ဆောင်းပါး

MNDAA ဘယ်လမ်းရွေးမလဲ

မဲခေါင် 12 Nov - 2024
အယ်ဒီတာ့အာဘော် (၁၂-၁၁-၂၀၂၄) မြန်မာပြည်သူအများစု တခဲနက်အားပေးထောက်ခံခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက အရှိန်အဟုန်နဲ့ ဟုန်းဟုန်းတောက်နေချိန်မှာပဲ ရုတ်တရက် ရေလောင်းခံရသလို တမဟုတ်ချင်းငြိမ်သက်သွားတာဟာ တရုတ်ဩဇာကိုမြင်သာစေတဲ့ မီးမောင်းပါပဲ။ မြန်မာစကားပုံအရ “ ကောက်ရိုးမီး”သဏ္ဍန်လို့ပြောရင်မြင်သာမယ်ထင်ပါတယ်။ လားရှိုးမြို့အထိတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ကြဖို့ တရုတ်ရဲ့ရာဇသံဟာ၁၀၂၇စစ်ဆင်ရေးကိုငြိမ်သက်သွားစေတာပါပဲ။ တကယ်တော့ လားရှိးအထိတိုက်ခိုက်သိမ်းပိုက်ခဲ့တာ မဟာမိတ်သုံးဖွဲ့အပြင်၂၀၂၁အာဏာသိမ်းပြီးကာမှပေါ်ပေါက်လာတဲ့ BPLA, PLAနဲ့ NUG လက်အောက်ခံPDFတပ်ရင်းတွေပါဝင်ပါတယ်။ တရုတ်ရဲ့အဲ့ဒီလုပ်ရပ်ဟာမြန်မာပြည်တွင်းရေးကို သိသာထင်ရှားစွာဝင်ရောက်စွက်ဖက်တဲ့လုပ်ရပ်ပဲလို့ အများပြည်သူကကောက်ချက်ချပြောဆိုကြပေမယ့် တရုတ်ကတော့ရှေ့ကိုတိုးနေဆဲပါပဲ။ တရုတ်ဟာမြန်ပြည်သူရဲ့ဆန္ဒကိုဥပေက္ခာပြုပြီး စစ်ကောင်စီသက်ဆိုးရှည်ရေးကိုသာ အလေးထားနေတာပေါ်လွင်ပါတယ်။ အစောပိုင်းထက် အခုနောက်ပိုင်းမှာသိသာထင်ရှားလာတာပါ။ မဟာမိတ်သုံးဖွဲ့မှာ တရုတ်ဩဇာကိုနာခံတာဆိုလို့MNDAAတစ်ဖွဲ့တည်းရယ်ပါ။ ကျန်အဖွဲ့တွေကစစ်ကောင်စီကိုဆက်လက်တွန်းလှန်တိုက်ခိုက်ဆဲပါပဲ။ တကယ်တော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပါတ်သက်ရင် သူ့အကျိုးစီးပွါးအတွက် သူ့အလုပ်သူလုပ်နေတာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်အုပ်စုကိုခေါင်းပုတ်ကြောသပ်ပြီး မြန်မာသယံဇာတတွေကို တန်ဖိုးနိမ့်နဲ့ထုတ်ယူပြီးစီးပွါးရှာနေတဲ့တရုတ်ဟာ စစ်ကောင်စီသက်ဆိုးရှည်မှသာ မြန်မာပြည်တွင်းမှာရင်းနှီးမြှုတ်နှံထားတဲ့

အယ်ဒီတာ့အာဘော် (၁၂-၁၁-၂၀၂၄)

မြန်မာပြည်သူအများစု တခဲနက်အားပေးထောက်ခံခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက အရှိန်အဟုန်နဲ့ ဟုန်းဟုန်းတောက်နေချိန်မှာပဲ ရုတ်တရက် ရေလောင်းခံရသလို တမဟုတ်ချင်းငြိမ်သက်သွားတာဟာ တရုတ်ဩဇာကိုမြင်သာစေတဲ့ မီးမောင်းပါပဲ။ မြန်မာစကားပုံအရ “ ကောက်ရိုးမီး”သဏ္ဍန်လို့ပြောရင်မြင်သာမယ်ထင်ပါတယ်။

လားရှိုးမြို့အထိတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ကြဖို့ တရုတ်ရဲ့ရာဇသံဟာ၁၀၂၇စစ်ဆင်ရေးကိုငြိမ်သက်သွားစေတာပါပဲ။ တကယ်တော့ လားရှိးအထိတိုက်ခိုက်သိမ်းပိုက်ခဲ့တာ မဟာမိတ်သုံးဖွဲ့အပြင်၂၀၂၁အာဏာသိမ်းပြီးကာမှပေါ်ပေါက်လာတဲ့ BPLA, PLAနဲ့ NUG လက်အောက်ခံPDFတပ်ရင်းတွေပါဝင်ပါတယ်။

တရုတ်ရဲ့အဲ့ဒီလုပ်ရပ်ဟာမြန်မာပြည်တွင်းရေးကို သိသာထင်ရှားစွာဝင်ရောက်စွက်ဖက်တဲ့လုပ်ရပ်ပဲလို့ အများပြည်သူကကောက်ချက်ချပြောဆိုကြပေမယ့် တရုတ်ကတော့ရှေ့ကိုတိုးနေဆဲပါပဲ။ တရုတ်ဟာမြန်ပြည်သူရဲ့ဆန္ဒကိုဥပေက္ခာပြုပြီး စစ်ကောင်စီသက်ဆိုးရှည်ရေးကိုသာ အလေးထားနေတာပေါ်လွင်ပါတယ်။ အစောပိုင်းထက် အခုနောက်ပိုင်းမှာသိသာထင်ရှားလာတာပါ။ မဟာမိတ်သုံးဖွဲ့မှာ တရုတ်ဩဇာကိုနာခံတာဆိုလို့MNDAAတစ်ဖွဲ့တည်းရယ်ပါ။ ကျန်အဖွဲ့တွေကစစ်ကောင်စီကိုဆက်လက်တွန်းလှန်တိုက်ခိုက်ဆဲပါပဲ။

တကယ်တော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပါတ်သက်ရင် သူ့အကျိုးစီးပွါးအတွက် သူ့အလုပ်သူလုပ်နေတာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်အုပ်စုကိုခေါင်းပုတ်ကြောသပ်ပြီး မြန်မာသယံဇာတတွေကို တန်ဖိုးနိမ့်နဲ့ထုတ်ယူပြီးစီးပွါးရှာနေတဲ့တရုတ်ဟာ စစ်ကောင်စီသက်ဆိုးရှည်မှသာ မြန်မာပြည်တွင်းမှာရင်းနှီးမြှုတ်နှံထားတဲ့ သူတို့ရဲ့စီးပွားရေးလည်းသက်ဆိုးရှည်မယ်လို့ယုံကြည်တွက်ဆထားပုံပေါ်ပါတယ်။ ဒီယူဆချက်နဲ့ပဲ စစ်ကောင်စီအနိုင်ရရေးအတွက် ကိုယ်ကျိုးစီပွါးဗျူဟာအရ စစ်ကောင်စီဘက်က ရပ်တည်တာဖြစ်တယ်လို့ ယူဆကြပါတယ်။

တရုတ်ကMNDAAအပစ်ရပ်ဖို့ရာဇသံပေးရုံတစ်ခုတည်းမဟုတ်ပဲ နယ်စပ်ဂိတ်တွေပိတ်ပြီးကုန်သွယ်ရေးပါရပ်ဆိုင်းလိုက်ပါတယ်။ သဘောကတော့ ကုန်သွယ်ရေးအခွန်ငွေတွေနဲ့ MNDAA ကြီးထွားဖွံ့ဖြိုးလာမယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့စစ်ကောင်စီအလိုကျကုန်သွယ်ရေးရပ်ဆိုင်းပေးတာပဲဖြစ်ပါတယ်။ ဒိအပြင်ငြိမ်းချမ်းရေးဆွေးနွေးတဲ့လမ်းကြောင်းပေါ်လျှောက်ဖို့လည်း လေသံပေးထားပါသေးတယ်။

တကယ်တော့တရုတ်ကနယ်စပ်ဂိတ်တွေပိတ်ပြီးကုန်သွယ်ရေးရပ်ဆိုင်းတာဟာMNDAAအပေါ်တိုက်ရိုက်သက်ရောက်မှုထက် ပြည်သူအပေါ်သက်ရောက်မှုကပိုကြီးမားပါတယ်။ အာဏာရှိသူတွေရဲ့ မဆင်မချင်လုပ်ရပ်တိုင်းဟာပြည်သူအပေါ်ပဲတိုက်ရိုက်သက်ရောက်ပါတယ်။ ခံရတာပြည်သူ၊ စံရတာ အာဏာရှင်လို့ပြောနိုင်ပါတယ်။ အခုလည်းနယ်စပ်ဂိတ်ပိတ်ပြီးကုန်သွယ်ရေးရပ်ဆိုင်းချိန်ကစပြီးကုန်စည်ရှားပါးမှုဒဏ်ကို ပြည်သူကပဲခံကြရတပါ။ အထိနာဆုံးကပြည်သူပါပဲ။

ပုံမှန်အတိုင်းကုန်သွယ်ရေးပြန်လည်စီးဆင်းဖို့ကMNDAAအပေါ်မူတည်တယ်လို့ပြောနိုင်ပါတယ်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တရုတ်ပြည်သွားရောက်တုန်းကနယ်စပ်ဂိတ်တွေဆက်လက်ပိတ်ထားပေးဖို့တရုတ်ကိုတောင်းဆိုထားသလိုငြိမ်းချမ်းဆွေးနွေးဖို့အသင့်ရှိကြောင်းကိုလည်းလေသံပစ်ခဲ့ပါသေးတယ်။ ဒါကြောင့်နယ်စပ်ဂိတ်တွေ ရက်အကန့်အသတ်မရှိပိတ်ထားပါလိမ့်မယ်။ စစ်ကောင်စီရော တရုတ်ရောလိုလားတာကMNDAAအနေနဲ့စစ်ကောင်စီအလိုကျငြိမ်းချမ်းရေးဆွေးနွေးပြီးသိမ်းပိုက်ထားတဲ့နယ်မြေတွေ ပြန်ပေးမှ နယ်စပ်ဂိတ်တွေပြန်ဖွင့်မယ့်သဘောရှိပါတယ်။

MNDAAကငြိမ်းချမ်းရေးလည်းမဆွေးနွေးဘူး၊ သိမ်းပိုက်ထားတဲ့နယ်မြေတွေလည်းပြန်မပေးပဲတောင့်ခံထားမယ်၊ တင်းမာနေမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ။ ဒါဆိုရင်နယ်စပ်ဂိတ်တွေဆက်လက်ပိတ်ထားပါလိမ့်မယ်၊ နယ်စပ်ဂိတ်တွေပိတ်တာအချိန်ကြာမြင့်လာတာနဲ့အမျှ တရုတ်ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အထိနာလာပါလိမ့်မယ်။ တရုတ်ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့သူတို့ရဲ့စီးပွါးရေးကိုရေရှည်ထိခိုက်ခံမှာမဟုတ်ပါဘူး၊ ဒါကြောင့် တရားမဝင်ကုန်သွယ်ရေးခေါင်းထောင်လာနိုင်ပါတယ်။ အထူးသဖြင့် မြန်မာသယံဇာတတွေ ဈေးပေါပေါနဲ့ တရုတ်ပြည်ထဲရောက်ရှိပြီး တရုတ်ဘက်ကကုန်ပစ္စည်းတွေဈေးကြီးကြီးနဲ့မြန်မာနိုင်ငံထဲရောက်ရှိလာပါလိမ့်မယ်။

MNDAA ကနေမြဲအတိုင်းဆက်လက်တင်းမာထားမယ်ဆိုရင် ပြည်သူတွေအဆိုးဆုံးရင်ဆိုင်ရမှာက စစ်ကောင်စီကလက်နှက်ကြီးတွေရမ်းသမ်းပစ်ခတ်တာရယ် လေကြောင်းကဗုံးကြဲတာရယ်ပါ။ စစ်ကောင်စီဖိအားက နယ်စပ်ဂိတ်ပိတ်တာထက်ပိုမိုဆိုးရွားပါ တယ်။ သဘောကတော့တရုတ်ဖိအားထက် စစ်ကောင်စီဖိအားကဒေသခံပြည်သူတွေအတွက်အန္တရာယ်ကြီးမားပါလိမ့်မယ်။ မြို့ရွာတွေမီးရှို့တာ၊ ဗုံးကြဲတာ၊ လက်နှက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာ အစရှိတဲ့ မဆင်မချင်လုပ်ရပ်ကိုဒေသခံပြည်သူတွေခံကြရပါလိမ်မယ်။ စစ်ကောင်စီဘက်ကလည်းအာဏာသက်ဆိုးရှည်ဖို့နဲ့ဆုံးရှုံးနယ်မြေတွေပြန်ရဖို့အတွက်ပြည်သူကိုငဲ့ကွက်နေမှာမဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း ငဲ့ကွက်ခဲ့ရိုးထုံးစံမရှိခဲ့ပါဘူး။

အကယ်၍များ MNDAAက တသက်လုံးငြိမ်းချမ်းရေးမဆွေးနွေးပဲစောင့်ထိန်းခဲ့တဲ့ ရပ်တည်ချက်ကိုပါယ်ဖျက်ပြီး စစ်ကောင်စီနဲ့တရုတ်ကျလိုက်လျှောမယ်ဆိုရင်ပြည်သူတွေလက်နှက်ကြီးအန္တရာယ်နဲ့လေကြောင်းဗုံးကြဲအန္တရာယ်ကနေကင်းလွတ်ပြီးနယ်စပ်ဂိတ်တွေလည်းပြန်ဖွင့်လာနိုင်ပါတယ်။

အဲ့သလိုလုပ်လိုက်ရင်တော်လှန်ရေးအပေါ်သစ္စာဖေါက်တာပဲလို့ယူဆကြတာတွေလည်းရှိသလိုနယ်မြေသိမ်းတိုက်ပွဲတွေမှာအသက်ဆုံးရှံးခဲ့သူတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုသစ္စာဖေါက်တဲ့သဘော ၊ တန်ဖိုးမထားတဲ့သဘောသက်ရောက်ပါလိမ့်မယ်။ ဒိအပြင်အောင်ပွဲအလီလီရခဲ့တုန်းကတခဲနက်အားပေးထောက်ခံခဲ့တဲ့အများပြည်သူကရှံ့ချတာ၊အာ ဏာသိမ်းစစ်တပ်ကိုအားပေးထောက်ခံသူတွေရဲ့လှောင်ပြောင်သရော်တာ၊ ဒေသတွင်းပြည်သူရဲ့ယုံကြည်ကိုးစားမှုကျဆင်းတာတွေပါMNDAAရရှိပါလိမ့်မယ်။

ဒါတင်မဟုတ်ပါဘူး၊ စစ်ကောင်စီရဲ့လက်ကိုင်တုတ်သဖွယ်၊ စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်တပ်သဖွယ် ပြည့်သူ့စစ်လိုလို နယ်ခြားစောင့်လိုလိုနဲ့ အမြဲတမ်းစစ်ကောင်စီရဲ့ခေါင်းပုတ်ခိုင်းစေခြင်းကိုခံနေရပါလိမ့်မယ်။ ဒိအပြင်တချိန်ကမဟာမိတ်အဖြစ်ရင်းနှီးခဲ့သူတွေ၊ လက်တွဲခဲ့ကြသူတွေနဲ့ရန်ဘက်အထိဖြစ်သွားနိုင်ပါတယ်။ တော်လှန်ရေးအပေါ်လည်းအနည်းနဲ့အများသက်ရောက်မှုရှိလာပါလိမ့်မယ်။

တကယ်တော့ MNDAA ဆိုတာ၂၀၂၁စစ်အာဏာသိမ်းကာမှပေါ်ပေါက်လာတဲ့တော်လှန်ရေးအဖွဲ့မဟုတ်ပါဘူး၊ ဝါရင့်ပြီးအရည်ထူနေတဲ့တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့ဖြစ်ပါတယ်၊ သူလည်းပဲသူ့အကျိုးပွါးကိုရှေ့ရှုမှာဖြစ်သလို သူ့ရဲ့တော်လှန်ရေးဂုဏ်သိက္ခာကိုလည်းထည့်သွင်းတွက်ချက်လိမ့်မယ်ယူဆပါတယ်။ ဒါကြောင့် MNDAA ဘယ်လမ်းရွေးမလဲစောင့်ကြည့်ရုံပါပဲ။

#MeKongNews

#မဲခေါင်အာဘော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

China tightens its grip on workers’ $1.6 trillion housing savings

~ Linn Maung ~ China’s housing provident fund occupies an unusual position
ဆောင်းပါး

ဂျန်ဆန်ဟောင်း၊ တရုတ်သူလျှို နဲ့ အချစ်ဇာတ်လမ်း

~ CWM ~ ပြီးခဲ့တဲ့ မေလက သမ္မတ ဒေါ်နယ်ထရမ့် တရုတ်ပြည်ကို အလည်သွားတော့ သူနဲ့အတူ ထင်ရှားတဲ့ ထိပ်တန်းအမေရိကန်စီးပွားရေးသမားတချို့ကိုပါ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို ကြီးကျယ်တဲ့ သိမ်းပိုက်မှုတွေလုပ်ဖို့ တာဝန်အပ်နှင်းခံရတဲ့ သူတို့ရဲ့ ထိပ်တန်း ကွန်ပျူတာ ဟက်ကာတွေကို မြောက်ကိုရီးယားအစိုးရက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port operator, withdrew from a proposed US$392 million joint

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now