ဆောင်းပါး

တကယ် စစ်ဖြစ်တော့မှာလား အိန္ဒိယ နဲ့ ပါကစ္စတန်

မဲခေါင် 11 May - 2025
~ CWM ~ (၁) အိန္ဒိယနိုင်ငံရဲ့ ဦးခေါင်းထိပ်တည့်တည့်မှာရှိပြီး နှင်းဖုံးနေတဲ့ ရေခဲတောင်တန်းတွေ၊ ထင်းရှူးတောတွေ၊ တောင်ပေါ်ရေကန်တွေနဲ့ သာယာလှပတဲ့ ကက်ရှ်မီးယားဒေသဟာ ခုနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားတွေကြား ထင်ရှားတဲ့ဒေသတခုဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ တည်ငြိမ်မှုမရှိခဲ့တဲ့ ဒီဒေသဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ပြန်လည်တည်ငြိမ်အေးချမ်းလာတာနဲ့အမျှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေလည်း ထွန်းကားလာတယ်။ အရင်က တည်ငြိမ်မှုမရှိခဲ့လို အရောက်အပေါက်နည်းခဲ့တဲ့ ကက်ရှ်မီးယားရဲ့ သဘာဝအလှနဲ့အတူ ခရီးသည်ဝင်ရောက်မှုလည်း များပြားလာတယ်။ အိန္ဒိယကို အလည်အပတ်ရောက်ကြသူတိုင်း အေးချမ်းသာယာလှတဲ့ ကက်ရှ်မီးယားတောင်ကြားဒေသကို မဖြစ်မနေ သွားရောက်လည်ပတ်ကြတာတွေ ရှိလာတယ်။ သဘာဝအလှတွေနဲ့အတူ ခရီးသွားလုပ်ငန်းပါ ဖွံ့ဖြိုးလာတဲ့ ဒီဒေသဟာ ပြီးခဲ့တဲ့ ဧပြီလ(၂၂)ရက်မှာတော့ ရုတ်တရက် အကျည်းတန်သွားခဲ့တယ်။ ကက်ရှ်မီးယား ပါဂယ်လ်ဟန်ဒေသမှာ ခရီးသွားနေကြတဲ့ ဧည့်သည်တွေကို လက်နက်ကိုင် အကြမ်းဖက်စစ်သွေးကြွအဖွဲ့တဖွဲ့က

~ CWM ~

(၁)

အိန္ဒိယနိုင်ငံရဲ့ ဦးခေါင်းထိပ်တည့်တည့်မှာရှိပြီး နှင်းဖုံးနေတဲ့ ရေခဲတောင်တန်းတွေ၊ ထင်းရှူးတောတွေ၊ တောင်ပေါ်ရေကန်တွေနဲ့ သာယာလှပတဲ့ ကက်ရှ်မီးယားဒေသဟာ ခုနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားတွေကြား ထင်ရှားတဲ့ဒေသတခုဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ တည်ငြိမ်မှုမရှိခဲ့တဲ့ ဒီဒေသဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ပြန်လည်တည်ငြိမ်အေးချမ်းလာတာနဲ့အမျှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေလည်း ထွန်းကားလာတယ်။ အရင်က တည်ငြိမ်မှုမရှိခဲ့လို အရောက်အပေါက်နည်းခဲ့တဲ့ ကက်ရှ်မီးယားရဲ့ သဘာဝအလှနဲ့အတူ ခရီးသည်ဝင်ရောက်မှုလည်း များပြားလာတယ်။ အိန္ဒိယကို အလည်အပတ်ရောက်ကြသူတိုင်း အေးချမ်းသာယာလှတဲ့ ကက်ရှ်မီးယားတောင်ကြားဒေသကို မဖြစ်မနေ သွားရောက်လည်ပတ်ကြတာတွေ ရှိလာတယ်။

သဘာဝအလှတွေနဲ့အတူ ခရီးသွားလုပ်ငန်းပါ ဖွံ့ဖြိုးလာတဲ့ ဒီဒေသဟာ ပြီးခဲ့တဲ့ ဧပြီလ(၂၂)ရက်မှာတော့ ရုတ်တရက် အကျည်းတန်သွားခဲ့တယ်။ ကက်ရှ်မီးယား ပါဂယ်လ်ဟန်ဒေသမှာ ခရီးသွားနေကြတဲ့ ဧည့်သည်တွေကို လက်နက်ကိုင် အကြမ်းဖက်စစ်သွေးကြွအဖွဲ့တဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ခရီးသည် (၂၆)ဦး သေဆုံးသွားခဲ့တယ်။

ဒါဟာ ပါကစ္စတန် နောက်ကွယ်က အားပေးနေတဲ့ အကြမ်းဖက်အုပ်စု Lashkar-e-Taiba ရဲ့လက်ချက်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ထဲမှာ ပါကစ္စတန်လူမျိုးနှစ်ဦးပါဝင်တယ်လို့ အိန္ဒိယထောက်လှမ်းရေးက စုံစမ်းထောက်လှမ်းသိရှိရတယ်။ “လက်ရှ်ကာ အီး တိုင်ဘာ” အကြမ်းဖက်
အဖွဲ့ဟာ ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့ဖြစ်ပြီး၂၀၀၈ခုနှစ်မှာ လူပေါင်း ၁၆၆ ယောက်သေဆုံးခဲ့ရတဲ့ “မွမ်ဘိုင်း” တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ အဖွဲ့လည်းဖြစ်တယ်။

ဟိန္ဒူလူမျိုး အိန္ဒိယနိုင်ငံသား (၂၅)ဦးနဲ့ နီပေါနိုင်ငံသားတဦး သတ်ဖြတ်ခံရတဲ့ ဒီဖြစ်စဉ်ပေါ်ပေါက်ပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုဟာ မြင့်တက်လာခဲ့ပြီး အိန္ဒိယက ဒီအကြမ်းဖက်မှုကို အပြင်းထန်ဆုံး လက်တုန့်ပြန်သွားမယ်လို့ ဆိုတယ်။

မေလ(၇)ရက် မနက်စောစောပိုင်းမှာတော့ အိန္ဒိယလေတပ် တိုက်လေယာဉ်များက ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတွေကို ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ကြပါတော့တယ်။ အိန္ဒိယက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ပါကစ္စတန်
ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား မူဇာဖာရာဘတ်မြို့က ဗလီကြီးတခုကို ထိမှန်ခဲ့သလို ပန်ဂျပ်ပြည်နယ် “ဘာဟာဝယ်လ်ပါ” မြို့ကဘာသာရေးစာသင်ကျောင်းတခုအပေါ် ကျရောက်ပေါက်ကွဲလို့ လူပေါင်း (၁၃)ယောက်သေဆုံးခဲ့တယ်။ လာဟိုးမြို့အနီးက အစိုးရကျန်းမာရေးနဲ့ ပညာရေးဌာနတခုလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောတယ်။

“ဆင်ဒူး” လို့ အိန္ဒိယက အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးဟာ ဧပြီလ(၂၂)ရက်က ပါဟယ်လဂန်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသား ၂၅ ဦးနဲ့ နီပေါနိုင်ငံသားတစ်ဦးတို့အတွက် အိန္ဒိယရဲ့ လက်တုန့်ပြန်မှုပဲဖြစ်တယ်။

အိန္ဒိယအစိုးရက ဒီပစ်ခတ်တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ စခန်း(၉)ခုကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသေအချာ စနစ်တကျ လုပ်ဆောင်ခဲ့တာလို့ ဆိုတယ်။ ပါကစ္စတန်ဘက်ကတော့ အန္ဒိယဘက်က ပစ်ခတ်မှုကြောင့် အကြမ်းဖက်အဖွဲ့ပစ်မှတ်နဲ့ မဆိုင်တဲ့ နေရာတွေကိုထိခိုက်ပြီး အရပ်သားသေဆုံးမှုတွေ ရှိတယ်လို့ ဆိုတယ်။

ဗုဒ္ဓဟူးနေ့ မနက်စောစော တိုက်ခိုက်မှုမှာ ပါကစ္စတန်ဘက်က လူပေါင်း(၃၁)ဦးနဲ့ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ(၁၂) ယောက် သေဆုံးခဲ့တယ်။ ဒုံးကျည်များနဲ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဟာ မှုဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ Line of Control နယ်မြေမှာလည်း ဖြစ်ပွားခဲ့တယ်။

အိန္ဒိယရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်ကပြောဆိုလိုက်ပြီး အိန္ဒိယတိုက်လေယာဉ် (၅)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက်က ဆိုတယ်။ အန္ဒိယဘက်ကတော့ တိုက်လေယာဉ် သုံးစင်း အိန္ဒိယဘက်ခြမ်းမှာ ပျက်ကျခဲ့တယ်လို့ ဆိုတယ်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟမ်မက် အဆစ်ဖ်က အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ သူ့ကို လူကြိုက်များအောင် အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ပါကစ္စတန်အနေနဲ့ ငြိမ်ခံနေမှာမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့တယ်။ ပါကစ္စတန်ဟာ တုန့်ပြန် ခုခံပိုင်ခွင့်အရ သတ်မှတ်တဲ့ အချိန်၊နေရာ တခုခုမှာ အိန္ဒိယကို လက်တုန်ပြန်သွားမယ်လို့လည်း ပါကစ္စတန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ချောင်ဒူရီက ဆိုတယ်။ ဒါက လတ်တလောဖြစ်ပေါ်ခဲ့တဲ့ အခြေအနေပါ။

(၂)

ကမ္ဘာပေါ်မှာ စစ်ပွဲကြီး နှစ်ကြိမ်မက ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းများစွာ အချင်းချင်း ရန်စောင်နေတဲ့ နိုင်ငံနှစ်ခုဟာ အိန္ဒိယ နဲ့ ပါကစ္စတန်ပါ။ ဗြိတိသျှ အိန္ဒိယအင်ပါယာကနေ ပါကစ္စတန်ကို သီးခြားခွဲထုတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ်ကစပြီး ၁၉၆၅ခုနစ်မှာ တစ်ကြိမ်၊ ၁၉၇၁ မှာတကြိမ် ၁၉၉၉မှာတကြိမ် အကြီးအကျယ် စစ်ဖြစ်ခဲ့ကြတယ်။

နှစ်ပေါင်း(၇၈)နှစ်ကြာပြီဖြစ်ပေမယ့် ဗြိတိသျှတွေ ထားရစ်အမွေပေးခဲ့တဲ့ ပဋိပက္ခကတော့ ခုချိန်ထိ မပြီးသေးပါဘူး။ ကိုလိုနီသမိုင်းတွေကို ပြောတဲ့အခါ လက်ရှိအချိန်ထိ မပြီးစီးနိုင်သေးတဲ့ ပဋိပက္ခတွေဟာ ကိုလိုနီနယ်ချဲ့တွေ ထားခဲ့တဲ့ အမွေတွေလို့ ဆိုလေ့ရှိကြတယ်။သီပေါမင်းပါတော်မူတဲ့အခါ မြန်မာဟာ ဗြိတိသျှအိန္ဒိယအင်ပါယာအောက် လုံးလုံးကျရောက်သွားခဲ့တယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှအိန္ဒိယအင်ပါယာအောက်မှာ နှစ်ပေါင်း (၁၁၃)နှစ် နေခဲ့ရပြီး အိန္ဒိယတိုက်ငယ်ကနေ ခွဲထွက်ခွင့်ရခဲ့တယ်။ ဒါဟာ ၁၉၃၇ ခုနှစ်၊ ဧပြီ(၁)ရက်မှာပါ။ မြန်မာတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်မြင့်မားလာတာရယ်၊ အိန္ဒိယနဲ့ မြန်မာဟာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု အခြေခံလက္ခဏာ တူညီမှု မရှိတာရယ်၊ အင်္ဂလိပ်တွေက မြန်မာကို အန္ဒိယနဲ့ ခွဲထုတ်ပြီး သီးခြားအုပ်ချုပ်ချင်တာရယ်ကြောင့် မြန်မာ နဲ့ အိန္ဒိယကို ခွဲထုတ်ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးကြိုးပမ်းချိန်မှာတော့ သီးခြားလွတ်လပ်လာတော့မယ့် မြန်မာနိုင်ငံရဲ့ လူမျိုးစုများနဲ့ နယ်မြေပိုင်းခြားသတ်မှတ်မှုတွေမှာ အငြင်းပွားစရာတွေ ဖြစ်လာခဲ့တယ်။ ဗြိတိသျှအင်္ဂလိပ်က ပြည်မ၊ တောင်တန်း ခွဲခြားပြီး လွတ်လပ်ရေးပေးဖို့ ကြိုးစားခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံစာချုပ်ကြောင့် ခွဲခြားမှုပျက်ပြယ်သွားခဲ့တယ်။ ဗြိတိသျှတွေကတော့ ခင်ဗျားတို့ချင်းညီညွတ်သဘောတူကြရင် ပြီးတာပါပဲဆိုတဲ့ သဘောပါ။ ဒါပေမယ့် ဗြိတိသျှတွေ ပြန်သွားပြီး၊ လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ ဗြိတိသျှတွေ ချန်ထားခဲ့တဲ့ ပဋိပက္ခတွေဟာ ဒီနေ့အချိန်အထိ ရှင်းလို့ မပြီးနိုင် မစီးနိုင် တောက်လောင်နေဆဲ ဖြစ်နေတယ်။

ဒါက မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အခြေအနေပါ။ တပြိုင်နက်တည်းမှာပဲ အိန္ဒိယမှာလည်း လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ကြီးမားတဲ့ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တယ်။ မြန်မာဟာ ဗြိတိသျှအိန္ဒိယက ၁၉၃၇ မှာ စောစောစီးစီး ခွဲထွက်နိုင်ခဲ့ပေမယ့် အိန္ဒိယက လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းတဲ့အချိန်မှာ ကွန်ဂရက်ပါတီနဲ့ မွတ်ဆလင်လိဂ်တို့ကြား ပဋိပက္ခတွေဖြစ်ခဲ့သလို ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခတွေလည်း အကြီးအကျယ်ဖြစ်ပေါ်ခဲ့တယ်။ အလီဂျင်းနား ဦးဆောင်တဲ့ မွတ်ဆလင်လိဂ်ပါတီက ဗြိတိသျှအိန္ဒိယကနေ မွတ်ဆလင်အများစုနေထိုင်တဲ့ အိန္ဒိယပြည်နယ်နှစ်ခုကို ပိုင်းခြားပြီး လွတ်လပ်တဲ့ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒိယနဲ့အတူ လွတ်လပ်ရေးရယူမယ်လို့ ဆုံးဖြတ်တယ်။

ဗြိတိသျှအိန္ဒိယရဲ့ အရှေ့ပိုင်း ဘင်ဂေါပြည်နယ်ကို နှစ်ခြမ်းခွဲလိုက်သလို အနောက်ပိုင်း ပန်ဂျပ်ပြည်နယ်ကိုလည်း နှစ်ခြမ်းခွဲလိုက်တယ်။ အရှေ့ဘင်ဂေါက အရှေ့ပါကစ္စတန်ဖြစ်လာပြီး အနောက်ပန်ဂျပ်က အနောက်ပါကစ္စတန်ဖြစ်လာတယ်။

ကြုံကြိုက်တုန်း သမိုင်းကိုနောက်ပြန်ကြည့်တဲ့အခါ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့ ဗြိတိသျှလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရလာကြတဲ့ကာလဟာ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိန်မှာ စစ်မလိုလားတော့တဲ့ ကလိမင့် အက်တလီ ဦးဆောင်တဲ့ လေဘာပါတီ ၁၉၄၅ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရလာတဲ့ ဆက်စပ်နေတယ်။ ဗြိတိန်ဟာ စစ်စရိတ် ဆက်အကုန်မခံချင်တော့သလို ကိုလိုနီနိုင်ငံတွေကိုလည်း ဆက်ပြီး ထိန်းချုပ်မထားချင်တော့ဘူး။ ဗြိတိသျှအိန္ဒိယကို လွတ်လပ်ရေးပေးဖို့ အက်တလီကပဲ ဆုံးဖြတ်ပေးခဲ့ပြီး ၁၉၄၈ ခုနှစ် ဇွန်လမတိုင်မီ လွတ်လပ်ရေးပေးဖို့ စီစဉ်ခဲ့တယ်။

ဒါပေမယ့် အိန္ဒိယဟာ ဗြိတိန်က စီစဉ်ထားတဲ့အချိန်တဲ့ စောပြီး ၁၉၄၇ ခုနှစ် ဩဂုတ်လမှာ ပါကစ္စတန်နဲ့အတူ လွတ်လပ်ရေးရရှိခဲ့တယ်။ ဒီအချိန်ဟာ အိန္ဒိယသမိုင်းမှာ မုန်တိုင်းအထန်ဆုံးအချိန်လည်းဖြစ်တယ်။ အဓိကအကြောင်းရင်းက ဘာသာမတူ၊ လူမျိုးမတူတဲ့ ပါကစ္စတန် နဲ့ အိန္ဒိယကြား နယ်မြပိုင်းခြားမှု( Partition) နဲ့အတူ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကြောင့်ပဲဖြစ်တယ်။ မှတ်တမ်းတွေအရ ဟိန္ဒူ၊ဆစ်ခ် နဲ့ မွတ်ဆလင်တို့အကြား အဓိကရုဏ်းဖြစ်ပေါ်မှု အပြန်အလှန်သွေးချောင်းစီးသတ်ဖြတ်မှုတွေကြောင့် လူပေါင်း (၂)သန်းလောက် သေဆုံးခဲ့ရပြီး လူပေါင်း သန်း(၂၀)လောက်နေရပ်စွန့်ခွါထွက်ပြေးကြရတယ်လို့ သိရတယ်။

အိန္ဒိယမှာ မွတ်ဆလင်အများစုနေထိုင်တဲ့ ဘင်ဂေါပြည်နယ် နဲ့ ပန်ဂျပ်ပြည်နယ်နှစ်ခုကို ပိုင်းခြားပြီး လွတ်လပ်တဲ့ အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန်အဖြစ် သတ်မှတ်လိုက်တဲ့အခါ နယ်ခြားမျဉ်းရဲ့ ဟိုဘက် ဒီဘက်မှာ ရောထွေးရှိနေကြတဲ့ ဟိန္ဒူနဲ့ မွတ်ဆလင်တွေ မိမိတို့ရဲ့နေရပ်ကို စွန့်ခွါပြောင်းရွှေ့ကြရတယ်။ အိန္ဒိယဘက်က မွတ်ဆလင်တွေ ပါကစ္စတန်ဘက် ရွှေ့ပြောင်းကြရသလို ပါကစ္စတန်ဘက်ခြမ်းရောက်နေတဲ့ ဟိန္ဒူတွေလည်း အန္ဒိယဘက် ရွှေ့ကြရတယ်။

ပါကစ္စတန် မွတ်ဆလင်လိဂ်ခေါင်းဆောင် အလီဂျင်းနားတို့က ၁၉၄၇ခုနှစ် ဩဂုတ်လ(၁၄)ရက်မှာ လွတ်လပ်ရေးကြေညာပြီး အိန္ဒိယက ဩဂုတ်လ(၁၅)ရက် ညသန်းခေါင်ယံမှာ လွတ်လပ်ရေးကြေညာတယ်။ ဒီလွတ်လပ်ရေးအတွက် ဗြိတိသျှတို့ဘက်က ကမကထပြု ကြီးကြပ်ပေးခဲ့သူက လော့ဒ် မောင့်ဘက်တန်ပဲဖြစ်တယ်။

အိန္ဒိယနဲ့ ပါကစ္စတန်သမိုင်းမှာ နှစ်နိုင်ငံနယ်မြေပိုင်းခြား( Partition )လွတ်လပ်ရေးရယူခဲ့စဉ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေဟာ ဒီနေ့အထိ အဆုံးမသတ်သေးသလို နောက်ဆက်တွဲပဋိပက္ခတွေလည်း ဆက်လက်တောက်လောင်နေဆဲပါ။ ဒါဟာ ဗြိတိသျှတွေထားခဲ့တဲ့ ကိုလိုနီအမွေဆိုးလို့ ဆိုမလား။

အိန္ဒိယနဲ့ ပါကစ္စတန်ကို ပိုင်းခြားနယ်မြေသတ်မှတ်( Partition ) ပေးခဲ့သူက ဗြိတိသျှ ဥပဒေပညာရှင် Sir Cyril Radcliffe ဖြစ်ပြီး မောင့်ဘက်တန်က သူ့ကို နယ်ခြားကော်မရှင်(Boundary Commission) ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခဲ့တယ်။ သူဟာ အိန္ဒိယကို တခါမှ မရောက်ဖူးဘဲ Radcliffe Line လို့ ခေါ်တဲ့ နယ်ခြားမျဉ်းကို ငါးပတ်အတွင်း အပြီးရေးဆွဲခဲ့တယ်လို့ ဆိုတယ်။ နယ်ခြားကော်မရှင်အောက်မှာ မွတ်ဆလင် တရားသူကြီးနှစ်ဦး၊ မွတ်ဆလင်မဟုတ်သူ တရားသူကြီးနှစ်ဦး ပါဝင်တယ်။ ဆာ ရက်ကလစ်ဖ် ဟာ နယ်ခြားမျဉ်းရေးဆွဲခဲ့ရာမှာ ခေတ်မမီတော့တဲ့ (၁၉၄၁) သန်းခေါင်စာရင်းကို အခြေခံပြီး ရေးဆွဲခဲ့သလို ဒီနယ်ခြားမျဉ်းကို လွတ်လပ်ရေးကြေညာပြီး နှစ်ရက်အကြာ ၁၉၄၇ခုနှစ် ဩဂုတ်လ(၁၇)ရက်မှာ အလျင်စလို အတည်ပြုလိုက်တယ်။ ရက်ကလစ်ဟာ အိန္ဒိယဒေသခံနယ်မြေအကြောင်း ဘာမှမသိသလို အလျင်စလိုရေးဆွဲအတည်ပြုလိုက်လို့ ရွာတချို့ ချက်ချင်း နှစ်ခြမ်းကွဲသွားတယ်။

အငြင်းပွားစရာအဖြစ်ဆုံးတခုက မွတ်ဆလင်အများစုနေထိုင်ရာ Guardaspur ခရိုင်ကို အိန္ဒိယနိုင်ငံထဲ ထည့်သွင်းပေးလိုက်တာပဲဖြစ်တယ်။ ဒီလို ထည့်သွင်းလိုက်တဲ့အတွက် အိန္ဒိယဟာ ကက်ရှ်မီးယားဒေသကို ကုန်းလမ်းကတဆင့် သွားလာခွင့် ရခဲ့တယ်။ နောက်ပိုင်းမှာ ဒီဒေသဟာ ပါကစ္စတန်နဲ့ အိန္ဒိယကြား မကြာခဏ ပဋိပက္ခ အစပြုရာ နေရာဖြစ်လာတယ်။

အိန္ဒိယ နဲ့ ပါကစ္စတန်တို့ ဗြိတိသျှအိန္ဒိယကနေ ခွဲထွက်ပြီး လွတ်လပ်ရေးကြေညာပြီးချိန်အထိ အိန္ဒိယမြောက်ပိုင်း ကက်ရှ်မီးယားဒေသဟာ မဟာရာဇာ ဟာရီဆင်းရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်။ စော်ဘွားအုပ်ချုပ်တဲ့ပြည်နယ်တွေအနေနဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် ကြိုက်ရာ ဒိုမီနီယံနိုင်ငံတခုခုအောက်ကို ဝင်ရောက်ပူးပေါင်းခွင့်ရှိတယ်။ ဟိန္ဒူစော်ဘွားအုပ်ချုပ်ပြီး မွတ်ဆလင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားနဲ့ ဂျမ်မူးဟာ အိန္ဒိယနဲ့ ပေါင်းသွားမှာကို ပါကစ္စတန်ကမလိုလားဘူး။ ပါကစ္စတန်စစ်တပ်ရဲ့ထောက်ခံအားပေးမှုနဲ့ အစ္စလာမ်တပ်ဖွဲ့တွေဟာ ကက်ရှ်မီးယားနဲ့ ဂျမ်မူးကို ၁၉၄၈ခုနှစ်မှာ စတင်တိုက်ခိုက်ရာက စစ်ပွဲစတင်ဖြစ်ပွားခဲ့တယ်။ စော်ဘွားဟာရီဆင်းဟာ အန္ဒိယလက်အောက်ဝင်ရောက်ပြီး အကူအညီရယူခဲ့ရာက အိန္ဒိယနဲ့ ပါကစ္စတန်ကြား ကက်ရှ်မီးယားစစ်ပွဲကြီး စတင်ဖြစ်ပွားခဲ့တယ်။

ဒီနေ့အချိန်မှာ ကက်ရှ်မီးယားကို အိန္ဒိယက ဂျမ်မူး-ကက်ရှ်မီးယား နဲ့ လာဒက်ခ်။ ပါကစ္စတန်က အာဇက် ကက်ရှ်မီးယား နဲ့ ဂျီလ်ဂျစ်-ဘော်လ်တစ္စတန်။ တရုတ်က အဆိုင်းချင်း နဲ့ ထရန် ကာရာကိုရမ်တောင်ကြောဒေသ အသီးသီးထိန်းချုပ်ပိုင်ဆိုင်ထားကြတယ်။

ဂျမ်မူ-ကက်ရှ်မီးယားဒေသ ထက်ဝက်ကျော် နဲ့ လာဒက်ခ်ကို အိန္ဒိယက ပိုင်ဆိုင်ပြီး ပါကစ္စတန်ကတော့ မြောက်ဘက် သုံးပုံတစ်ပုံဖြစ်တဲ့ အာဇက်ကက်ရှ်မီးယားနဲ့ ဂျီလ်ဂျစ် ဘော်လတစ္စတန် တိုကို ပိုင်ဆိုင်တယ်။ တရုတ်က တိဗက်ဒေသနဲ့ ထိစပ်နေတဲ့ အဆိုင်းချင်းဒေသကို ထိန်းချုပ်ထားတယ်။ ဂျမ်မူး- ကက်ရှ်မီးယားမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သူတို့ထိန်းချုပ်နယ်မြေအဖြစ် အသီးသီးကြေညာထားပြီး အငြင်းပွားနေဆဲ Line og Control ဒေသ ရှိတယ်။ အခု ဖြစ်ပေါ်နေတဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဟာ Line of Control မှာ ဖြစ်နေတာပါ။

အိန္ဒိယ နဲ့ ပါကစ္စတန်ကြား ဒီနေ့ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ နှစ်နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ပဋိပက္ခကနေ စတင် မြစ်ဖျားခံခဲ့တာဖြစ်ပြီး လွတ်လပ်ရေး ရပြီးချိန်ကစလို့ ဒီ နှစ်နိုင်ငံဟာ အကြိမ်ကြိမ်စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ကြသလို ဒီနေ့အထိလည်း ရန်စောင်နေကြတုန်းပါ။

အခု ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၊ လာဟိုးမြို့ အရှေ့ဘက် ပါကစ္စတန်-အိန္ဒိယနယ်စပ်မှာ လွတ်လပ်ရေးရပြီးချိန်ကစလို့ နှစ်နိုင်ငံ နေ့စဉ်အလံချအခမ်းအနားတခု ကျင်းပလေ့ရှိတယ်။ ဆိုင်ရာနိုင်ငံရဲ့ ယူနီဖောင်းအပြည့်ဝတ်ဆင်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ အလံချအခမ်းအနားမှာ အားနဲ့ မာန်နဲ့ အပြိုင်အဆိုင် လမ်းလျှောက်စစ်ရေးပြကြတာ ကြက်သီမွေးညင်းထဖွယ်မြင်ကြရတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေရဲ့ ခြေထောက်ကို မြှင့်၊ လက်ကိုလွှဲလို့ စစ်ရေးပြလမ်းလျှောက်နေပုံတွေဟာ တခါတရံ ရန်စနေသလား အောက်မေ့ရအောင် ရောက်ဖူးသူတွေ မြင်ဖူးကြမှာပါ။ ဒါဟာ စစ်ဖြစ်နေတာတော့မဟုတ်ပါဘူး။ ပုံမှန် အလံချအခမ်းအနား ကျင်းပနေတာပါ။ စစ်မဖြစ်ပေမယ့် အမြဲတမ်း စစ်ပွဲအတွက် ပြင်ဆင်လာခဲ့တဲ့ ဒီနှစ်နိုင်ငံဟာ ရှားရှားပါးပါး ကမ္ဘာမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်နေတယ်။

ဒါကြောင့် ဒီနှစ်နိုင်ငံ စစ်ဖြစ်မှာကို ကမ္ဘာက စိုးရိမ်ကြတယ်။ အကြိမ်ကြိမ် စစ်ပွဲကြီးတွေဖြစ်ခဲ့ဖူးတော့လည်း သိပ်စိုးရိမ်စရာတော့ မရှိပါဘူး။ ခု ဖြစ်ပွားနေတဲ့စစ်ပွဲကလည်း နယ်စပ်အလံချအခမ်းအနားမှာ နှစ်ဖက်စစ်သားတွေ စစ်ရေးပြကြသလို မာန်တွေတင်း၊ ခြေတွေဆောင့်၊ လက်တွေမြှောက် ဟန်ပြနေကြတာပဲ ဖြစ်ဖို့များပါတယ်..။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now