ဆောင်းပါး

ကမ္ဘောဒီးယားမှာ အခြေစိုက်ပြီး ရေတပ်ချဲ့တွင်မှုလုပ်နေတဲ့ တရုတ်

မဲခေါင် 11 Sep - 2024
မကြာသေးခင်က RFA သတင်းမှာ ဖော်ပြပါရှိချက်ကတော့ တရုတ်ဟာ ကမ္ဘောဒီးယားကို ရေတပ်သင်္ဘော ၂ စီး ပေးဖို့ သဘောတူလိုက်ကြောင်း ကမ္ဘောဒီးယားပြည်တွင်း သတင်းရင်းမြစ်အရ သိရတယ်လို့ ဆိုတယ်။

လင်းမောင်

မကြာသေးခင်က RFA သတင်းမှာ ဖော်ပြပါရှိချက်ကတော့ တရုတ်ဟာ ကမ္ဘောဒီးယားကို ရေတပ်သင်္ဘော ၂ စီး ပေးဖို့ သဘောတူလိုက်ကြောင်း ကမ္ဘောဒီးယားပြည်တွင်း သတင်းရင်းမြစ်အရ သိရတယ်လို့ ဆိုတယ်။ ဒါနဲ့ တစ်ဆက်တည်းမှာပဲ ကမ္ဘောဒီးယားရေပိုင်နက် ထိုင်းပင်လယ်ကွေမှာ လေယာဉ်တင်သင်္ဘောတွေပါ ဆိုက်ကယ် နိုင်မယ့် ရေနက်ဆိပ်ကမ်းတစ်ခုကို တရုတ်ရေတပ်သား ၁၀၀ ကျော်အသုံးပြုပြီး အပူတပြင်း တည်ဆောက်မှု လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်းလည်း သိရှိရတယ်။

Ream ရေတပ်စခန်းမှာ တည်ဆောက်ပြီး ကမ္ဘောဒီးယားကမ်းရိုးတန်းဒေသမှာပါ တရုတ်ရေတပ်ပိုမို လှုပ်ရှားအခြေစိုက်ဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘောဒီးယား ကို သင်္ဘော ၂ စီး ပေးခဲ့တာမျိုးပါပဲ။ စက်တင်ဘာလကုန်လောက်မှာ လက်လွှဲပေးဖို့နဲ့ ဆိပ်ကမ်းလည်း အပြီး တည်ဆောက်ဖို့ လုပ်ဆောင်နေရာမှာ ကမ္ဘောဒီးယားလုပ်သားတွေကို မခေါ်ဘဲ တရုတ်လုပ်သားသီးသန့်နဲ့ တည် ဆောက်နေတာဖြစ်တယ်လို့ EurAsian Times သတင်းရင်းမြစ်မှာလည်း ဖော်ပြခဲ့တယ်။

၂၀၂၄ ဇန်နဝါရီလထဲ ဖော်ပြချက်အရ ဒီဆိပ်ကမ်းဟာ တည်ဆောက်မှုများစွာ လုပ်ဆောင်မှာဖြစ်ပြီး လမ်းတွေ လည်း ဖောက်လုပ်ထားတယ်။ ဆီတန်ကာကြီးတွေလည်း ထားရှိပြီး တရုတ် သင်္ဘောတွေအတွက် ဆီလိုအပ်ချက် ကို ဒီမှာအခြေစိုက်လို့ လေယာဉ်တင်သင်္ဘောပါ ဆိုက်ကပ်နိုင်စေမယ့် အခြေခံအဆောက်အအုံတွေကို အခိုင် အမာတည်ဆောက်နေတာ တစ်နှစ်လောက်ရှိပြီလို့ ဆိုတယ်။ အမေရိကန် Black Sky ကုမ္ပဏီရဲ့ ဂြိုဟ်တုက ရိုက် ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရလည်း ဒီအတည်ပြုမှုကို ငြင်းဆန်လို့ မရနိုင်ပါဘူး။

၂၀၂၃ ဇူလိုင်လက ဂြိုဟ်တု ဓာတ်ပုံတွေအရကို Ream ရေတပ်အခြေစိုက်စခန်းကြီးဟာ တည်ဆောက်လို့ ပြီးစီးလုအနေအထားကို မြင်ရပါ တယ်။ Djibouti မှာ တရုတ်စစ်တပ် အသုံးပြုခဲ့တဲ့ ရေတပ်အခြေစိုက် စစ်စခန်းနဲ့လည်း ဆင်တူပါတယ်။ ဒီအဆို တွေကို RFA ကလည်း အခိုင်အမာ ဆက်လက်ထောက်ပြတယ်။ လေယာဉ်တင်သင်္ဘောဆိုက်ကပ်ရပ်နားမှုကိုပါ လုပ်ဆောင်ဖို့ တည်ဆောက်ထားတာဖြစ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး ရေတပ်မတော်ဟာ ဘင်္ဂလား ပင်လယ်အော်ထဲမှာပါ အခြေစိုက်ပြီး ဒေသတွင်း အာဏာသက်ရောက်နိုင်မှုကို ချဲ့တွင်မှုအဖြစ် ရှုမြင်နိုင်ပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ တရုတ်နဲ့ ကမ္ဘောဒီးယားအကြား တရုတ်ဘက်က စစ်သင်္ဘော ၂ စီးပေးပြီး တရုတ်အခြေစိုက် ရေတပ်စခန်း အခြေခံအဆောက်အအုံတွေကို ကမ္ဘောဒီးယားဘက်ကလည်း အသုံးပြုခွင့် ရမယ်။ အနောက်နိုင်ငံတွေက သင်္ဘောတွေကိုတော့ ဆိုက်ကပ်အသုံးပြုခွင့်မပြုဖို့ ကတိပြုထားတယ်။ ဒီ စွပ်စွဲ မှုတွေသာ မှန်ကန်ရင် မဝေးတဲ့ အနာဂတ်မှာ တရုတ်လေယာဉ်တင်သင်္ဘောတွေ ဆိုက်ကပ်ရပ်နားမယ့် ရေတပ် အခြေစိုက်စခန်းကြီး ကမ္ဘောဒီးယားရေပိုင်နက်ထဲ တည်ရှိလာတော့မှာ သေချာပါပြီ။

RFA သတင်းထောက်ကိုယ် တိုင် ဒီဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်နားသွားလေ့လာတော့ အဆောက်အအုံသစ်တွေ၊ မြေသယ်ကားတွေ၊ ကရိန်းတွေနဲ့ လုပ်ငန်းခွင်ကို တွေ့ရတဲ့အပြင် ကမ္ဘောဒီးယားကို တရုတ်က ပေးမယ့် သင်္ဘော နှစ်စီးပါ ဆိုက်ကပ်ရပ်နားထားတာ တွေ့ရှိခဲ့ရပါတယ်။

EurAsian Times သတင်းဖော်ပြမှုမှာ ဒီသင်္ဘော နှစ်စီး ဆိုက်ကပ်ထားတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းကလို့ ပါရှိတယ်။ ဧပြီလအတွင်းက ဂြိုဟ်တုဓာတ်ပုံအရ ဒီသင်္ဘော ၂ စီးလုံးဟာ ဘယ်မှ မခုတ်မောင်းဘဲ ဆိပ်ကမ်းမှာ ကပ်ထားတာ ၅ လလုံးလုံးဖြစ်တယ်လို့ သိရတယ်။ သင်္ဘောအမျိုးအစားက တရုတ်ပြည်သူ့လွတ်မြောက်ရေး ရေတပ်မတော် Type 056A ဒုံးကျည်တင်ဆောင်နိုင်တဲ့ ကိုယ်ထည်အမှတ် ၆၃၀ နဲ့ ၆၃၁ သင်္ဘောတွေဖြစ်တာ သိရှိ ရတယ်။

ကမ္ဘောဒီးယား ရေတပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒီဆိပ်ကမ်းနဲ့ သင်္ဘော ၂ စီးစလုံး တရုတ် ဘက်က လွှဲအပ်ထားပြီး သင်္ဘော မောင်းနှင်အသုံးပြုမှုတွေကို တရုတ် ရေတပ် ကျွမ်းကျင်သူတွေက ကမ္ဘောဒီးယားရေတပ်သားတွေကို သင်တန်းပေးနေခဲ့တာဖြစ်တယ်။

ကမ္ဘောဒီးယားဘက်ကတော့ Ream ဆိပ်ကမ်းကို တရုတ်ပြည်သူ့လွတ်မြောက်ရေး ရေတပ်မတော် အသုံးပြုမယ် ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ဒီဆိပ်ကမ်းမှာ တရုတ်ရဲ့ မဟာရန်သူတော် အထူးသဖြင့် အမေရိကန်ကို အသုံးပြုခွင့်မပေးဘူးဆိုတာကိုတော့ မတင်မကျနဲ့ ငြင်းဆိုခြင်းမပြုလုပ်ပါဘူး။ အမေရိကန်ဘက် ကတော့ Ream ဆိပ်ကမ်းဟာ အင်ဒို-ပစ္စိဖိတ်ဒေသမှာ တရုတ်ရဲ့ ပထမဆုံးသော ရေတပ်အခြေစိုက်စခန်းဖြစ် တယ်ဆိုပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်တယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နဲ့ ကမ္ဘောဒီးယားဟာ ဒီဆိပ်ကမ်းကြီး ကို ပိုမို ဖွံ့ဖြိုးတိုးတက်ဖို့ တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်လုပ်ဆောင်နေခဲ့ကြတယ်။ ဆိပ်ကမ်းဟာ မဟာဗျူဟာကျတဲ့ ထိုင်းပင်လယ်ကွေးမှာရှိနေခြင်းဟာ တောင်တရုတ်ပင်လယ်နဲ့ ထွက်ပေါက်အဖြစ် အသုံးပြုဖို့ တတရုတ်ရဲ့ ရည်မှန်းချက်ကို ထင်သာမြင်သာ ရှိစေပါတယ်။ တရုတ်ရဲ့ ထောက်ပံ့လုပ်ဆောင်မှုနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ် ရေတပ်ဆိပ်ကမ်းကြီး အခြေ စိုက်ထားခြင်းက အနောက်ရန်သူတော်နိုင်ငံတွေအတွက် စိုးရိမ်ပူပန်စရာဖြစ်လာပါတယ်။

မလက္ကာရေလက်ကြား သင်္ဘောတူးမြောင်းလမ်းဟာ အမေရိကန်နဲ့ မဟာမိတ်သင်္ဘောတွေအတွက် အရမ်းအရေးပါတဲ့ နေရာဖြစ်နေပြီး ဒီ ရေလမ်းကြောင်းကိုပါ တရုတ်က Ream ဆိပ်ကမ်းကြီး တည်ဆောက်ပြီး ထိန်းချုပ်လာမှာကို စိုးရိမ်ရတာဖြစ်တယ်။ တောင်တရုတ်ပင်လယ် ပဋိပက္ခကို တရုတ်ဘက်က အပိုင်ထိန်းချုပ်နိုင်ရေး မလက္ကာရေ လက်ကြားကိုပါ ပိတ်ဆို့လိုက်မယ်ဆိုရင် မဟာဗျူဟာအရ အများကြီး အသာစီးရသွားမှာ သေချာပါတယ်။

ရန်ဘက်တွေအတွက် စစ်ကူလာရာ လမ်းကြောင်းကို အဟန့်အတားဖြစ်စေမယ်။ တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်တဲ့ ရေယာဉ်စုတွေ အင်အားဖြည့်ပြီး ကမ္ဘာလုံးဆိုင်ရာ အခြေစိုက်စခန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ မရနိုင်အောင် အဟန့်အတားအဖြစ် Ream ဆိပ်ကမ်းကို အသုံးချ ဖို့ ရည်ရွယ်ထားပုံရပါတယ်။ အင်ဒို-ပစ္စိဖိတ်ဒေသမှာ ဒီလို တရုတ်အပိုင် ဆိပ်ကမ်းကြီးတည်ဆောက်ထားနိုင် ခြင်းဟာ အင်မတန်မှ အရေးပါတဲ့ မဟာဗျူဟာ စီမံကိန်းတစ်ခုပါပဲ။

Djibouti ပြီးရင် Ream ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် ပြည်ပအခြေစိုက် ရေတပ်စခန်းကြီးအဖြစ် အသွင်းပြောင်းသွားမှာပဲလို့ အမေရိကန်ဘက်က ကောက်ချက်ချတယ်။ တရုတ်နဲ့ ကမ္ဘောဒီးယား စစ်တပ်နှစ်ခု ပူးပေါင်းဆောင်ရွက်ခြင်းဟာ သမိုင်းအဆက်ဆက်ကို တည်ရှိခဲ့တာပါ။ သူတို့နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်နေမှုတွေက သက်သေပါပဲ။ ကမ္ဘောဒီးယားစစ်တပ်ကတော့ သူတို့ရဲ့ စစ်အင်အားတိုးချဲ့နိုင်ခြင်းသက်သက်ဖြစ်တယ်လို့ Ream ဆိပ်ကမ်းကို ညွှန်းဆိုပြောကြားပေမယ့် အမေရိကန်နဲ့တောင်တရုတ်ပင်လယ် ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေကတော့ ဒီတရုတ်ဆိပ်ကမ်းကြီးကို မျက်စေ့ဒေါက်ထောက်ကြည့်နေကြရပါပြီ။

ကမ္ဘောဒီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာကိုက ပြည်ပ အခြေစိုက်စခန်းတွေ သူ့နိုင်ငံထဲ အထိုင်ချခွင့်ကို ပိတ်ပင်ထားပေမယ့် အခုလို နေချင်းညချင်း တရုတ်တည်ဆောက်ပေးတဲ့ ရေနက်ဆိပ်ကမ်းကြီး တည်ရှိလာခြင်းကတော့ ကမ္ဘောဒီးယားအကျိုးစီးပွား သက်သက် မဟုတ်တာ သေချာနေခဲ့ပါကြောင်း . . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now