ဆောင်းပါး

ဂျမားအစ္စလာမ္မစ်အဖွဲ့ ဖျက်သိမ်းပြီး ဘင်္ဂလားဒေ့ရှ်က အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့တွေ အရှေ့တောင်အာရှမှာ ဦးမော့ခြိမ်းခြောက်လာနေ

မဲခေါင် 20 Oct - 2024
လင်းမောင် ၂၀၀၂ ခုနှစ်က ဘာလီဗုံးခွဲမှုလက်သည် အရှေ့တောင်အာရှရဲ့ ဩဇာကြီးလွန်းတဲ့ Salafi-jihadist ဝါဒစွဲ ဂျမားအစ္စလာမ္မစ်အဖွဲ့ကြီး မကြာသေးခင်ကပဲ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Salafi-jihadist ဝါဒ ဆိုတာက ဆွန်နီတွေရဲ့ ကိုယ့်ဘာသာမဝင်သူတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်တဲ့ အစွန်းရောက်ဝါဒကို ဆိုလိုတာ ဖြစ်ပါတယ်။ ဂျမားအစ္စလာမ္မစ်အဖွဲ့ (JI)ဘာသာရေးခေါင်းဆောင် သော်ရီကာဒင်က ဗီဒီယိုဖိုင်ကနေ စကားပြောဆို ထုတ်ပြန်ပြီး သူတို့ဟာ ပညာရေးရှေးရှု လမ်းစဉ်သစ်ဖောက်လုပ်ဖို့ ပြောင်းလဲဆုံးဖြတ်ပြီး အင်ဒိုနီးရှားအစိုးရ ရင်ခွင်မှာ ပြန်ခိုလှုံမယ်။ အစွန်းရောက် အစ္စလာမ္မစ်ဝါဒစွဲကိုင် အကြမ်းဖက်ခြင်းက အောင်မြင်မယ့်လမ်းစဉ် မဟုတ်လို့ စီနီယာခေါင်းဆောင် ၁၆ ယောက် သဘောတူညီချက်နဲ့ JI အဖွဲ့ကို ဖျက်သိမ်း လိုက်ပြီလို့ ကြေညာသွားခဲ့ပါတယ်။ အဖွဲ့ဖျက်သိမ်းခြင်းနဲ့အတူ

လင်းမောင်

၂၀၀၂ ခုနှစ်က ဘာလီဗုံးခွဲမှုလက်သည် အရှေ့တောင်အာရှရဲ့ ဩဇာကြီးလွန်းတဲ့ Salafi-jihadist ဝါဒစွဲ ဂျမားအစ္စလာမ္မစ်အဖွဲ့ကြီး မကြာသေးခင်ကပဲ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Salafi-jihadist ဝါဒ ဆိုတာက ဆွန်နီတွေရဲ့ ကိုယ့်ဘာသာမဝင်သူတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်တဲ့ အစွန်းရောက်ဝါဒကို ဆိုလိုတာ ဖြစ်ပါတယ်။ ဂျမားအစ္စလာမ္မစ်အဖွဲ့ (JI)ဘာသာရေးခေါင်းဆောင် သော်ရီကာဒင်က ဗီဒီယိုဖိုင်ကနေ စကားပြောဆို ထုတ်ပြန်ပြီး သူတို့ဟာ ပညာရေးရှေးရှု လမ်းစဉ်သစ်ဖောက်လုပ်ဖို့ ပြောင်းလဲဆုံးဖြတ်ပြီး အင်ဒိုနီးရှားအစိုးရ ရင်ခွင်မှာ ပြန်ခိုလှုံမယ်။ အစွန်းရောက် အစ္စလာမ္မစ်ဝါဒစွဲကိုင် အကြမ်းဖက်ခြင်းက အောင်မြင်မယ့်လမ်းစဉ် မဟုတ်လို့ စီနီယာခေါင်းဆောင် ၁၆ ယောက် သဘောတူညီချက်နဲ့ JI အဖွဲ့ကို ဖျက်သိမ်း လိုက်ပြီလို့ ကြေညာသွားခဲ့ပါတယ်။

အဖွဲ့ဖျက်သိမ်းခြင်းနဲ့အတူ လက်နက်ချတယ်။ အစိုးရအာဏာပိုင်တွေဆီ ဆီးရီးယားမှာ အစွန်းရောက် အကြမ်းဖက်ဖို့ သင်တန်းသွားတက်နေတဲ့သူတွေ နာမည်စာရင်း၊ သူတို့ အဖွဲ့ဝင်တွေရဲ့ စာရင်းကိုပါ အင်ဒိုနီးရှား အစိုးရဆီ ပေးအပ်ပြီး သူတို့အရင်ဖွင့်လှစ်ထားတဲ့ နိုင်ငံတစ်ဝန်းက အစွန်းရောက်စိတ်ဓာတ်ရိုက်သွင်းရာ စာသင် ကျောင်းပေါင်း ၆၀ ကိုလည်း အမျိုးသားသင်ရိုးညွှန်းတမ်းစံနှုန်းတွေ ပြန်လည်ပြောင်းလဲပြီး ဆက်လက် သင်ကြား ခွင့်ပြုဖို့ အင်ဒိုဘာသာရေးဝန်ကြီးဌာနနဲ့ လက်တွဲ လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေမြင့်တက်လာချိန် ISIS ရဲ့ အင်အားတိုးပွားလာမှုကာလတွေထဲ JI အဖွဲ့ဟာ အဖွဲ့ဝင်တပ်သားပေါင်းမြောက်များစွာကို အကြမ်းဖက်သင်တန်းပေးဖို့ Free Syrian Army၊ Jabhat an-Nusra၊ Ahrar as-Sham၊ Suquour al Izzနဲ့ Hayat Tahrir al Shams လက်နက်ကိုင်အဖွဲ့ တွေဆီ စေလွှတ်ခဲ့ကြပါတယ်။ နောက်ဆုံး ဆီးရီးယားရဲ့ ဆယ်လ်မာအရပ်မှာ JI အဖွဲ့ကိုယ်တိုင် သီးသန့်လေ့ကျင့်ရေးစခန်းတောင် ဖွင့်လှစ်နိုင်တဲ့ အထိ လက်တံရှည်ခဲ့တယ်။ ဒါကြောင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ အင်အားသုံးပြီး JI လှုပ်ရှားမှုတွေကို အမြစ်ဖြတ် ချေမှုန်းခဲ့တယ်။ ဒီကာလတွေအတွင်း JI ထိပ်တန်းခေါင်းဆောင်တွေ ထောင်ကျနေချိန်ရော ထောင်က လွတ်ပြီးထွက်ခွာသွားသူတွေကိုပါ အင်ဒိုအစိုးရက အကြမ်းဖက်မှုတန်ပြန်အထူးတပ် Densus 88 ကို အရာရှိ ၈၈ ယောက်နဲ့ ဖွဲ့စည်းထူထောင်ပြီး ညှိနှိုင်းမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ JI ရဲ့ အနာဂတ် ဆက်လက်ရှင် သန်းရေးကို ရှေးရှုခွင့်ပြုခဲ့ပြီး အကြမ်းဖက်အစွန်းရောက်မူဝါဒကို စွန့်လွှတ်ရပ်တည်မလားလို့ စည်းရုံးသိမ်းသွင်း ရင်း အောင်မြင်ခဲ့ပြီး JI အဖွဲ့ကို ပြီးခဲ့တဲ့ နွေက ဖျက်သိမ်းဖို့ သဘောတူညီချက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဖျက်သိမ်းပေးခြင်းနောက်ကွယ်မှာ JI ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများစွာနဲ့ သူတို့ပိုင် အခြေခံအဆောက်အအုံ တွေကိုပါ ဆက်လက်ဖွင့်လှစ် အသုံးချခွင့်လည်းပေးခဲ့ပြီး ကျင့်သုံးမှု မူဝါဒမှာ အစွန်းရောက်အကြမ်းဖက်မှုကို စွန့် လွှတ်စေခဲ့တာမျိုးဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မျိုးဆက်မျိုးစုံကို မိသားစုချစ်နှောင်မှု၊ ထိမ်းမြားလက်ထပ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ အတွေ့အကြုံဖလှယ်မှု၊ မျိုးဆက်ချင်းပညာလက်ဆင့်ကမ်းမှု၊ စီးပွားရေးဆက်စပ်အားဖြည့် ပေးမှု စတာတွေကို အစွန်းရောက် ဝါဒ စွန့်လွှတ် အစိုးရ မူဝါဒလိုက်နာတဲ့ အစ္စလာမ္မစ် လူမှုအသိုင်းအဝိုင်း အဖြစ် ဆက်လက်ရှင်သန်နိုင်ရေး အစွန်းရောက်အကြမ်းဖက် မူဝါဒကို စွန့်လွှတ်လိုက်တာပဲဖြစ်ပါတယ်။

အဖွဲ့အစည်းရဲ့ ၁၆ နှစ်ကြာ ကျင့်သုံးခဲ့တဲ့ အကြမ်းဖက်ခြင်းမူဝါဒတွေကို ပြန်လှန်သုံးသပ်ရင်း နည်းဗျူဟာ၊ မဟာဗျူဟာအားလုံး အကြမ်းဖက်နည်းလမ်းစွန့်လွှတ်ဖို့ ဖြစ်တည်လာခဲ့တာလို့လည်း JI အဖွဲ့က ဆိုပါတယ်။ ဂျကာတာအခြေစိုက် NGO အဖွဲ့အစည်းဖြစ်တဲ့ ပဋိပက္ခမူဝါဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအင်စတီကျု (IPAC)က JI ဟာ အင်ဒိုနီးရှား မွတ်ဆလင်အသိုင်းအဝိုင်းရဲ့ အကြမ်းဖက်မှုအပေါ် လုံး၀မထောက်ခံမှုကို ရှင်းလင်းစွာသိရပြီး ဒီလိုထောက်ခံမှုမရှိတော့ဘဲ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့မှန်း သိသွားလို့ အဖွဲ့ကို ဖျက်သိမ်း လိုက်တာဖြစ်ကြောင်း သုံးသပ်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ နိုင်ငံရေးအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှု သုတေသနစင်တာ (ICPVTR) နဲ့ ပူးပေါင်းအဖွဲ့တစ်ခုဖြစ်တဲ့ Alif Satria အဖွဲ့ကလည်း JI အဖွဲ့ဟာ အသွင်းကူး ပြောင်းကာလမှာ အစိုးရအသိအမှတ်ပြု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှုနည်းလမ်းအတိုင်း ကျင့်သုံး တာတွေပါ လိုက်နာလုပ်ဆောင်ခြင်းနဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာ အဖွဲ့ဝင်တွေကို မဲပေးခွင့်ပါ ပြန်လည် ပေးအပ် လိုက်လျှောခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ JI အဖွဲ့ စီနီယာခေါင်းဆောင်တစ်ယောက်က သူတို့အဖွဲ့ဟာ နိုင်ငံ တော်နဲ့ပြန်လည်သင့်မြတ်စေတဲ့ ရင်ကြားစေမှုမှာ နောက်ကွယ်က အတွေးအခေါ်ပိုင်းဆိုင်ရာ မျှတမှုတွေကို လက်ခံခဲ့တာနဲ့အမျှ အကြမ်းဖက်အဖွဲ့အစည်းကို ဖျက်သိမ်းလိုက်တာလို့ ပြောသွားတယ်။ သူ့ပြောစကားမှာ JI ဟာ နိုင်ငံတော်နဲ့ စစ်ခင်းလို့မရနိုင်တဲ့ အရှိတရားကို လက်ခံသဘောပေါက်ကတည်းက အချိန်အတော်ကြာယူပြီး သူတို့ဟာ အစိုးရနဲ့ ရန်သူမဖြစ်နိုင်၊ နိုင်ငံအပေါ် သစ္စာမဲ၊ အစ္စလာမ်မဲ့တွေအဖြစ်နဲ့ ပညာမဲ့နဲ့ ပညာတတ်ကြား အသိ နက်နဲနေတာမဖြစ်သင့်လို့ ဘုတ်အဖွဲ့က အဖွဲ့အစည်းဟောင်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်တာဖြစ်ကြောင်း ရှင်းပြမှု လည်း လုပ်ခဲ့တယ်။

အင်ဒိုနီးရှား အကြမ်ဖက်မှုတန်ပြန်ရေး အထူးအဖွဲ့ Densus 88 နဲ့ ဘာသာရေးဝန်ကြီးဌာနတွေ ပူးပေါင်းပြီး JI တွေကို နိုင်ငံ မွတ်ဆလင်လူမျိုး အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်လာနိုင်အောင်လည်း အကူအညီပေးခြင်း၊ ကလေးငယ်တွေကိုပါ ကောင်းမွန်တဲ့လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်လာနိုင်ဖို့ အာမခံပေးခြင်းနဲ့ JI အဖွဲ့ အလင်းထဲ ပြန်ဝင်ရောက်လာနိုင်အောာင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကတော့ အရှေ့တောင်အာရှဒေသတွေ၊ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ သက်ရောက်မှု ကြီး ကြီးမားမားရှိလာတယ်။ ဒီ အလင်းထဲဝင်ရောက်မှုကို လက်မခံတဲ့ အကြမ်းဖက်အစွန်းရောက်အဖွဲ့ဝင်တွေက တော့ တခြားသော အစွန်းရောက်အဖွဲ့တွေဆီ သွားရောက်ပူးပေါင်း‌ပြီး ဒေသတွင်း လုံခြုံရေးတွေကို တိုးမြှင့် စိန် ခေါ်လာခြင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို သွားပြီး အစွန်းရောက် အစ္စလာမ္မစ်ဝါဒ လက်ကိုင်ထားအဖွဲ့တွေနဲ့ သွားပေါင်းခဲ့ကြပါတယ်။ ဒီလိုအဖွဲ့တွေဟာ လူနည်းစုသော ဘာသာခြားတိုင်းရင်းသားတွေကို ဦးတည်ပြီး စနစ် တကျ တိုက်ခိုက်အကြမ်းဖက်မှုတွေ လုပ်လာရာမှာ မတူကွဲပြားတဲ့ အဖွဲ့အစည်းပေါင်းစုံထဲ ပူးပေါင်းကွဲထွက် သွားလို့ ရင်းမြစ်ကိုလိုက်ဖို့ကလည်း ပိုပြီး ခက်ခဲသွားရပါတယ်။

တစ်ဖက်မှာ လမ်းမှန်ရွေးချယ်ခဲ့တဲ့ JI အဖွဲ့ဝင်တွေဟာ ပညာရေးကို ဗဟိုပြု၊ အစွန်းရောက်ဝါဒနဲ့ အင်အားစု ဆောင်းခြင်းကို လျှော့ချသွားနိုင်ချိန်မှာ တစ်ဖက် ဘင်္ဂလားအခြေစိုက် အစွန်းရောက်အကြမ်းဖက်ဝါဒစွဲ Ansarullah Bangla Team (ABT) နဲ့ Neo-JMB အဖွဲ့တွေရဲ့ အင်အားကလည်း အယ်လ်ခိုင်းဒါးနဲ့ ISIS တွေအတိုင်း ကမ္ဘာလုံးဆိုင်ရာ jihadist လှုပ်ရှားမှုမှာ ပိုပြီး အားကောင်း ခြိမ်းခြောက်လာနိုင်ပါတယ်။ အစွန်းရောက်အတွေး အခေါ်ပိုင်းနဲ့ တပ်ဖွဲ့ဝင်အင်အား ဆက်လက်စုဆောင်နိုင်မှုတွေ ရှိလာပြီး အင်ဒိုနီးရှားနိုင်ငံထဲမှာ ရှိပြီး အလင်း ထဲမဝင်လိုတဲ့ JI အဖွဲ့ဝင်ဟောင်းတွေကို ပစ်မှတ်ထား ပြန်လည်စည်းရုံးခြင်းကနေ အနာဂတ်မှာ ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်တွေ ဩဇာလွှမ်းမိုးတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့သစ်တွေလည်း ထပ်မံ ပေါ်ပေါက်လာဖို့ ရှိနေပါတယ်။

အင်ဒိုနီးရှားအစိုးရအဓိကဦးဆောင်တဲ့ အရှေ့တောင်အာရှအစိုးရတွေရဲ့ မဆုတ်မနစ်သော အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး စစ်ဆင်ရေးတွေဟာ ဂုဏ်ပြုထိုက်တဲ့အနေအထားရှိပြီး JI အဖွဲ့ ပြိုလဲခြင်းဆိုတဲ့ အသီးအပွင့် ကောင်းကို ခံစားရစေပါတယ်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်ရာမှာ ပြည်သူ့ရွေး ကောက်ခံ နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့တဲ့ ရှိတ်ခ်ဟာဆီနာအစိုးရ လူထုက ဖြုတ်ချလို့ ပြုတ်ကျသွားတာ ကောင်းမွန် တဲ့ အလားအလာလို့ ထင်မြင်ကြရပေမယ့် အစွန်းရောက်အစ္စလာမ္မစ်တွေကို နှိမ်နင်း၊ နိုင်ငံစီးပွားရေးနဲ့ တည်ငြိမ် ရေးကို တည်ဆောက်နိုင်ခဲ့မှုတွေဟာ အခုတော့ အစ္စလာမ္မစ်အစွန်းရောက်တွေ နိုင်ငံရေးနယ်ပယ်သစ်ကို ဦးဆောင်ဖို့ဖြစ်တည်လာမှုကလည်း ဆိုးရွားတဲ့ အကျိုးဆက်အဖြစ် ချဉ်းနှင်းဝင်ရောက်လာနေပါပြီ။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ ဟာဆီနာအတိုက်အခံတွေဟာ ယာယီအစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် ယူနွတ်စ်ကို ထားရှိပြီး ကြားဖြတ်အစိုးရဖွဲ့ဖို့ စီစဉ်နေရာမှာ ယူနွတ်စ်ဟာ အစ္စလာမ္မစ် အစွန်းရောက်ဝါဒီတစ် ယောက်ဖြစ်လို့ အစွန်းရောက် အစ္စလာမ္မစ်တွေ ပြန်ခေါင်းထောင်လာခြင်းနဲ့အတူ နိုင်ငံတစ်ဝန်း နေရာများစွာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အုံကြွလာနေပြီဖြစ်ပါတယ်။ ဟာဆီနာဆိုတဲ့ သံမဏိလေဒီ နှိမ့်ကွပ်ခဲ့မှုတွေကို အစွန်းရောက် အစ္စလာမ္မစ်တွေက လက်စားချေမှုအဖြစ် ဟိန္ဒူအသိုင်းအဝိုင်းတွေအပေါ် အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အစွန်းရောက် အစ္စလာမ္မစ်တွေဟာ ထင်ရှားတဲ့ ၂၀၁၆ Holey Artisan ကော်ဖီဆိုင် အကြမ်းဖက် တိုက်ခိုက်မှုက စပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစွန်းရောက်ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်လာတယ်။ အကြမ်း ဖက် အစ္စလာမ္မစ်အဖွဲ့တွေဟာ လူသူလက်နက်စုဆောင်းပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတော့ ဟာဆီနာအစိုးရဟာ ဒီလိုဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို မြေလှန်ချေမှုန်းမှုတွေ လုပ်ဆောင် ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဟာဆီနာဖြုတ်ချရေး တစ်နိုင်ငံလုံး အုံကြွဆူပူမှုမှာ ဒီ အစွန်းရောက်အဖွဲ့တွေဟာ ထောင် တွေကိုဖောက်ပြီး အကျဉ်းချထားတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့ဝင်ပေါင်း ရာချီကို လွတ်မြောက်စေခဲ့တယ်။ ဒီအထဲမှာ အိန္ဒိယနိုင်ငံ နယ်မြေတွေကိုပါ ဝါးမြိုလိုနေတဲ့ အစ္စလာမ္မစ်အစွန်းရောက် ခေါင်းဆောင်တွေလည်း လွတ်မြောက်သွားခဲ့တယ်။

ဒါကြောင့်ပဲ့ ဒီကနေ ဘင်္ဂလားဒေ့ရှ် စစ်တပ်တင်မြှေက်တဲ့ ယာယီအစိုးရဟာ နိုင်ငံတော် ဥပဒေတည်မြဲမှု၊ စီးပွား ရေးတိုးတက်ကောင်းမွန်လာမှုတွေကို လုပ်ဆောင်ဖို့နေနေသာသာ အင်အားအလုံးအရင်းနဲ့ ဖျက်လိုဖျက်ဆီး အကြမ်းဖက်နေမှုတွေကိုတောင် မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေရပါပြီ။ အစ္စလာမ္မစ် ပြန်လည်ရှင်သန်လာမှုဟာ ဘင်္ဂလားဒေ့ရှ်မှာ ပြင်းထန်သော တရားဥပဒေစိုးမိုးရေးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပါပြီ။ တကယ်လို့ အစ္စလမ်အစွန်းရောက်တွေဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆက်လက်အာဏာတည်နေရင် အကျိုးဆက်ကတော့ အစ္စလမ္မစ်အစွန်းရောက်ဝါဒနဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒ အပါအဝင် အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်စေပြီး နိုင်ငံစီးပွားရေးပျက်ပြားမှု၊ ပျက်ယွင်းတဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖြစ်တည်လာ စေမှာ မလွဲပါဘူး။ အစ္စလာမ္မစ်ထောက်ခံ မိုဟာမက်ယူနွတ်ဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ ကြောင့် ဒီလိုတွေ ဖြစ်လာခဲ့ရင် အစွန်းရောက် အစ္စလာမ္မစ်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှနိုင်ငံ တွေအထိပါ ကူးစက် ပျံ့နှံ့ထိန်းချုပ်ရခက်တဲ့ အနေအထားဖြစ်လာနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစွန်းရောက် အစ္စလာမ္မစ်ပြဿနာဟာ ပြည်ပကို ကူးစက်စေကြောင်း Holey Artisan ကော်ဖီဆိုင် အကြမ်းဖက်တိုက်ခိုက်ခံရမှုက ထင်ထင်ရှားရှားသက်သေပြနေပါတယ်။ တရားခံထဲမှာ မလေးရှား Monash တက္ကသိုလ်မှာ တက်ရောက်နေသူ ကျောင်းသား နှစ်ယောက်ပါဝင်ခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာလည်း စင်ကာပူ တရား ရုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အကြမ်းဖက်တိုက်ခိုက်မှုမှာ ဘဏ္ဍာရေးထောက်ပံမှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄ ယောက်ကို ထောင်ဒဏ် ၂၄ လကနေ လ ၆၀ ကြား ပြစ်ဒဏ်တွေ ချမှတ်ခဲ့ရပါသေးတယ်။ ၂၀၁၈ ဇွန်လမှာလည်း ဩစတြေးလျရဲတပ်ဖွဲ့ဟာ ဘင်္ဂလား-ဩစတြေးလျသား နိုဝေါ့ဇ်အာမင်ကို အကြမ်းဖက်မှု ဥပဒေ နဲ့ အရေးယူခဲ့တယ်။ နိုဝေါ့ဇ်ဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖော်ဆောင်ဖို့ လုပ်ဆောင်နေ တာ စုံစမ်းသိရှိလို့ ဖမ်းဆီးအရေးယူခဲ့တာပါ။

စင်ကာပူမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများစွာဟာ ဝင်ငွေရှာဖွေ မှုကနေ ဂျီဟက်ဒ်အတွေးအခေါ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ ထောက်ပို့ လုပ် နေကြလို့ နေရပ်ပြန်ပို့ခဲ့ရသူတွေ အများအပြားရှိနေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ဩစတြေးလျမှာ ဘင်္ဂလား ဒေ့ရှ်သူ အမျိုးသမီးဟာ ISIS ဝါဒလွှမ်းမိုးခံရပြီး ဩစတြေးလျအမျိုးသားတစ်ယောက်ကို ဓားနဲ့ ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့ပါသေတယ်။ ဒါတွေက ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်တဲ့ အစွန်းရောက် အစ္စလာမ္မစ်ဝါဒီ စိုးမိုးခြိမ်းခြောက် မှုတွေအဖြစ် ကွက်ကွက်ကွင်းကွင်းမြင်ရပါတယ်။

ဘင်္ဂလားဒေ့ရှ်က အစ္စလာမ္မစ်တွေရဲ့ ရည်မှန်းချက်ဟာ သူတို့ရဲ့ အစွန်းရောက်မူဝါဒ အရှေ့တောင်အာရှတစ်ခုလုံး ကို ဖြန့်ကျက်နိုင်ဖို့ဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ငန်းတွေလုပ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ထဲသွားရောက်ပြီး သင်တန်း တက်ဖို့ စစ်သွေးကြွတွေကို အားပေးဖို့ ပြည်တွင်းအစွန်းရောက်အကြမ်းဖက်အဖွဲ့တွေ (VEOs) နဲ့ နယ်စပ်ဖြတ် ကျော် အစွန်းရောက်အကြမ်းဖက်တာဝန်တွေ ဖော်ဆောင်ဖို့ VEO တွေကနေ စစ်သားစုဆောင်းရေးလုပ်ငန်းတွေ ကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

အားလုံးကိုယျေဘုယျအားဖြင့် တွက်ဆရရင် JI အဖွဲ့ ဖျက်သိမ်းလိုက်ခြင်းဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒေသတွင်းလုံခြုံမှု ရေရှည်တည်တံနိုင်ရေးမှာတော့ ဆက်လက်ပြီး သတိ၀ိရိယအပြည့်နဲ့ ပြည့်စုံတဲ့ ဗျူဟာတွေ ချမှတ်လုပ်ဆောင်ဖို့ကတော့ လိုအပ်နေဦးမှာပါ။ အိမ်နီးခ်ျင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟာဆီနာအစိုးရပြုတ်ကျသွားပြီးနောက် အစ္စလာမ္မစ် နိုင်ငံရေးအဖွဲ့အစည်းတွေ အားကောင်းလာတာနဲ့အမျှ သူတို့ရဲ့ အစွန်းရောက် အစ္စလာမ္မစ်အတွေးအခေါ်တွေ ပြန်လည် သက်ဝင်အားကောင်းလာခြင်းဟာ အန္တရာယ် တစ်ခုဖြစ်ပါတယ်။ VEOs တွေက အင်အားစုဆောင်မှု၊ အသေးစား အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်လာနေကြပြီး ပိုမိုကြီးမားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်အကောင်အထည်ဖော်နိုင် အောင် ပြင်ဆင်နေကြပြီ ဖြစ်ပါကြောင်း . . .။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now