ဆောင်းပါး

အနုပညာကောလိပ်များမှတစ်ဆင့် ဂျပန်တွင် အမြဲတမ်းနေထိုင်ခွင့် ရှာဖွေနေသည့် တရုတ်ကျောင်းသားများ

မဲခေါင် 30 Mar - 2025
~ လင်းမောင် ~ မကြာသေးမီနှစ်များအတွင်း ဂျပန်အနုပညာကောလိပ်များနှင့်ပတ်သက်ပြီး တရုတ် ကျောင်းသားထု အကြားရွေးချယ်စရာ ခေတ်ရေစီးကြောင်းဖြစ်လာသည်။ အဆိုပါ Trending မှာ တရုတ်ကျောင်းသားများအတွက် ပိုမိုမြင့်မားသော ပညာရေးအဆင့် တက်မြောက်ရေးထက် မဟာဗျူဟာမြောက်အဖြစ် ဂျပန်တွင် ကာလရှည်အမြဲတမ်းနေထိုင်ခွင့်ရရှိလိုခြင်းကြောင့် အခွင့် အလမ်း အသာပေးထားသော ဂျပန်အနုပညာကောလိပ်များသို့ တက်ရောက်လိုခြင်းက အဓိက အကြောင်းတရားဖြစ်လာခဲ့သည်။ ဂျပန်နိုင်ငံ၏ ကြွယ်၀သော ယဉ်ကျေးမှုအမွေအနှစ်များ သင်ကြားခြင်းသည် ဂျပန်နိုင်ငံ မူဝါဒအရ ၎င်းတို့နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကို ရရှိစေသဖြင့် ထို နည်းလမ်းကို တရုတ်ကျောင်းသားအများအပြား ရွေးချယ်လာကြခြင်းဖြစ်သည်။ ဂျပန်ပညာရေးစနစ်တွင် အနုပညာနှင့်ပတ်သက်ပြီး ဂုဏ်သတင်းမွှေးကာထူးခြားသည့် ကွဲပြားမူဝါဒ များရှိသည်။ နာမည်ကြီးလှသော တိုကျိုအနုပညာတက္ကသိုလ်၊ ကျိုတိုမြို့အနုပညာ တက္ကသိုလ်၊ တာမာ အနုပညာတက္ကသိုလ်ကဲ့သို့သော

~ လင်းမောင် ~

မကြာသေးမီနှစ်များအတွင်း ဂျပန်အနုပညာကောလိပ်များနှင့်ပတ်သက်ပြီး တရုတ် ကျောင်းသားထု အကြားရွေးချယ်စရာ ခေတ်ရေစီးကြောင်းဖြစ်လာသည်။ အဆိုပါ Trending မှာ တရုတ်ကျောင်းသားများအတွက် ပိုမိုမြင့်မားသော ပညာရေးအဆင့် တက်မြောက်ရေးထက် မဟာဗျူဟာမြောက်အဖြစ် ဂျပန်တွင် ကာလရှည်အမြဲတမ်းနေထိုင်ခွင့်ရရှိလိုခြင်းကြောင့် အခွင့် အလမ်း အသာပေးထားသော ဂျပန်အနုပညာကောလိပ်များသို့ တက်ရောက်လိုခြင်းက အဓိက အကြောင်းတရားဖြစ်လာခဲ့သည်။ ဂျပန်နိုင်ငံ၏ ကြွယ်၀သော ယဉ်ကျေးမှုအမွေအနှစ်များ သင်ကြားခြင်းသည် ဂျပန်နိုင်ငံ မူဝါဒအရ ၎င်းတို့နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကို ရရှိစေသဖြင့် ထို နည်းလမ်းကို တရုတ်ကျောင်းသားအများအပြား ရွေးချယ်လာကြခြင်းဖြစ်သည်။

ဂျပန်ပညာရေးစနစ်တွင် အနုပညာနှင့်ပတ်သက်ပြီး ဂုဏ်သတင်းမွှေးကာထူးခြားသည့် ကွဲပြားမူဝါဒ များရှိသည်။ နာမည်ကြီးလှသော တိုကျိုအနုပညာတက္ကသိုလ်၊ ကျိုတိုမြို့အနုပညာ တက္ကသိုလ်၊ တာမာ အနုပညာတက္ကသိုလ်ကဲ့သို့သော တက္ကသိုလ်ကြီးများသည် ဖန်တီးမှုအနုပညာ၊ ဒီဇိုင်းနှင့် မီဒီယာအနု ပညာရပ်များ၌ ကျယ်ပြန့်သော ပရိုဂရမ်များစွာ ချမှတ်ပြီး ကျောင်းသားများအား ခေတ်မီသော အဆောက်အဦများ၊ အတွေ့အကြုံရှိသော ဆရာများနှင့် တက်ကြွသော အနုပညာအသိုင်းအဝိုင်းများ ထဲ့သို့ ဝင်ခွင့်ပေးသည်။

ထိုအခြေအနေများကပင် တရုတ်နှင့်ဂျပန်တို့၏ ယဉ်ကျေးမှုနီးစပ်ရေး အဓိက ထားသည့် ဂျပန်အနုပညာတက္ကသိုလ်များကို တရုတ်ကျောင်းသားများ ရွေးချယ်ချင်စရာ ဖြစ်စေသည်။ နှစ်နိုင်ငံ၏ အနုပညာယဉ်ကျေးမှုသမိုင်းကြောင်းကလည်း ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ တူညီ နီးစပ်နေကာ တရုတ်ကျောင်းသားများ၏ ဂျပန်ပညာရေးစနစ်တွင် အသားကျနေမှုကြောင့်လည်း ၎င်းတို့ အတွက် ဂျပန် အနုပညာကောလိပ်များက ခြေချချင်စရာဖြစ်နေသည်။ ဂျပန် လူ့အဖွဲ့အစည်းအတွင်း တရုတ်ကျောင်းသားများ ဝင်ဆန့်စေရန်မှာလည်း ဂျပန်ဘာသာစကားသည် တရုတ်ဘာသာစကားကို ပိုမိုလွယ်ကူစေရန် တီထွင်ထားခြင်းဖြစ်သောကြောင့် အလွယ်တကူ တတ်လွယ်ခြင်းက အနောက်တိုင်းဘာသာစကားများ တတ်မြောက်ခြင်းထက်ပိုမို ချောမွေ့စေသည်။

ထို့ကြောင့် တရုတ်ကျောင်းသားများစွာသည် ဂျပန်အနုပညာတက္ကသိုလ်များ တက်ရောက်ခွင့်အတွက် မှတ်ပုံတင်လျှောက်ထားကြကာ ဂျပန်တွင် ထိုပညာရေးကြားခံခြင်းဖြင့် အမြဲတမ်းနေထိုင်ခွင့်ရခြင်းက မဟာဗျူဟာမြောက် ခြေလှမ်းများ ဖြစ်လာသည်။ မကြာသေးမီနှစ်များအတွင်း ဂျပန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများသည် တရုတ်ကျောင်းသားများအတွက် ပိုမိုအဆင်ပြေလာကာ နိုင်ငံတကာကျောင်းသားများအတွက် ကျောင်းသားဗီဇာမှ အမြဲတမ်းနေထိုင်ခွင့်သို့ ကူးပြောင်းခြင်းလုပ်ငန်းစဉ် ရိုးရှင်းလွယ်ကူစွာ သတ်မှတ်ထားရှိခြင်းကလည်း တရုတ်ကျောင်းသားများအတွက် မျှော်လင့်စရာ အခွင့်အရေးများဖြစ်လာသည်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ၏ ၂၀၂၃ ခုနှစ်စစ်တမ်းတွင် ဂျပန်၌ နေထိုင်သည့် တရုတ်ဦးရေသည် ၈၂၁၈၃၈ ဦးရှိကြောင်း သိရကာ ယခင်နှစ်ကထက် သိသိသာသာ တိုးပွားလာကြောင်း သိရသည်။ ထိုတရုတ်များထဲတွင် အနုပညာ၊ ဒီဇိုင်း၊ မီဒီယာ နှင့် ဗိသုကာပညာရပ်နယ်ပယ်များတွင် အလုပ်လုပ်ကိုင်သူ အရေအတွက်က အလွန်များနေသည်။ ဂျပန် အစိုးရသည် ပြည်ပမှအရည်အချင်းရှိသော ပုဂ္ဂိုလ်များကို ဆွဲဆောင်ခြင်း၏တန်ဖိုးအား အသိအမှတ်ပြု ပြီး ၎င်းတို့အား ဂျပန်လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းစေမှုများအား ပံ့ပိုးထောက်ပံ့ပေးသည့် မူဝါဒ များကို လက်ခံအကောင်အထည်ဖော်ခဲ့သည်။

အဆိုပါ မူဝါဒများထဲတွင် အလွန်ကျွမ်းကျင်သော နိုင်ငံခြားပညာရှင် (Highly Skilled Foreign Professional) များအတွက် သီးသန့် ဗီဇာထုတ်ပေးခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုဗီဇာတွင် အထူးပြုကျွမ်းကျင်မှုနှင့် အရည်အချင်းများရှိသော လူတစ်ဦးချင်းစီအတွက် အမြဲတမ်းနေထိုင်ခွင့် အမြန်ရစေမည့်လမ်းကြောင်းဖွင့်ပေးထားသည်။ ဂျပန်အနုပညာကောလိပ်များမှ ဘွဲ့ရရှိပြီး သတ်မှတ်စံနှုန်းမီသူများကို အဆိုပါ ဗီဇာလျှောက်ထား ခွင့်ပြုသည်။ အကျိုးအမြတ်ရှာဖွေနိုင်မှုများစွာလည်း ထိုဗီဇာစနစ်တွင်ထည့်သွင်းခွင့်ပြုထားသည်။ နေထိုင်ခွင့် သက်တမ်းတိုးခြင်း၊ မိသားစုဝင်များကို ခေါ်ဆောင်နေထိုင်ခွင့်ပြုခြင်း၊ အမြဲတမ်းနေထိုင်ခွင့်ပေးလိုသူ များအတွက် လျှောက်လွှာလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရန် စီစဉ်ပေးထားခြင်းများဖြစ်သည်။

တရုတ်မှ ကျောင်းသားများ ဂျပန်တွင် ပညာသင်ကြားခွင့်နှင့်အမြဲတမ်းနေထိုင်ခွင့်ရရန် ခွင့်ပြုထားခြင်း မှာ စီးပွားရေးအရရော လူမှုရေးအကြောင်းများစွာအတွက်ပါ လှုံ့ဆော်ပေးနိုင်စွမ်းများစွာရှိနေသည်။ ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နှေးကွေးလာခဲ့သည်။ လူငယ်ဘွဲ့ရသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရေးမှာ စိန်ခေါ်မှုနှင့်ပြိုင်ဆိုင်မှု ပြင်းထန်လာ သည်။ တရုတ်အစိုးရ၏ တင်းကြပ်လွန်းသော ဆင်ဆာဖြတ်တောက်မှုများနှင့် နိုင်ငံရေးအနေအထားမှာ မရေရာသော၊ ပေါက်ကွဲစရာ ပတ်ဝန်းကျင်ကို ဖန်တီးထိန်းချုပ်ထားသည့်အတွက် ဖန်တီးမှုအနုပညာရပ်ဝန်းမှ လူငယ်များ လွတ်ရာလွတ်ကြောင်းအဖြစ် ဂျပန်မှ ပေးထားသည့် အခွင့်အလမ်းများကို အာသာငမ်းငမ်း ယူကုန်ကြစေသည်။ တရုတ်နိုင်ငံနှင့် ဆန့်ကျင်ဘက်အဖြစ် ဂျပန် သည် ခိုင်မာသောစီးပွားရေး၊ လူနေမှုအဆင့်အတန်းမြင့်မားခြင်းနှင့်တည်ငြိမ်ပြီး သာယာ၀ပြောသော ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်သည်ကလည်း မက်လုံးတစ်ခု ဖြစ်စေသည်။ ဂျပန်မှ နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အနုပညာကို မြှင့်တင်ရန် ကတိကဝတ်ပြုခြင်းသည် ဝါသနာပါသော အနုပညာရှင်များနှင့် ယဉ်ကျေးမှု လုပ်သားများအတွက် အထောက်အကူ ဖြစ်စေပါသည်။ ထို့အပြင် အနောက်နိုင်ငံများနှင့်မတူဘဲ တရုတ်မုန်းတီးရေး အယူဝါဒ၊ အာရှဆန့်ကျင် ရေးအမြင်များ ဂျပန်တွင် နည်းပါးခြင်းက ဝမ်းပန်းတသာ ကြိုဆိုသည့် ဂျပန်သို့သွားရန် တရုတ် ကျောင်းသားများ ပိုမိုရွေးချယ်ရာ ဖြစ်လာစေသည်။ ဂျပန်တွင် ပညာသင်ကြားလိုသော အထူးသဖြင့် လွတ်လပ်သည့် အနုပညာဖန်တီးလိုသော တရုတ်ကျောင်းသားများအတွက် မိခင်နိုင်ငံအတွင်း နိုင်ငံရေးဖိနှိပ်မှုနှင့် အစိုးရ လွှမ်းမိုးချုပ်ခြယ်မှုများမှ လွတ်မြောက်ပြီး ပိုမိုလွတ်လပ်သည့် လုပ်ပိုင်ခွင့် ရသည့် ဂျပန်သည် ခြေချချင်စရာအကောင်းဆုံးနိုင်ငံဖြစ်လာသည်။

လေ့လာမှုပေါင်းများစွာ၊ သာဓက နမူနာပေါင်းများစွာက တရုတ်ကျောင်းသားများ ဂျပန်နိုင်ငံတွင် အမြဲ တမ်းနေထိုင်ခွင့်ရရေးမက်လုံးကြောင့် ဂျပန်အနုပညာကောလိပ်များကို အများအပြား တက်ရောက်လာ ကြသည်ကို ထင်ရှားစွာ သိမြင်ကြရသည်။ ဂျပန်အနုပညာမဂ္ဂဇင်း BijutsoTecho မှ တရုတ်ဘာသာ ဆိုင်ရာ အယ်ဒီတာတရုတ်နိုင်ငံသားတစ်ဦးက ၂၀၁၄ ခုနှစ်တွင် မိမိကိုယ်တိုင်သည်လည်း တရုတ်မှ ဂျပန်သို့ ပညာလာရောက်သင်ကြားပြီး ယဉ်ကျေးမှုတူညီမှုများခြင်း၊ တိုကျိုတွင် မိမိဖန်တီးလိုသော အနုပညာအတွက် အခွင့်အလမ်းများစွာ ပိုမိုတည်ရှိနေခြင်းအကြောင်းပြချက်များကြောင့် ဂျပန်တွင် သာ အမြဲတမ်းနေထိုင်သူဘ၀ကို ရွေးချယ်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

တခြားသော ဥပမာတစ်ရပ်ကလည်း ရှိသည်။ တိုကျိုတွင်တရုတ်နိုင်ငံသားများ ထူထောင်ထားသည့် ပန်းချီပြခန်းများအား တရုတ်အနုပညာရှင်များနှင့်ယဉ်ကျေးမှုဆိုင်ရာ တရုတ်အလုပ်သမားများ စုပေါင်း ထူထောင်ထားခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် တိုကျိုအနုပညာအသိုင်းအဝိုင်းကြီး၏ အရေးပါသော အစုအဖွဲ့အဖြစ် ထဲထဲဝင်ဝင် ဝင်ဆန့်နေတော့သည်။ ၎င်းတို့၏ ပန်းချီပြပွဲများတွင် တရုတ်လက်ရာသာ မက ဂျပန်ပန်းချီလက်ရာများပါ ပူးတွဲပြသကြသည်။ ဂျပန်ပြတိုက်များတွင် တရုတ်ပြတိုက်မှူးများနှင့် မီဒီယာအရာရှိများ ထားရှိနေခြင်းသည် တရုတ်ယဉ်ကျေးမှုလုပ်သားများကို ဂျပန်နိုင်ငံ၏ အနုပညာအခင်းအကျင်းတွင် အောင်မြင်စွာ ပေါင်းစည်းခြင်းအား သက်သေပြနေပါသည်။

အမြဲတမ်းနေထိုင်ခွင့်အတွက် ဂျပန်အနုပညာကောလိပ်များသို့ တရုတ်ကျောင်းသားများ စုပြုံရောက်ရှိနေသည့် လမ်းကြောင်းသည် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ပညာရေးအခွင့်အလမ်းများနှင့် နှစ်လိုဖွယ်ကောင်းသော လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အလေးပေးဖော်ပြသည်။ တရုတ်ကျောင်းသားအများစုအတွက် ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းသည် အနုပညာကျွမ်းကျင်မှုကို ဆည်းပူးခြင်းသာမက တည်ငြိမ်ပြီး သာယာဝပြောသောအနာဂတ်ကို ရရှိစေသည်။ ဂျပန်နိုင်ငံသည် ပြည်ပမှ ထူးချွန်သူများကို ဆက်လက်ဆွဲဆောင်နေသောကြောင့် နိုင်ငံ၏ အနုပညာနှင့် ယဉ်ကျေးမှုအခင်းအကျင်းသည် နိုင်ငံတကာနေထိုင်သူများ၏ မတူကွဲပြားသော ရှုထောင့်များနှင့် ပံ့ပိုးမှုများမှ အကျိုးကျေးဇူးများ ရရှိမည်မှာလည်း သံသယရှိစရာမလိုပေ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now