ဆောင်းပါး

အဖြေရှာရမည့် ဖိလစ်ပိုင်အတွင်း တရုတ်၏ ရဲတင်းလွန်းသော သူလျှို ကမ်ပိန်း

မဲခေါင် 12 May - 2025
~ လင်းမောင် ~ ဖိလစ်ပိုင် ပိုင်နက်အတွင်း တရုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ခေတ်မီနည်းပညာများအသုံးပြုပြီး ကျယ်ပြန့် သော ကွန်ရက်များအသွင်ဆောင်ကာ အရေးပါသော စစ်ရေးအဆောက်အအုံများ၊ အစိုးရ အဆောက် အအုံများ၊ အရေးပါဆုံး အခြေခံအဆောက်အအုံများအား သူလျှိုလုပ်နေကြခြင်းများသည် စီးရီး အလိုက် မရပ်တန့်နိုင်ဘဲ တည်ရှိနေသည်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကပင် နယ်မြေအား လုံး ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု တစ်ယူသန်ကြေညာပြီး နယ်မြေပိုင်ဆိုင်မှု အပြင်းပွား ပဋိပက္ခများကို တိုးမြှင့်လုပ်ဆောင်နေရာ ဖော်ထုတ်လာနိုင်သော တရုတ်၏ ဂရုမစိုက်သည့် သူလျှိုလုပ်မှုများစွာက တရုတ်၏ လိုအင်ကို အတိုင်းသား မြင်တွေ့လာနိုင်သည်။ ဖမ်းဆီးခံရမှုများရှိခဲ့ရာတွင် သီးခြားကိစ္စှရပ် များအဖြစ် မဟုတ်တော့ဘဲ ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် အမျိုးသားလုံခြုံရေးကို မှေးမှန် အားပျော့စေရန်

~ လင်းမောင် ~

ဖိလစ်ပိုင် ပိုင်နက်အတွင်း တရုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ခေတ်မီနည်းပညာများအသုံးပြုပြီး ကျယ်ပြန့် သော ကွန်ရက်များအသွင်ဆောင်ကာ အရေးပါသော စစ်ရေးအဆောက်အအုံများ၊ အစိုးရ အဆောက် အအုံများ၊ အရေးပါဆုံး အခြေခံအဆောက်အအုံများအား သူလျှိုလုပ်နေကြခြင်းများသည် စီးရီး အလိုက် မရပ်တန့်နိုင်ဘဲ တည်ရှိနေသည်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကပင် နယ်မြေအား လုံး ၎င်းတို့ပိုင်နက်ဖြစ်သည်ဟု တစ်ယူသန်ကြေညာပြီး နယ်မြေပိုင်ဆိုင်မှု အပြင်းပွား ပဋိပက္ခများကို တိုးမြှင့်လုပ်ဆောင်နေရာ ဖော်ထုတ်လာနိုင်သော တရုတ်၏ ဂရုမစိုက်သည့် သူလျှိုလုပ်မှုများစွာက တရုတ်၏ လိုအင်ကို အတိုင်းသား မြင်တွေ့လာနိုင်သည်။ ဖမ်းဆီးခံရမှုများရှိခဲ့ရာတွင် သီးခြားကိစ္စှရပ် များအဖြစ် မဟုတ်တော့ဘဲ ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် အမျိုးသားလုံခြုံရေးကို မှေးမှန် အားပျော့စေရန် တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းညွန်ခိုင်းစေမှုဖြင့် စနစ်တကျ သူလျှိုလုပ်ပွဲများ ဖြစ်နေသည်ကို သက်သေသာဓက များစွာဖြင့် ဆက်စပ် တွေ့ရှိလာရသည်။ အဆိုပါ အော်ပရေးရှင်း များက နိုင်ငံတကာစံနှုန်းများကို လက်မခံကြောင်းနှင့်၎င်းတို့၏ ပထဝီဝင်နိုင်ငံရေး ရည်မှန်းချက်လိုအင် များကို လျှို့ဝှက်ထောက်လှမ်းသောနည်းလမ်းများစွာအသုံးပြုပြီး ရယူရန် သံန္နိဌာန်ချမှတ်လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ထင်ရှားစေသည်။

၂၀၂၅ ခုနှစ် မတ်လအတွင်း ဆူဘစ်ပင်လယ်အော် (Subic Bay) ၌ တရုတ်နိုင်ငံသား ၆ ယောက်နှင့် အလိုတူအလိုပါ ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်ကို ဖိလစ်ပိုင်အာဏာပိုင်များက နယ်မြေချဲ့တွင် သူလျှို လာလုပ်မှုသံသယဖြင့် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ ငါးဖမ်းခရီးထွက်သလိုဖြင့် ဖိလစ်ပိုင်သားကို တိုးရ်ဂိုက် အသွင်ထားပြီး လာရောက်သော Subic Bay သည် တစ်ခါက အမေရိကန်၏ အကြီးမားဆုံး ပြည်ပ ရေတပ်စစ်အခြေစိုက် စခန်းထားရှိရာ အရပ်ဖြစ်သည်။ သံသယတရားခံများမှာ He Peng၊ Xu Xining ၊ Qui Feng/Quing Feng ၊ Ye Xiaocan ၊ Dick Ang ၊ Su Anlong တို့ဖြစ်ပြီး ဖိလစ်ပိုင်သားလုံခြုံရေး အစောင့်လုပ်လာသူအမည်မှာ Melvin Aguillon ဖြစ်သည်။ ၎င်းတို့ ရောက်ရှိလာပုံမှာ ရဲတင်းသော ပြည်ပခရီးသွားများ ရေပိုင်နက်တစ်ခုထဲ ကျူးကျော်ဝင်ရောက်လာခြင်းမျိုးသာမဟုတ်ဘဲ အမေရိကန် နှင့် ဖိလစ်ပိုင် ရေတပ် လှုပ်ရှားမှုများကို အတွင်းစည်းအထိ ဝင်ရောက်လာပြီး စပိုင်လုပ်ရန် အော်ပရေး ရှင်းအသွင်ဖြင့် လာရောက်ခြင်းသာဖြစ်သည်။ ငါးဖမ်းခရီးစဉ်ဟု အကြောင်းပြသော်လည်း အဆိုပါ ထောက်လှမ်းရေးစပိုင်အေးဂျင့်များတွင် အဆင့်အမြင့်ဆုံးထောက်လှမ်းရေး ဒရုန်းများ၊ ဖိလစ်ပိုင်နှင့် အမေရိကန်ရေတပ်များမှ သတင်းအချက်အလက်များကို ရယူနိုင်သည့် အထူးပြု ထောက်လှမ်းရေး ပစ္စည်းများ ပါဝင်သည်။ နေဘက်မှာပင် ပြောင်ပြောင်တင်းတင်း ဖိလစ်ပိုင်အနောက်ပင်ဘယ်ပြင်တွင် ကင်းလှည့်သည့်အသွင် ပူးပေါင်းစစ်ရေးလေ့ကျင့်သည့်အသွင်မျိုးဖြင့် ရောက်လာကြခြင်းဖြစ်သည်။ Subic Bay သို့ ဝင်ပေါက်ဖြစ်သည့် မဟာဗျူဟာကျသော Grande Island သို့ ရောက်လာကြပြီး အပြစ် မဲ့သော ပြည်ပခရီးသွားဧည့်သည်များဟန်ဖြင့် စစ်ရေးသူလျှိုလုပ်လေ့လာမှု၊ ဒေတာအချက်အလက်များ ရယူမှုများကို စစ်ဆင်ရေးအသွင်ဖြင့် ရယူခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ လွတ်လပ်သော တိုက်သင်္ဘော USS Savannah နှင့် Henry J. Kaiser-class လောင်စာဆီဖြည့် သင်္ဘောတို့ မှ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တရုတ်စပိုင်များ ရယူခဲ့သည့် အချက် အလက်များထဲ ထိုရေပိုင်နက်အတွင်းသို့ မည်သည့် အချိန်တွင် မည်သည့် ရေယာဉ်များ ဝင်ရောက် ထွက်ခွာသည်ကို မှတ်တမ်းရယူထားသည်များလည်းတွေ့ရသည်။ Subic Bay International Airport သို့ ထိုဒေသမှ အမေရိကန်၏ စစ်ရေး အသုံးအဆောင်ပစ္စည်းများ မည်သို့မည်ပုံ တင်ပို့သည် များလည်း သူလျှိုလုပ်ရယူခဲ့သည်ဟု ဆိုသည်။ ဖိလစ်ပိုင်နှင့် တရုတ်တို့ကြား တရုတ်၏ ပေါ်ပေါ်တင် တင် သူလျှိုလုပ်လာမှုများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာမှုက တရုတ်စပိုင် ၂ ယောက်ကို ဖိလစ်ပိုင်ဘက်မှ ဖမ်းဆီးလိုက်ခြင်းမှ ဖြစ်ပေါ်လာသည်။ အဆိုပါ တရုတ်နိုင်ငံသား ၂ ယောက် နယ်မြေကျော်ပြီး စပိုင်လာလုပ်မှုတွင် ၃ ကီလိုမီတာအချင်းဝက် နယ်မြေအတွင်း ဆက်သွယ် မှုအားလုံးကို ကြားဖောက်ပြီး ရယူနိုင်သော နောက်ဆုံးပေါ် ဆယ်လူလာ တာဝါစက် IMSI များပါ လက်ပူးလက်ကြပ်မိခဲ့သည်။ အပေါင်းအပါ ဖိလစ်ပိုင် နိုင်ငံသား ၃ ယောက်က ပူးပေါင်းပြီး သမ္မတ အိမ်တော်၊ အမေရိကန် သံရုံး၊ Camp Aguinaldo ရှိ လက်နက်ကိုင်တပ်ရင်း ဌာနချုပ်နှင့် Villamor လေတပ်အခြေစိုက်စခန်းများအနီးတွင် လာရောက် သူလျှိုစစ်ဆင်ရေး လာ ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေးဗျူရို၏ အဆိုအရ ထောင်ပေါင်းများစွာသော သူလျှိုလုပ်ရယူပြီးသား အချက်အလက်များစွာသည် ဖမ်းဆီးမခံရမီမှာပင် ပေးပို့ထားပြီးသားဖြစ်သည်ဟု ဆိုသည်။ ဖိလစ်ပိုင် သူလျှိုကွန်ရက်စစ်ဆင်ရေးအတွက် တရုတ်အစိုးရသည် အလွန်ခေတ်မီသော သူလျှိုနည်းပညာများကို သုံးနိုင်ရေး ငွေကြေးနှင့်နည်းပညာများစွာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေး အနေအထား မည်သည့် ဂယ်ပေါက်တွင် အားနည်းချက်ရှိနေပြီး အသုံးချနိုင်မည်ကို မရရသည့်နည့်ဖြင့် သူလျှိုလုပ်ရှာဖွေနေသည်ကို အတိုင်းသား မြင်တွေ့ရသည်။ ၂၀၂၅ ဖေဖော်ဝါရီလအတွင်းက တောင်တရုတ်ပင်လယ်အနီး ဖိလစ်ပိုင်ရေတပ်နှင့် ကမ်းခြေစောင့်တပ် အဆောက်အအုံများကို တရား မဝင် ဝင်ရောက် သူလျှိုလုပ် အချက်အလက်ခိုးယူမှုဖြင့် နောက်ထပ် တရုတ် ၅‌ ယောက်ကို ဖမ်းဆီးရမိ ပြန်သည်။ နောက်ထပ် တရုတ်သူလျှိုအုပ်စုတစ်ခုကိုလည်း စစ်အခြေစိုက်စခန်းများအတွင်း အသေး စိတ် သတင်းအချက်အလက်ရယူနိုင်စွမ်းရှိသော LIDAR နည်းပညာသုံးပြီး မနီလာမြို့ National Capital Region ဒေသတွင်း စစ်အခြေစိုက်စခန်းများ၊ အစိုးရအဆောက်အအုံများမှ အချက်အလက်များစွာ ခိုးယူနေသည်ကိုလည်း ဖော်ထုတ်သိရှိခဲ့သည်။ ထို သူလျှိုလုပ်မှုမှ အငြင်းပွားဖွယ်ရာ ရေပိုင်နက် Palawan သို့ ကင်းလှည့်ရေယာဉ်များ မည်သည့်အချိန်၊ မည်သည့် သင်္ဘောကို စေလွှတ် တာဝန်ချပေးသည်ဆိုသော စီစဉ်ထားမှုများကိုပါ ခိုးယူသွားသည်။

အဆိုပါ ဖြစ်စဉ်များအားလုံးကို တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာန (MSS) နှင့် တရုတ်ကွန်မြူနစ်ပါတီ တပ်ဦးညီညွတ်ရေးဌာနတို့ ပူးပေါင်းစစ်ဆင်ရေးရေးဆွဲ ခိုင်းစေခြင်းဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးတွင် ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူများလည်း ပါဝင်ချိတ်ဆက်ပူးပေါင်းထားပြီး အဆိုပါဒေသအတွင်း တရုတ် ၏ ပထဝီဝင်နိုင်ငံရေးရည်မှန်းချက် ပြည့်မြောက်စေရေး လျှို့ဝှက်ခြင်းဖြင့်တစ်နည်း၊ ပေါ်တင်ပါဝင်ခြင်း ဖြင့် တစ်ဖုံ ကူညီအားဖြည့်ပေးနေသည်မှာ ထင်ရှားနေသည်။ ဖိလစ်ပိုင်သည် တရုတ်၏ ခြိမ်းခြောက်မှု နှင့်ဖိအားကို တစ်ဦးတည်း တွန်းလှန်ရန် ခက်ခဲလွန်းမှန်း သိသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကယ်လီဖိုးနီးယားနှင့် ဂူအမ်တွင် တရုတ်သူလျှိုများကို အမေရိကန် အာဏာပိုင်များက ဖမ်းဆီးခဲ့သေး သည်။ အမေရိကန်၏ သမိုင်းဝင် ပဲထိန်းဒုံးကျည်ကြားဖြတ် ပစ်ချလက်နက် စမ်းသပ်မှုကို လာရောက် သူလျှိုလုပ်သူများကို ဖမ်းဆီးခြင်းဟု သိရသည်။ အမေရိကန်၏ အဓိက စစ်အခြေစိုက်စခန်းထားရာ လက်ဝေခံ ဂူအမ်အကောက်ခွန်ဌာနက နိုင်ငံအတွင်း ထောက်လှမ်းရေးသတင်းအချက်အလက်များ ရယူရန် ဥပဒေပ ဝင်ရောက်လာသည်ဟု ယူဆရသော တရုတ်နိုင်ငံသား ၁၅၂ ယောက်အထိကို ဖမ်းဆီး လက်လွှဲပေးခဲ့သည်။

ပေကျင်း၏ သူလျှိုနည်းဗျူဟာသည် ယခင်လမ်းဟောင်း ထောက်လှမ်းရေးနည်းဗျူဟာမဟုတ်တော့ဘဲ ပိုမိုပြီး ထဲထဲဝင်ဝင် အတွင်းစည်းရောက်ရှိရေး၊ ဒေသခံများနှင့် ပိုမိုပူးပေါင်းနိုင်ရေးမူကို အသုံးပြုလာ သည်။ ထိုသို့ လုပ်ဆောင်နိုင်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်း များက မက်ထရိုမနီလာရှိ ဖိလစ်ပိုင် ဥပဒေပြုအစိုးရအဖွဲ့ဝင်များထံ လှူဒါန်းပေးကမ်းမှုများ လုပ်ဆောင် ကြသည်ဟု သတင်းများက ဖော်ပြကြသည်။ ငွေသား၊ မော်တော်ဆိုင်ကယ်မှ စပြီး ဝယ်ပေးခြင်းဖြင့် ဖိလစ်ပိုင် အချုပ်အခြာအာဏာပိုင်စိုးထားနိုင်မှုကို ပြန်လည်ဩဇာလွှမ်းမိုးရန် ရဲတင်းစွာ ချဉ်းကပ် လာဘ်ပေးခြင်းများပြုလုပ်ခြင်းဖြစ်သည်။ ဒေသတွင်း ဒေသခံများနှင့် တရုတ်စပိုင်များ ပူးပေါင်းခြင်းက ပိုပြီး ပြဿနာဖြစ်စေသည်။ အမှုများစွာတွင် ဖိလစ်ပိုင်နိုင်ငံသားများက တရုတ် စစ်ဆင်ရေးများ အတွက် လူစုခြင်းခံရသည်။ နိုင်ငံအတွက် အရေးပါသော ဒေသများသို့ သွားရောက်မှုတွင် ကားမောင်း ပို့ပေးရခြင်း၊ ထောက်ပို့ ပစ္စည်းများ လိုက်ပါပို့ဆောင်ပေးရခြင်းများကို ဖြစ်တည်စေသည်။ ဆင်းရဲသော ဖိလစ်ပိုင်ဒေသခံများကို အသုံးချနိုင်မှု ကွန်ရက်သည် ဖိလစ်ပိုင် လူ့အသိုင်းအဝိုင်းအတွင်း ကျယ်ပြန့်စွာ စိမ့်ဝင်လာနေခြင်းက ဖိလစ်ပိုင်အစိုးရအတွက် ပြဿနာတစ်ရပ်ဖြစ်လာသည်။

လက်ရှိတွင် ဖိလစ်ပိုင်သည် တရုတ်၏ နောက်ဆုံးပေါ် နည်းပညာများဖြင့် သူလျှိုလုပ်ခြိမ်းခြောက် လာခြင်းအပေါ် ကိုယ်တိုင်တန်ပြန်နိုင်ရန် ကြိုးစားရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ သူလျှိုဆိုင်ရာ ဥပဒေသည် ၁၉၃၂ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် ရေးဆွဲထားသော ဥပဒေဟောင်းများဖြစ်သည်။ ထိုစဉ်က ကင်းထောက်ဒရုန်း နည်းပညာများလည်း မပေါ်သေး၊ ကြားပင် မကြားဖူးသေးပေ။ ဒစ်ဂျစ်တယ်ကြားဖြတ်ဖမ်းယူနိုင်စွမ်းနည်းပညာ၊ အဆင့်မြင့် ဆိုက်ဘာသူလျှို နည်းဗျူဟာများအကြောင်း ဥပဒေဟောင်းအတွင်း ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တိုတီယိုဒိုရိုအန်နိုက တရုတ်နှင့် ယနေ့ကမ္ဘာ နည်းပညာသစ်များဖြင့် သူလျှိုလုပ်လာမှု၊ ခြိမ်း ခြောက်လာမှုများကို အရေးယူရာတွင် ထိရောက်စေရေး သူလျှိုဆိုင်ရာ ဥပဒေသစ် ပြန်လည် အဆင့်မြှင့်ရေးဆွဲရန် အားချင်းလိုအပ်နေပြီဟု အထူးပြု တိုက်တွန်းခဲ့သည်။ ထိုသို့ ဥပဒေသစ်ပြဌာန်းပြီး ပြင်းထန်သော အပြစ်ပေးမှုများပြုလုပ်နိုင်မှသာလျှင် ယခုလိုတင်းမာသည့်အချိန်မဟုတ်ဘဲ အေးချမ်း သည့်အခြေအနေမျိုးမှာပင် သူလျှိုလုပ်သူများ စိုးရိမ်စိတ်ရှိလာစေမည်ဟု ဥပဒေပြုသူများကို တွန်းအား ပေးတိုက်တွန်းခဲ့သည်။

ဖိလစ်ပိုင်သည် လက်ရှိတွင် လမ်းဆုံးလမ်းခွ၌ ရပ်နေရသည့် အရေးအပါဆုံးအချိန်သို့ ရောက်ရှိနေသည်။ တရုတ်ဘက်မှ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုအတွက် အတင်းအကြမ်း ဖိအားပေး၊ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်လာချိန်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုကို စောင့်ရှောက် ရန် ပွင့်လင်းမြင်သာ နည်းလမ်းကို ဦးတည် အသုံးပြုရန် လိုအပ်ပေပြီ။ တရုတ်စပိုင်များ ဖမ်းဆီးရမိမှု များရှိခဲ့သော်လည်း တစ်မှုချင်းစီတိုင်းတွင် စပိုင်လုပ်ခံရမှုအတွက် သိရှိဖော်ထုတ်နိုင်စွမ်းမှာ ရေခဲ တောင်မကြီးတစ်ခုလုံး၏ ထိပ်ဆုံးအချွန်အဦးပိုင်းလေးမျှ လောက်သာ ရှိပေလိမ့်မည်။ တောင်မကြီး တစ်ခုလုံး သူလျှိုလုပ် ရယူခြင်းခံရခြင်းမျိုးသားဖြစ်သည်။ တရုတ်အတွက်ကမူ ထိုရရှိသော သူလျှိုလုပ် မှုမှ မှတ်တမ်းများအရ သတင်းအချက်အလက်ရရှိခြင်းလောက်သာမကဘဲ အဆိုပါဒေသတွင်း လက်နက်ပိုင်ဆိုင်နိုင်မှု အင်အားကို ချင့်တွက်သိရှိနိုင်ပြီး လိုသလို အင်အားသုံးနိုင်ရန်ပါ များစွာ အကျိုး ရှိနေစေတော့သည်။ လက်ရှိ ဖိလစ်ပိုင် ခြိမ်းခြောက်ခံနေရခြင်းသည် တရုတ်၏ နယ်ချဲ့ဝါဒရည်မှန်းချက် လမ်းကြောင်းပေါ်၌ ရှိနေသော တခြားတိုင်းပြည်များစွာအတွက်လည်း သတိထားရမည့် အထူး သတိပေးမှုမျိုး ဖြစ်နေသည်။ တရုတ်သည် ၎င်းတို့လိုအင်လောဘ ပြည့်မြောက်ရေး သံတမန်အပြုံးကို ဆင်၊ မုသား စီးပွားရေးကတိကဝတ်များကို အသုံးချ၊ နယ်ချဲ့ရည်မှန်းချက်အတွက် စိမ့်ဝင်ခြင်း၊ စောင့်ကြည့်သူလျှိုလုပ်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း မဟာဗျူဟာများကို ပိုင်ပိုင်နိုင်နိုင် ချမှတ်လုပ် ဆောင်နေတော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now