရှိဘဲ တုံ့ဆိုင်းမြဲ၊ နိမ့်ကျ ဆဲဟု ရှုမြင်သုံးသပ်ကြပြီး လူငယ်များ ပြန်မလာချင်ရာ အရပ်အဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။ ရှီကျင်းဖျင်ကမူ မိမိတို့နိုင်ငံ ကျေးလက်ဒေသ စီးပွားရေးပြောင်းလဲတိုးတက်နေသည်ဟု ပုံပြင်ဇာတ် လမ်းများ ခင်းကျင်း စည်းရုံးနေဆဲဖြစ်သည်။ ထို လှုံ့ဆော်မှုကပင် အလုပ်အကိုင် အခွင့်အလမ်းစျေး ကွက်ကို ပိုမို ထိခိုက်စေသည်။ တက္ကသိုလ်ကောလိပ် ဘွဲ့ရ ပညာတတ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းမပေးနိုင်သည့် လှိုင်းကြား ပိုမိုသော ဖိအားဒဏ်များကို ခံစားနေကြရပြီဖြစ်သည်။ အဆိုပါ အခြေအနေသည် တရုတ်နိုင်ငံခေါင်းဆောင်များ မျှော်မှန်းသော နိုင်ငံတော် လူမှုရေးနှင့် စီးပွားရေးအနာဂတ် အယူဝါဒတွင် ရှုပ်ထွေးသော အပြောင်းအလဲတစ်ခုဆီ ဦးတည်နေသည်ကို အချက်ပြနေသည်။

အဆိုပါ ခေါ်သံများသည် မျိုးဆက်သစ်များအတွက် ပထဝီအနေအထားမျှသာမဟုတ်သော မေးခွန်း ထုတ်ခံရမှုများဖြစ်နေပြီဖြစ်သည်။ ထိုမေးခွန်းသည် အထောက်အထား၊ ဆန္ဒနှင့် ယုံကြည်မှုများ အတွက် ထုတ်သော မေးခွန်းများဖြစ်နေသည်။ ယုံကြည်မှုဆိုင်ရာတွင် တစ်ချိန်က ကျေးလက်မှ မြို့ပြ သို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းဖြင့် အာမခံမှုရှိသည်ဟု ကတိပြခဲ့မှုများကို ပြောင်းပြန်လှန်ကာ မြို့ပြမှ သည် ကျေးလက်ဆီ သစ္စာရှိစွာ ပြန်ကြလေသတည်းဟု မူဝါဒ ဂငယ်ကွေ့ကွေ့သွားခြင်းအပေါ် ယုံကြည် နိုင်ရန်မှာလည်း လူငယ်များအတွက် လွန်စွာ ခက်ခဲလေမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးဖြစ်သော ဘုံချမ်းသာ ၀ပြောရေး မူဝါဒကြီးမှာ ယခုအထိ ဘာမှ ဖြစ် တည်မလာဘဲ ရှုပ်ထွေးဝေဝါးနေဆဲဖြစ်သည်။ နိုင်ငံတွင်းမှာပင် ကွဲလွဲမှုများစွာဖြင့် ရုန်းကန်နပန်းလုံးနေရသော အခြေအနေများကြား လူငယ်များကို မြို့ပြမှသည် ကျေးလက်ဆီ ကျောသပ်ပြန်ခိုင်းနေခြင်းက ပိုမို ရှုပ်ထွေးဝေဝါးစေရုံသာ ရှိတော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now