~ လင်းမောင် ~
တရုတ်စီးပွားရေးသမား စပိုင်တစ်ယောက်ဖြစ်တဲ့ ယန်တန်းဘိုရဲ့ ဗြိတိန်မင်းသား အန်ဒရူး ဆက်ဆံရေး အကြောင်းတရားဟာ ပေကျင်းအစိုးရရဲ့ တပါးသောနိုင်ငံတွေအပေါ် သူလျှို့လုပ်မှုကို လူမြင်ကွင်းရှေ့ရောက် အောင်ပိုမို ပို့ဆောာင်ပေးနိုင်ခဲ့ပါတယ်။ တရုတ်ဟာ ပစ်မှတ်ထားတဲ့ နိုင်ငံတွေက မူဝါဒချမှတ်မှုတွေကို သိရှိရ စေဖို့ အတွင်းစည်းထဲအထိ ဝင်ရောက်ပြီး သူလျှိုလုပ်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ အီးယူနိုင်ငံ တွေကတော့ ဒီနှစ်ပိုင်းထဲ တရုတ်ရဲ့ သူလျှိုလုပ်မှုတွေကို ပိတ်ပင်တားမြစ်ဖို့ အားစိုက် ကြိုးပမ်းနေခဲ့ကြပါတယ်။ တရုတ်ဟာ သူ့နိုင်ငံသားတွေ ဒါမှမဟုတ် တပါးသော နိုင်ငံသားတွေကိုပါ အသုံးချပြီး သူလျှိုတွေအဖြစ် ပြည်ပ နိုင်ငံတွေအပေါ် သူလျှိုလုပ်မှုတွေ ကျူးလွန်းနေခဲ့တာ မြင်သာထင်သာ ရှိလာခဲ့ပါပြီ။
၂၀၂၃ ခုနှစ်မှာ တရုတ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဂျီချိုကန် (Ji Chaoqun) ကို အမေရိကန်က ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလူဟာ တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက အေးဂျင့်တစ်ယောက်ဖြစ်ပြီး ၂၀၁၆ မှာ အမေရိကန်အရန်စစ်တပ်ထဲဝင်ခဲ့တယ်။ CIA ၊ FBI နဲ့ NASA လို နေရာတွေ မှာ အလုပ်ရဖို့ ကြိုးပမ်းနေခဲ့ပြီး အမေရိကန် အာကာသ နည်းပညာနဲ့ အခြားသော နည်းပညာနယ်ပယ်တွေထဲ အတွင်းစည်းထဲဝင်ပြီး သတင်းအချက်အလက်တွေ ခိုးဖို့ လုပ်ခဲ့တာ၊ ဓာတ်ပုံမှတ်တမ်းတွေ ခိုးရိုက်ကူးခဲ့တာ ကြောင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံလိုက်ရတာပါ။ ဆိုက်ဘာလုံခြုံရေး အင်ဂျင်နီယာအဖြစ် အမေရိကန်ရဲ့ နည်းပညာကဏ္ဍမှာ အရေးအပါဆုံးအဖွဲ့အစည်းတွေထဲ ဝင်ရောက်ပြီး ထိရှိမခံတဲ့ ဓာတ်ပုံတွေကို ခိုးရိုက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သူဖြစ်ပါတယ်။
အမေရိကန်တရားရေးဌာနက ဂျီချိုကန်ဟာ ဖြစ်နိုင်ခြေ ခေါ်ယူအသုံးချနိုင်မယ့် သတ်မှတ်ပစ်မှတ် ပညာရှင်တွေရဲ့ ကိုယ်ရေးအတ္ထုပတ္တိအချက်အလက်တွေကို စုဆောင်းပြီး တရုတ်အစိုးရဆီ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ထုတ် ပြန်ခဲ့တယ်။ စုံစမ်းစစ်ဆေးမှုမှာ ဂျီဟာ ကျန်းစုခရိုင် ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနအတွက် စပိုင်လုပ်ပေးနေခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ဂျာမန်နိုင်ငံသားကတ်ကိုင်ထားတဲ့ တရုတ်နွယ်ဖွား ဂျန်ဂူအို (Jian Guo) ဆိုသူဟာလည်း ဥရောပ ပါလီမန်ရဲ့ တရုတ်ထောက်လှမ်းရေးအဖွဲ့နဲ့ ဆွေးနွေးမှုက လျှို့ဝှက် အချက်အလက်တွေကို ခိုးယူလို့ တရုတ် အစိုးရထံ ပို့ပေးခဲ့ကြောင်း သိခဲ့ရပါသေးတယ်။
ဒီသတင်းသာ အမှတ်တကယ်ဆိုရင် တရုတ်ဟာ ဥရောပ ပါလီမန်၊ ဥရောပရဲ့ ဒီမိုကရေစီကို ဆန့်ကျင်ပြီး တိုက်ခိုက်တာသာဖြစ်တယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာက ဝေဖန်ပြောကြားသွားပါတယ်။ဂျန်ဂူအိုဟာ ဂျာမနီဘက်က ဥရောပလွှတ်တော်အတွက် ရွေးချယ် ခန့်အပ်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် မက်ဇီမီလီယန်ကရက်ချ်အတွက် အလုပ်လုပ်ပေးရင်း ဂျာမနီရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာတွေကို စပိုင်လုပ် ရယူခဲ့တာဖြစ်ပါတယ်။ နန်စီဖေဆာက တရုတ်ထောက်လှမ်း ရေးဝန်ဆောင်မှုအဖွဲ့တွေနဲ့ တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ စပိုင်အဖွဲ့တွေဟာ သူလျှိုနဲ့ အဖျက်လုပ်ငန်းအားလုံး လုပ်နိုင်ရေး အန်နာလော့နဲ့ဒစ်ဂျစ်တယ် သူလျှိုမှုတွေ လုပ်သွားတာဖြစ်ကြောင်းလည်း ထပ်မံ ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်ကပဲ ယာကီအိတ်ခ်စ် (Yaqi X) ဆိုတဲ့ တရုတ်အမျိုးသမီးဟာ ဂျာမနီရဲ့ စစ်ရေးအသုံးအဆောင်တွေ၊ စစ်လက်နက်စက်ရုံတွေ၊ ကုန်တင်သင်္ဘောနဲ့ ခရီးသည်တင်သင်္ဘောဆိုင်ရာ အတွင်းရေးအချက်အလက်တွေကို သူလျှိုလုပ်ခိုးယူလို့ တရုတ်ထောက်လှမ်းရေးထံ ပေးပို့နေခဲ့တာ ဖော်ထုတ်နိုင်ခဲ့တယ်။ ဝေဂျင်းဝမ် (Weijing Wang) ဆိုတဲ့ တရုတ်နိုင်ငံသားဟာလည်း အရင်က ဟွာဝေမှာ အရောင်းဒါရိုက်တာ လုပ်နေရာက ပိုလန်ကို သွားပြီး တရုတ်အတွက် သူလျှိုလုပ်ပေးခဲ့မှု ပေါ်ပေါက်လို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ဗြိတိန်-တရုတ် နွယ်ဖွား ရှေ့နေ ခရစ္စတင်းလီ (Christine Lee) ဆိုသူဟာလည်း ယူကေ နိုင်ငံရေးနယ်ပယ်မှာ စွက်ဖက်ခြယ်လှယ်ဖို့ ကြိုးစားနေခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ တရုတ်အစိုးရ ပို့ပေးတဲ့ ငွေ ကြေးများစွာနဲ့ ယူကေရဲ့ နိုင်ငံရေးနယ်ပယ်က ဩဇာရှိသူတွေ အတွင်းစည်းထဲ ဝင်ပြီး တရုတ်ကွန်မြူနစ်ပါတီ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ပေးပို့တာ၊ ယူကေ နိုင်ငံရေးခေါင်းဆောင်တွေကိုပါ ဩဇာလွှမ်းမိုး ခြယ်လှယ်ဖို့လုပ်ခဲ့တဲ့ အကြောင်းတွေ ဆက်တိုက်ပေါ်ထွက်ခဲ့ပါတယ်။ ဒါဟာ တရုတ်ရဲ့ တပါးသော တိုင်းပြည် ကြီးတစ်ခုက နိုင်ငံရေးနယ်ပယ်မှာ ဝင်ရောက်ခြယ်လှယ်ဖို့ လူတွေကို အရင်းပြုပြီး ရင်းနှီးမြှုပ်နှံ စပိုင်လုပ်မှုလို့ သေချာပေါက် သတ်မှတ်ရမှာပဲဖြစ်ပါတယ်။
တရုတ်ဟာ သူ့နိုင်ငံသားတွေသာမက တစ်ပါးသော နိုင်ငံသားတွေကိုပါ စုဆောင်းစည်းရုံးပြီး ထိရှမခံတဲ့ လျှို့ဝှက် အချက်အလက်တွေ ရဖို့ သူလျှိုလုပ်ငန်းတွေကို အကွက်ချ လုပ်ဆောင်နေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က နယ်သာလန် နိုင်ငံဟာ တရုတ်ကို ပြန်ထွက်ပြေးတော့မယ့် သူလျှိုတစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ဘယ်လ်ဂျီယံ အစိုးရဆီ က နိုင်ငံတော်လျှို့ဝှက်ချက်တွေကိုလည်း နိုင်ငံရေးပါတီကြီးတစ်ခုက ဩဇာရှိသူကို ချဉ်းကပ်ပြီး သတင်းအချက် အလက်နှိုက်ယူသွားမှုအပေါ် ဒေါသထွက်ရကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အလက်ဇန္ဒား ဒီကရူးက တရုတ်ဟာ သူတို့နိုင်ငံ မတည်မငြိမ်ဖြစ်စေဖို့ ဩဇာလွှမ်းမိုးနိုင်ရေး ငွေနဲ့ပေါက်ပြီး သူလျှို လုပ်ခဲ့တာဖြစ်ကြောင်း၊ တရုတ်ဆိုတာ သူ့အကျိုးစီးပွားအတွက်သာ သူကြည့်တဲ့နိုင်ငံဖြစ်ပြီး အရင်ကတည်းက ကျင့်ဝတ်ဆိုတာကို ဘာမှ ဂရုစိုက်တဲ့ နိုင်ငံမဟုတ်ဘူးလို့ ဝေဖန်သွားပါတယ်။
တရုတ်ထောက်လှမ်းရေးအရာရှိ ဇူယန်ဂျန် (Xu Yanjun×) ကိုလည်း ဘယ်လ်ဂျီယံဟာ စီးပွားရေး၊ ကုန်သွယ်ရေး ပိုင်းတွေမှာ လျှို့ဝှက်စွာ စပိုင်လုပ်ခိုးယူခဲ့လို့ ဖမ်းဆီးပြီး အမေရိကန် လက်ထဲ လွှဲအပ်လိုက်ပါတယ်။ ဇူယန်ဂျန် ဟာ ပစ်မှတ်ထားတဲ့ ကုမ္ပဏီတွေ ခေါ်ယူလိုတဲ့ အလုပ်သမားကောင်းတွေနဲ့ ဆက်ဆံရေးချဲ့တွင်ပြီး ဒီကုမ္ပဏီတွေ ရဲ့ လျှို့ဝှက် နည်းပညာတွေ၊ စီးပွားရေး လျှို့ဝှက်မှတ်တမ်းတွေကို တရုတ်အစိုးရထံ ပို့ပေးခဲ့သူပါ။ ဒါကြောင့် FBI လက်ထောက်ညွှန်ကြားရေးမှူး အလန်ခိုလာက တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ရည်ရွယ်ချက်များစွာနဲ့ကို သူလျှို တွေကို နိုင်ငံတကာ အနှံ့ စေလွတ်ပေးပို့ပြီး နည်းပညာ၊ စီးပွားရေးလျှို့ဝှက်ချက်၊ နိုင်ငံရေးလျှို့ဝှက်ချက်တွေ ခိုးယူခိုင်းနေခြင်းဟာ နှုတ်ဆိတ်မနေသင့်တော့ဘဲ ဒီကနေမှာ အားလုံးနိုးထရမယ့် အချက်ပေးခေါင်းလောင်းသံ မြည်နေစေခဲ့ပြီလို့ သတိပေးပြောကြားသွားခဲ့ပါတယ်။
#MeKongNews








